Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 12 October 2012

မဲဇလီရွက် တက်ခူးရာမှ အမျိုးသား တစ်ဦး ပြုတ်ကျ သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၁

ရန်ကုန်မြို့တော် ဒဂုံမြို့သစ် တောင်ပိုင်း ၂၂ ရပ်ကွက်တွင် ၈ပေခန့် မြင့်သော မဲဇလီပင်ပေါ် တက်၍ အရွက်ခူးရာမှ အသက် ၄၆ နှစ်အရွယ် အမျိုးသား တစ်ဦး ပြုတ်ကျ သေဆုံးမှု အောက်တိုဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရသည်။

အဆိုပါ ရပ်ကွက်၊ ကွေ့မဈေးလမ်း ၄၆ နှစ်ရှိ ဦးဟန်သိန်းသည် ၈ပေခန့် မြင့်သော မဲဇလီပင်ပေါ် တက်၍ မဲဇလီပွင့် တက်ခူး နေစဉ် ကိုင်းကျိုးကျကာ ရေနုတ်မြောင်းဘေး အုတ်ခုံပေါ်တွင် မှောက်လျက် ကျခဲ့ပြီး ၄င်းကို စံပြဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သွားရောက် စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်၏ အတည်ပြုချက် အရ သိရသည်။

ယင်း ပြုတ်ကျမှုကြောင့် ပါးစပ်၊ နှာခေါင်း နှင့် ဘယ်ဘက်နားတွင် သွေးထွက်ကာ သေဆုံးခဲ့ပြီး၊ ဒဂုံတောင်မြို့နယ် ရဲစခန်း သေမှုသေခင်း အမှတ် ၄၉/၁၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Voice Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့