Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 16 December 2012

ယခုနှစ် ၁၁ လတာ ကာလအတွင်း မီးလောင်မှုအကြိမ် ၁၁၀၀ ကျော် ဖြစ်ပွားခဲ့


၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလ အထိ ၁၁ လတာ ကာလ အတွင်း မြန်မာတစ်နိုင်ငံလုံးမှာ မီးလောင်ကျွမ်းမှု ၁၁၁၃ ကြိမ် ဖြစ်ပွား ခဲ့တာ ဖြစ်တယ်လို့

မီးသတ် ဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက်များ အရ သိရပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှု တွေထဲမှာ ပေါ့ဆမီးကြောင့် အများဆုံး မီးလောင်ကျွမ်းမှု ပါဝင်တာ ဖြစ်ပြီး အကြိမ် အရေအတွက် ၄၁၈ ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ ကာလ အတွင်း မီးဖိုမီးကြောင့် မီးလောင်ကျွမ်းမှု ၂၉၂ ကြိမ်၊ အလိုအလျောက် မီးကြောင့် မီးလောင်ကျွမ်းမှု ၁၉ ကြိမ်၊ လျှပ်စစ်မီးကြောင့် မီးလောင်ကျွမ်းမှု ၂၀၈ ကြိမ်၊ မသမာသူ ရှို့မီးကြောင့် မီးလောင်ကျွမ်းမှု ၁၅၅ ကြိမ်နဲ့ တောမီးကြောင့် မီးလောင်ကျွမ်းမှု အကြိမ် ၂၀ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို မီးလောင်ကျွမ်းမှု တွေကြောင့် မြန်မာ တစ်နိုင်ငံလုံးမှာ အိမ်ခြေ အဆောက်အဦး တစ်သောင်း ငါးထောင် ခြောက်ရာ သုံးလုံး ဆုံးရှုံးခဲ့ ပါတယ်။ မီးလောင်ကျွမ်းမှု တွေကြောင့် လူ ၁၇၄ ဦး သေဆုံးခဲ့ပြီး ငွေကျပ် သိန်းပေါင်း ရှစ်သောင်းကျော် ဆုံးရှုံးမှုရှိတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ၁၁ လတာ ကာလ အတွင်း မှာတော့ မီးလောင် ကျွမ်းမှု ၈၃၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ယခု ၂၀၁၂ ခုနှစ် မှာတော့ မီးလောင်ကျွမ်းမှု ၁၁၁၃ ကြိမ် ဖြစ်ပွားခဲ့တဲ့ အတွက် မီးလောင်မှု ၂၈၀ ကြိမ် ယခုနှစ် အတွင်း ပိုမိုဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့