မြန်မာ့ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ဖွံ့ဖြိုးတိုးတက်မှု အတွက် ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်းများ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို စက်တင်ဘာလ
၁၄ ရက်နေ့က နေပြည်တော်ရှိ MICC မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲ ကိုတော့ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိမ်း၊ ဦးတင်နိုင်သိန်း၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းထွန်း၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယ၀န်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ပြည်ထောင်စု ၀န်ကြီး၊ ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ ပြည်ထောင်စု ၀န်ကြီးနဲ့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများ တက်ရောက် ရှင်းလင်း ဆွေးနွေးခဲ့ ကြပါတယ်။
အဆိုပါ အခမ်းအနားကို မြန်မာ့ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း လုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု အတွက် ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ရာမှာ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း နယ်ပယ်မှ လုပ်ငန်းရှင်များ၊ အသိပညာရှင် များလည်း တက်ရောက်ခဲ့ ကြပါတယ်။ အဲ့ဒီ အလုပ်ရုံ ဆွေးနွေးပွဲမှာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရဲ့ ဖုန်းဝန်ဆောင်မှု၊ အင်တာနက် ၀န်ဆောင်မှု စတာတွေမှာ ပုဂ္ဂလိက ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ ၀င်ရောက် ရင်းနှီးမြှုပ်နှံ နိုင်မှုနဲ့ အဆင့်မြှင့်တင်မှု လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ အတွက် အပြန်အလှန် မေးခွန်းများ မေးမြန်း ဆွေးနွေးခဲ့ ကြပါတယ်။ ဒီလို မေးမြန်းရာမှာ အိန်္ဒယ၊ တရုတ်နဲ့ ဥရောပ နိုင်ငံများမှ ဆက်သွယ်ရေး ၀န်ဆောင်မှု ကုမ္ပဏီမှ တာဝန်ရှိ သူများက တက်ရောက်ကာ ပြည်တွင်းရဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ နိုင်မယ့် အလားအလာ တွေနဲ့ ပတ်သက် ပြီးတော့ ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
No comments:
Post a Comment