Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 20 December 2012

ငမိုးရိပ်တံတား ပါရမီ ဖွင့်ပွဲ ပြုလုပ်ခဲ့


အသစ် တည်ဆောက်ပြီး ဖြစ်တဲ့ ငမိုးရိပ် တံတား ပါရမီကို စက်တင်ဘာ လဆန်းပိုင်းက ဖြတ်သန်း သွားလာ ခွင့်ပြုခဲ့ပြီး အဆိုပါ တံတားဖွင့်ပွဲ အခမ်းအနား
ကိုတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့က ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖွင့်လှစ်မှု ကိုတော့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်နဲ့ တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနဲ့ ၀န်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ လမ်းတံတား ဌာနမှ တ၀န်ရှိ သူများက တက်ရောက် ဖွင့်လှစ်ပေး ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ငမိုးရိပ်တံတား ကဗ္ဗည်း မော်ကွန်း ကျောက်စာတိုင်ကို တာဝန်ရှိ သူများမှ စက်ခလုတ်နှိပ် ဖွင့်လှစ်ခဲ့ပြီး တံတားကို ဖြတ်သန်း ကြည့်ရှုခဲ့ ကြတယ်လို့ သိရပါတယ်။ အဆိုပါ ငမိုးရိပ် တံတား ပါရမီကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ ဒီလို တည်ဆောက်ရာ မှာတော့ တည်ဆောက်ချိန် ၈ လနဲ့ ၂၃ ရက်ကြာမြင့် ခဲ့တာ ဖြစ်ပါတယ်။ အခုလို ဆောက်လုပ်မှု ကိုတော့ သံမဏိ သံဘောင် ပက်မက်ကူ ကွန်ကရစ်ခင်း အမျိုးအစား ဖြစ်ပြီး ခွင့်ပြု အလေးချိန် ကတော့ ၇၅ တန် ဖြစ်ပါတယ်။ ဒါ့အပြင် တံတား အရှည်မှာ ပေ ၆၀၀ ရှိပြီး လမ်းအကျယ် ကတော့ ၂၈ ပေ ဖြစ်တယ်လို့ သိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့