Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 12 October 2012

မြန်မာ့ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကွန်းဖရင့်တွင် ပြည်ပနိုင်ငံများ ပါဝင် ကျင်းပပြုလုပ် သွားမည်


မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ  ပြည်ပနိုင်ငံ များမှ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များ ပါဝင်တဲ့ မြန်မာ့
ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကွန်းဖရင့် တစ်ခုကို ကျင်းပပြုလုပ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ကွန်းဖရင့် ကိုတော့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်နဲ့ စင်္ကာပူ နိုင်ငံမှ Sphere Conference တို့မှ ပူးပေါင်း စီစဉ်မှုနဲ့ ကျင်းပပြုလုပ် သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဦးဆုံး အကြိမ် ခရီးသွား လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ အဖြစ် ကျင်းပပြုလုပ် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ကွန်းဖရင့် ကျင်းပ ပြုလုပ်မှု ကိုတော့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့ တွေမှာ ရန်ကုန်မြို့မှာ ကျင်းပ ပြုလုပ်ဖို့ စီစဉ် ထားတာ ဖြစ်ပါတယ်။ အဆိုပါ ကွန်းဖရင့် မှာတော့ ပြည်တွင်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းမှ တာဝန်ရှိ သူတွေမှ စာတမ်း ဖတ်ကြားခြင်းများ၊ ဆွေးနွေးမှုများ ပြုလုပ်မှာ ဖြစ်သလို ပြည်ပမှ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမယ့် သူများ ပါဝင်ကာ တက်ရောက် ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ကွန်းဖရင့် ဆောင်ရွက်နိုင်ဖို့ အတွက် ကိုတော့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်နဲ့ စင်္ကာပူနိုင်ငံ Sphere Conference တို့မှ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးမှုများကို ယခုလ အတွင်း ပြုလုပ်ထားပြီး ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့