Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 26 October 2012

အခြေခံပညာ စာသင်နှစ်တွင် တစ်နှစ် တိုးမည့် စာသင်နှစ်အား အတိအကျ မသတ်မှတ် ရသေး


အခြေခံပညာ သင်ကြားရေး အတွက် စာသင်နှစ် တစ်နှစ်တိုးဖို့ စီစဉ်ထား ပေမယ့် လက်ရှိမှာ စတင် တိုးမြှင့် သင်ကြားမယ့် ပညာသင်နှစ် ကိုတော့
အတိအကျ မသတ်မှတ် ရသေးဘူးလို့ ပညာရေး စီမံကိန်းနှင့် လေ့ကျင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ပညာသင်နှစ် တစ်နှစ် တိုးမြှင့်ဖို့ စီစဉ်မှုဟာ လက်ရှိ ဆောင်ရွက်နေတဲ့ ဘက်စုံ လွှမ်းခြုံ နိုင်တဲ့ ပညာရေး ကဏ္ဍ လေ့လာ သုံးသပ်ရေး လုပ်ငန်း တွေနဲ့လည်း ဆက်စပ်မှု ရှိပြီး လိုအပ်တဲ့ ပြင်ဆင် မှုတွေကို သက်ဆိုင်ရာ တာဝန်ရှိ သူတွေက ဆောင်ရွက် နေပြီဖြစ် ပါတယ်။

အခုလို ပညာသင်နှစ် တစ်နှစ် တိုးမြှင့်ရာ မှာတော့ အခြေခံပညာ အထက်တန်း အဆင့်ကို ယခင် နှစ်နှစ်မှ  သုံးနှစ် ပညာရေးကို တိုးမြှင့်ဖို့ စီစဉ်တာ ဖြစ်ပါတယ်။ လက်ရှိမှာ ပြည်တွင်းရဲ့ ပညာရေး သင်ကြားမှုမှာ ၁၁ တန်း အဆင့်သာ ရှိသေးပြီး အခြားနိုင်ငံ တွေ နည်းတူ ၁၂တန်း ပညာရေး အဆင့်ဖြစ်ဖို့ အတွက် အဘက်ဘက်က လေ့လာ သုံးသပ်ပြီး ဆောင်ရွက် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုအခါမှာ သက်ဆိုင်ရာ တာဝန်ရှိ သူတွေက ပညာသင် နှစ်တစ်နှစ် တိုးမြှင့်ဖို့ စီစဉ် ဆောင်ရွက် နေပေမယ့် အဆိုပါ ပညာသင်နှစ် တိုးမြှင့်မှုနဲ့ ဆက်စပ်ပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် များပြား တာကြောင့် စတင် တိုးမြှင့် သင်ကြားမယ့် ပညာသင်နှစ်ကို အတိအကျ မသတ်မှတ် ရသေးတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့