ရန်ကုန် မြို့တော်ကို သောက်သုံးရေ ဖြန့်ဝေလျက်ရှိတဲ့ လှော်ကားကန်မှ မြို့တွင်း ရေပေးဝေ နေတဲ့ ရေပို့ ပိုက်မကြီး ချို့ယွင်းမှုကြောင့် ရန်ကုန်မြို့တွင်းရှိ
မြို့နယ် ၁၃ မြို့နယ်မှာ ရေပေးဝေမှု ခေတ္တ ပြတ်တေ
ရန်ကုန် မြို့တော်ကို သောက်သုံးရေ ဖြန့်ဝေလျက်ရှိတဲ့ လှော်ကားကန်မှ မြို့တွင်း ရေပေးဝေ နေတဲ့ ရေပို့ ပိုက်မကြီး ချို့ယွင်းမှုကြောင့် ရန်ကုန်မြို့တွင်းရှိ
မြို့နယ် ၁၃ မြို့နယ်မှာ ရေပေးဝေမှု ခေတ္တ ပြတ်တောက်မှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို ရေပေးဝေမှု ခေတ္တ ပြတ်တောက်မယ့် မြို့နယ်တွေ ကတော့ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုစွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတားနဲ့ သာကေတ မြို့နယ်တို့ ပါဝင်မှာ ဖြစ်ပါတယ်။
ကျန်ရှိတဲ့ မြို့နယ် များမှာ ရေပုံမှန် ပေးဝေ လျက်ရှိနေမှာ ဖြစ်ပါတယ်။ ရေပို့ ပိုက်လိုင်း ချို့ယွင်းမှုဟာ ယနေ့ နံနက် ၆ နာရီက ရုတ်တရက် ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်မှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ရေနှင့် သန့်ရှင်းမှု ဌာနမှ အရေးပေါ် ပြုပြင်မှုများ ပြုလုပ်လျက် ရှိပါတယ်။ အခုလို ပိုက်လိုင်း ပြုပြင်မှုကို စက်တင်ဘာလ ၁၇ ရက် နေ့မှာ ပြီးစီးမယ်လို့ခန့်မှန်းထား ပေမယ့်လည်း ပြည်သူများ ရေပုံမှန် ပြန်လည်ရရှိဖို့ အတွက် စက်တင်ဘာလ ၁၅ ရက်နေ့ အပြီး ပြင်ဆင် နိုင်အောင် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။
ဒီလို ရေပိုက်လိုင်း ပြုပြင်နေစဉ် အတွင်းမှာ ရေခေတ္တ ပြတ်တောက်မယ့် မြို့နယ် ၁၃ မြို့နယ်ရှိ မြို့တွင်း Down town ဧရိယာမှာ ရေအနည်းငယ် ရရှိနိုင်ပြီး ကျန်မြို့ပြင် မြို့နယ် အချို့မှာတော့ ခေတ္တ ရေပြတ်တောက်မှုတွေ ရှိမှာ ဖြစ်တယ်လို့ ရေနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
ာက်မှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို ရေပေးဝေမှု ခေတ္တ ပြတ်တောက်မယ့် မြို့နယ်တွေ ကတော့ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုစွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတားနဲ့ သာကေတ မြို့နယ်တို့ ပါဝင်မှာ ဖြစ်ပါတယ်။
ကျန်ရှိတဲ့ မြို့နယ် များမှာ ရေပုံမှန် ပေးဝေ လျက်ရှိနေမှာ ဖြစ်ပါတယ်။ ရေပို့ ပိုက်လိုင်း ချို့ယွင်းမှုဟာ ယနေ့ နံနက် ၆ နာရီက ရုတ်တရက် ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်မှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ရေနှင့် သန့်ရှင်းမှု ဌာနမှ အရေးပေါ် ပြုပြင်မှုများ ပြုလုပ်လျက် ရှိပါတယ်။ အခုလို ပိုက်လိုင်း ပြုပြင်မှုကို စက်တင်ဘာလ ၁၇ ရက် နေ့မှာ ပြီးစီးမယ်လို့ခန့်မှန်းထား ပေမယ့်လည်း ပြည်သူများ ရေပုံမှန် ပြန်လည်ရရှိဖို့ အတွက် စက်တင်ဘာလ ၁၅ ရက်နေ့ အပြီး ပြင်ဆင် နိုင်အောင် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။
ဒီလို ရေပိုက်လိုင်း ပြုပြင်နေစဉ် အတွင်းမှာ ရေခေတ္တ ပြတ်တောက်မယ့် မြို့နယ် ၁၃ မြို့နယ်ရှိ မြို့တွင်း Down town ဧရိယာမှာ ရေအနည်းငယ် ရရှိနိုင်ပြီး ကျန်မြို့ပြင် မြို့နယ် အချို့မှာတော့ ခေတ္တ ရေပြတ်တောက်မှုတွေ ရှိမှာ ဖြစ်တယ်လို့ ရေနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
No comments:
Post a Comment