Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 26 October 2012

ဘင်္ဂလီအရေး သမ္မတကြီး စကားတည်ဖို့ ရဟန်းရှင်လူများ ဆန္ဒပြ (ရုပ်/သံ)

ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လယ် ၁း၀၀ နာရီမှ စတင်ပြီး ရန်ကုန်မြို့ ဆူးလေ စေတီတော် ရင်ပြင်မှာ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ စုစည်းပြီး အကြမ်းဖက် ဘင်္ဂါလီ ကျူးကျော် သူများကြောင့် ရခိုင်ပြည်သူ လူထု တရပ်လုံး၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံမှု ကင်းမဲ့နေသည့် အပေါ် ဆန္ဒထုတ်ဖော် ခဲ့ကြပါသည်။



လက်ရှိ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သတ်ပြီး ဘင်္ဂါလီကျူးကျော်သူများအပေါ် သမ္မတကြီး ဦးသိန်းစိန်၏ သဘောထားတည်ဖို့ကို အဓိကထား တောင်းဆိုထားပြီး၊ တရားမ၀င် ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုးများကို အခုချက်ချင်း မောင်းထုတ်ဖို့၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင် မောင်တောလွှတ်တော်ကိုယ်စားလှယ်နှင့် ဘူးသီးတောင်လွှတ်တော်ကိုယ်စားလှယ် လေးယောက်ကို နိုင်ငံသားဖြစ်မှု ဟုတ် မဟုတ် စစ်ဆေးပေးဖို့ စသည့်အချက်များကိုလည်း တောင်းဆိုခဲ့ကြပါသည်။ နေ့လယ် ၁း၃၀ နာရီအချိန်မှာတော့ ဆူးလေစေတီတော်ရင်ပြင်မှနေ မြို့တော်ခန်းမရှေ့သို့ သွားရောက်ခဲ့ကြပြီး ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

by BurmaVJMedia


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့