Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 12 January 2013

ပြည်တွင်း၌ Specialist Society များ ဖွဲ့စည်းရန် အားနည်းလျက် ရှိနေသေး


မြန်မာနိုင်ငံ ဆရာဝန် အသင်း ဗဟို ဥက္ကဋ္ဌမှ ပြောကြားချက် အရ ပြည်တွင်းမှာ Specialist Society များ ဖွဲ့စည်းမှု အားနည်း နေသေးတယ်လို့ သိရပါတယ်။
ဒီလို အားနည်းနေမှုဟာ ဘာသာရပ် ဆိုင်ရာ သင်တန်းပေးမှုများ လိုအပ်နေတဲ့ အတွက် ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ ဆရာဝန် အသင်း အနေနဲ့ ရန်ကုန်နဲ့ မန္တလေးမြို့ တွေမှာ Special Course Training တွေကို သင်တန်းပေး လျက်ရှိပြီး ပြည်တွင်းရှိ ကျန်းမာရေး ကဏ္ဍ တွေမှာ ပရောဂျက် အခု ၂၀ ကိုလည်း  ပြုလုပ် ဆောင်ရွက်လျက် ရှိပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ လိုအပ်တဲ့ သင်တန်းတွေ အတွက် ကိုလည်း ပြည်တွင်း၊ ပြည်ပ သင်တန်း ဆရာများနဲ့ သင်တန်းပေး လျက်ရှိနေ တယ်လို့ သိရပါတယ်။ အဆိုပါ တာဝန်ရှိသူ ပြောပြချက် အရ ပြည်တွင်းမှာ အခုလက်ရှိ Specialist Sociely များ ဖွဲ့စည်းမှုဟာ အဖွဲ့ ၃၃ ဖွဲ့စည်း ထားပြီး ထပ်မံ ဖွဲ့စည်းဖို့ လိုအပ်နေ သေးတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အဖွဲ့တွေထဲမှာ နာကျင်မှု ဝေဒနာ ကုသရေး ဆေးပညာ အဖွဲ့ဟာလည်း တစ်ခုအပါအ၀င် ဖြစ်ပြီး အဆိုပါ အဖွဲ့ကိုတော့ ၂၀၀၉ ခုနှစ်ထဲက စတင် ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့