Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 12 January 2013

Johns Hopkins တက္ကသိုလ်မှ ပြည်တွင်း၌ သင်တန်းများ ပို့ချပေး သွားရန်ရှိ


အမေရိကန်နိုင်ငံ Johns Hopkins တက္ကသိုလ်မှ ရန်ကုန် တက္ကသိုလ်မှာ သင်တန်း ဖွင့်လှစ်ပြီး သင်တန်းများ သင်ကြားပို့ချ ပေးသွားမှာ ဖြစ်တယ်လို့
ဇန်န၀ါရီလ ၁၀ ရက်နေ့က ရန်ကုန် တက္ကသိုလ်မှာ Johns Hopkins တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးနဲ့ ရန်ကုန် တက္ကသိုလ်မှ တာဝန်ရှိသူများ တွေ့ဆုံမှုမှ သိရပါတယ်။ အမေရိကန်နိုင်ငံ Johns Hopkins တက္ကသိုလ်မှ ဦးစီးပြီး သင်တန်း ပို့ချမှုဟာ Master Degree  ပုံစံမျိုး ဖြစ်ပြီး တစ်ပတ်ကို လက်ချာ ၁၀ ခု သင်ကြား ပေးမှာ ဖြစ်တယ်လို့ မင်္ဂလာ မြန်မာမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဆိုပါ သင်တန်းမှာ Course  ၁၂ ခု ပါဝင်မှာ ဖြစ်ပြီး သင်တန်း ကာလ ၁ လခန့် ကြာမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ သင်တန်း ကိုတော့ ယခုလ အတွင်း စတင် ဖွင့်လှစ် သင်ကြားပေးဖို့ စီစဉ်ထား ပေမယ့် သင်တန်း တက်ခွင့် ရှိမယ် သူတွေနဲ့ သင်တန်း ဖွင့်လှစ်ဖို့ စီစဉ်မှုတွေ ကိုတော့ ယခု လက်ရှိမှာ အသေးစိတ် မစီစဉ်ရသေးဘူးလို့ သိရပါတယ်။ အဆိုပါ သင်တန်းကို အမေရိကန်နိုင်ငံ Johns Hopkins တက္ကသိုလ်က ပညာရှင်များမှ သင်ကြားပေး သွားမှာ ဖြစ်ပြီး ကိုရီးယား တက္ကသိုလ် အပါအ၀င် ပြည်ပ နိုင်ငံများမှ တက္ကသိုလ်များ ကလည်း သင်တန်းများ ထပ်မံ လာရောက် သင်ကြားပေး သွားဖို့ ရှိတယ် လို့လည်း သိရပါတယ်။

ယခု ပြုလုပ်ခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးမှု မှာတော့ Johns Hopkins တက္ကသိုလ်မှ Professor Dr. Karl Jackson (School of Advanced International Studies John Hopkins University USA) အပါအ၀င် ကိုရီးယား တက္ကသိုလ်မှ Professor များ၊ နိုင်ငံတော် သမ္မတ အကြံပေး ဦးကိုကိုလှိုင်၊ မင်္ဂလာ မြန်မာမှ တာဝန်ရှိ သူများနဲ့ ရန်ကုန် တက္ကသိုလ်မှ ပါမောက္ခချုပ်များနဲ့ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး တက္ကသိုလ်ရှိ အခန်းများ ကိုလည်း ကြည့်ရှု ခဲ့တယ်လို့ သတင်း ရရှိပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့