Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 15 September 2012

Myanmar Payment Union National Switch (Data Centre) ဖွင့်လှစ်

Myanmar Payment Union National Switch (Data Centre)ကို စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကင်း မြို့နယ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ
ဖွင့်လှစ် လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ MPU စနစ်နဲ့သုံးစွဲတဲ့ ATM Card တွေဟာ အခုလက်ရှိမှာ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး တို့မှာ စတင် သုံးစွဲနိုင်ပြီး နိုင်ငံပိုင်ဘဏ် ၃ ဘဏ်နဲ့ ပြည်တွင်း ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ရဲ့ ATM စက်အားလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ MPU စနစ်နဲ့ ATM ကတ် နဲ့ငွေပေးချေလို့ ရတဲ့ နေရာ ၁၄ နေရာ ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးမှာသာ ငွေပေးချေ အသုံးပြုနိုင်ဦး မှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ MPU စနစ်နဲ့ ATM ကတ် အသုံးပြုရာမှာ National Payment Switch Network နဲ့ချိတ်ဆက် ထားတဲ့ Point of Sale POS စက်ရှိတဲ့ နေရာ ၁၄ နေရာ မှာသာ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ အဲ့ဒီ ၁၄ နေရာကတော့ Signature Restaurant ၊ Nan Yang Restaurant ၊ ကမ္ဘာအေး ဂမုန်းပွင့်၊ ဗိုလ်တစ်ထောင် ဂမုန်းပွင့်၊ ဂန္ဓမာဟိုးဆေး၊ Petrol K စက်သုံးဆီဆိုင်၊ Access Spectrum စတဲ့နေရာ တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန် အဲလ်ပေါ့ရှိ အဲလ်ပုဂံ လေကြောင်းရုံး၊ ဆာကူရာ တာဝါရှိ အဲလ်ပုဂံ လေကြောင်းရုံး၊ အေးရှန်းဝင်းစ် လေကြောင်းရုံး၊ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်၊ MRS ၊ Smart Computer Technology နဲ့ရှုဘီမတ် တို့မှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အခုလက်ရှိမှာ Myanmar Payment Union MPU အဖွဲ့ဝင် အဖြစ် မပါဝင်သေးတဲ့ ပုဂ္ဂလိက ဘဏ် ၃ ဘဏ် မှာတော့ အဆိုပါ MPU စနစ် ATM ကတ်တွေကို အသုံးပြုနိုင်မှာ မဟုတ်သေးဘူးလို့ သိရပါတယ်။ MPU ဒေတာစင်တာ ဖွင့်ပွဲကို သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက ဘဏ်များမှ တာဝန်ရှိသူများပါ တက်ရောက် ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့