Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 14 January 2013

ဘူတန်နိုင်ငံသို့ ဆရာဝန်များ စေလွှတ်ရန်ရှိ


ဘူတန်နိုင်ငံ၊ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ကမ်းလှမ်းမှု အရ ပြည်တွင်းမှ အထူးကု ဆရာဝန်တွေကို ဘူတန် နိုင်ငံသို့ ပြင်ပ ၀န်ထမ်း စည်းကမ်းချက်နဲ့စေလွှတ်ဖို့
ရှိတယ်လို့ ကျန်းမာရေး ၀န်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်များ အရ သိရပါတယ်။ ဒီလို စေလွှတ်ဖို့အတွက် လက်ရှိမှာ သွားရောက် လိုတဲ့ ဆရာဝန်တွေကို လျှောက်လွှာတွေ ခေါ်ယူ ထားတာ ဖြစ်ပါတယ်။ အဲ့ဒီလို လျှောက်လွှာ ခေါ်ယူရာ မှာတော့ အထူးကု ဘာသာရပ် များဖြစ်တဲ့ အထွေထွေ ဆေးပညာ၊ သားဖွားမီးယပ် ပညာ၊ ခွဲစိတ်ကုပညာ၊ ကလေးဆေးပညာ၊ မေ့ဆေးပညာ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါပညာ စတဲ့ ဘာသာရပ် တွေကို အဓိက ခေါ်ယူ ထားတာ ဖြစ်ပါတယ်။

အဆိုပါ ခေါ်ယူမှု အတွက် လျှောက်ထား လိုသူတွေဟာ ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ အသက် ၅၀ ထက်မကြီးသူဖြစ်ဖို့ လိုအပ်ပြီး အဲ့ဒီလို လျှောက်ထား ရာမှာ နိုင်ငံ့ဝန်ထမ်း ဆရာဝန်တွေလည်း လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။ လိုအပ်တဲ့ အရည်အချင်းတွေ အနေနဲ့ကတော့ ဆေးပညာ မဟာသိပ္ပံဘွဲ့ရပြီး လက်ထောက် အထူးကု ဆရာဝန်၊ အထူးကု ဆရာဝန်နဲ့ ကထိက၊ လက်ထောက် ကထိက ရာထူးရှိတဲ့ နိုင်ငံ့ဝန်ထမ်း ဖြစ်ရမှာ ဖြစ်ပါတယ်။

အခုလို လျှောက်ထား လိုသူတွေဟာ သက်ဆိုင်ရာ ဌာနရဲ့ အကြီးအကဲက တစ်ဆင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ထံကို ဇန်န၀ါရီလ ၁၈ ရက်နေ့ နောက်ဆုံး ထားပြီး လျှောက်လွှာနဲ့ အတူ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထား တွေကို ဓာတ်ပုံ ၅ ပုံနဲ့ပူးတွဲပြီး လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့