ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆန်စပါး စိုက်ပျိုးမှုမှာ အလေအလွင့် နည်းပါးပြီး အထွက်နှုန်း ကောင်းမွန် စေဖို့ လုပ်ဆောင် လျက်ရှိတယ်လို့ ရန်ကုန်တိုင်း
ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရပါတယ်။ ဒီလို လုပ်ဆောင် လျက်ရှိရာမှာ လက်ရှိ ဆောင်ရွက် နေတဲ့ မိုးစပါးကို အဓိက ထားကာ ပြုလုပ်နေတာ ဖြစ်ပြီး နွေစပါးမှာပါ ယခင်နှစ်တွေ ကထက် တိုးမြှင့် စိုက်ပျိုး နိုင်အောင် ပြုလုပ်မှာ ဖြစ်ပါတယ်။
အခုလို ဆန်စပါး စိုက်ပျိုးမှုကို တိုးချဲ့ပြီး အလေအလွင့် နည်းပါးကာ အထွက်နှုန်း ကောင်းမွန်အောင် ပြုလုပ် ရတာဟာ ပြည်ပပို့ကုန် ထွက်ရှိမှုတွေကို မြှင့်တင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တိုင်းဒေသကြီး အတွင်း မိုးစပါး စိုက်ပျိုးမှုတွေမှာ နည်းပညာ ပိုင်းကိုပါ တိုးမြှင့်ပြီး အထွက်နှုန်း ကောင်းမွန်အောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မိုးရွာသွန်းမှုမှာ ပျက်စီးသွားတဲ့ လယ်ဧကတွေ ကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ပြန်လည် စိုက်ပျိုးမှုတွေ ပြုလုပ်နေပြီး မိုးစပါး အထွက်နှုန်း လျော့ကျ မသွားအောင် ဆောင်ရွက်လျက် ရှိတာ ဖြစ်ပါတယ်။ လယ်ဧကတွေ ကိုလည်း မြေသြဇာ ရရှိ ကောင်းမွန်အောင် သက်ဆိုင်ရာ တာဝန်ရှိ သူတွေမှ ကြီးကြပ် ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။ အခုလို ရန်ကုန်တိုင်း ဒေသကြီး အတွင်း စပါး စိုက်ပျိုးမှုတွေ တိုးမြှင့် ဆောင်ရွက်ရာမှာ ဖိလစ်ပိုင် နိုင်ငံ ကုမ္ပဏီတွေ နဲ့လည်း ပူးပေါင်း စပ်မျိုးစပါး တိုးချဲ့ ထုတ်လုပ်မှုတွေ လုပ်ဆောင်ဖို့ ရှိတယ်လို့ သိရပါတယ်။

No comments:
Post a Comment