Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 14 January 2013

ရန်ကုန်တိုင်း ဒေသကြီး၌ တရားမ၀င် သဲလှေ အစီး ၁၀၀ ခန့်ရှိနေ


ရန်ကုန်တိုင်း ဒေသကြီး အတွင်း လိုင်စင်မရှိဘဲ တရားမ၀င် လုပ်ကိုင်နေတဲ့ သဲလှေ အစီးရေ ၁၀၀ ခန့် ရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး သဲလှေ လုပ်ငန်းရှင်များ
အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိ တိုင်းဒေသကြီး အတွင်းမှာ လုပ်ကိုင် နေတဲ့ သဲလှေ စုစုပေါင်း အစီး ၃၀၀ ကျော်ရှိပြီး အဆိုပါ လှေများ အတွက် သဲစုပ်ခွင့် လိုင်စင်တွေကို ၂၀၁၂ ခုနှစ်မှ စတင်ကာ သက်ဆိုင်ရာ ဌာနသို့လိုင်စင် လျှောက်ထားပြီး လုပ်ကိုင် ရတာ ဖြစ်ပါတယ်။

ဒီလို လိုင်စင်ပြုလုပ် ပြီးရင်တော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ကို ဓာတ်သတ္ထုခွန် ပေးသွင်းရပြီး သဲတစ်ကျင်း အတွက် ကျပ် ၅၀ ပေးသွင်း ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခု ၂၀၁၃ ခုနှစ် အတွက် ချထား ပေးမယ့် သဲစုပ်ခွင့် လိုင်စင်တွေ ကိုတော့ လှေပိုင်ဆိုင်တဲ့ လုပ်ငန်းရှင် များကိုသာ ချထားပေးမှာ ဖြစ်ပါတယ်။

အဲ့ဒီလို လှေပိုင်ဆိုင်တဲ့ သဲလှေ လုပ်ငန်းရှင် များကိုသာ သဲစုပ်ခွင့် လိုင်စင်ချထား ပေးရတာဟာ အချို့ လိုင်စင် လျှောက်ထား သူတွေဟာ လှေပိုင်ဆိုင်မှု မရှိဘဲ သဲစုပ်ခွင့် လိုင်စင် လျှောက်ထားပြီး အခြား သူများကို တစ်ဆင့် ပြန်လည် ငှားရမ်း တာတွေကို ပြုလုပ်တဲ့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ သဲစုပ်ယူခွင့် ရှိတဲ့နေရာတွေ အနက် မြစ်သုံးဆိုင်အောက် ရန်ကုန် သောင်ကြီး၊ ၀ါးတရာ အထက် ထန်းတပင် မြို့နယ်များမှာ သဲစုပ်ယူသူ များပြီး တိုင်းဒေသကြီး အတွင်း ၁ နှစ်ကို သဲတန်ချိန် ၁၂ သန်းခန့် ထုတ်ယူ လျက်ရှိတယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့