Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 13 January 2013

ညနေပိုင်း ပြည်တွင်း သတင်း အစီအစဉ်များအား အချိန်ပြောင်းလဲ ထုတ်လွှင့်လျက်ရှိ


မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ပြသ ထုတ်လွှင့် လျက်ရှိတဲ့ ညနေပိုင်း ပြည်တွင်း သတင်း အစီအစဉ်များကို အချိန်ပြောင်းလဲ ထုတ်လွှင့် လျက်ရှိတယ်လို့
သက်ဆိုင်ရာ ဌာနရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ အခုလို အချိန်ပြောင်းလဲ ထုတ်လွှင့်ရာမှာ ပြည်တွင်း သတင်း များကို ညနေ ၆ နာရီမှ ၆း၁၅ အထိ လည်းကောင်း၊ ညနေ ၇ နာရီမှ ၇း၁၀ ထိ လည်းကောင်း၊ ည ၈ နာရီမှ ၈း၁၅ မိနစ် ထိ လည်းကောင်း၊ ည ၁၀ နာရီမှ ၁၀း၃၀ ထိ လည်းကောင်း အချိန်ပြောင်းလဲ သတ်မှတ် ထုတ်လွှင့် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ညနေပိုင်း ပြည်တွင်း သတင်း အစီအစဉ်များ အချိန် ပြောင်းလဲ ထုတ်လွှင့်မှု ကိုတော့ ဇန်န၀ါရီလ ၉ ရက်နေ့က စတင်ပြီး ထုတ်လွှင့် ခဲ့တာ ဖြစ်ပါတယ်။ ယခုလို ပြောင်းလဲ ထုတ်လွှင့်မှုဟာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနေနဲ့ အများ ပြည်သူ ၀န်ဆောင်မှု အသံလွှင့် ဌာန အဖြစ်သို့ စတင် ကူးပြောင်း နေချိန်မှာ ပြည်သူဗဟိုပြု မူဝါဒ အရ ညနေပိုင်း သတင်း ထုတ်လွှင့်မှု များကို ပြောင်းလဲ ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား အနေနဲ့ ယခင်က ညနေပိုင်း ပြည်တွင်း သတင်း အစီအစဉ်များကို ညနေ ၆ နာရီမှ တစ်ကြိမ်၊ ည ၈ နာရီမှာ တစ်ကြိမ် ထုတ်လွှင့် ခဲ့တာဖြစ်ပြီး ယခုအခါ မှာတော့ စတင် ပြောင်းလဲ ထုတ်လွှင့် နေတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့