Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Friday, 4 January 2013
» ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းနားသို့ ပေးပို့သော သဝဏ်လွှာ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းနားသို့ ပေးပို့သော သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
ချစ်ခင်လေးစား အပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူ အပေါင်းတို့ခင်ဗျား-
ယနေ့အခါသမယသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသော (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယ ဖြစ်ပါသည်။ ဤနေ့ထူးနြေ့မတ် အခါသမယတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသား ပြည်သူအပေါင်း ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေဟု ချစ်ကြည်ရင်းနှီးစွာ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါသည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ရှေးအစဉ် အဆက်ကတည်းက ကိုယ့်ထီးကိုယ့်နန်းဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ရပ်တည်ခဲ့ပါသည်။ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေးစားလိုက်နာကာ အချင်းချင်း ရိုင်းပင်းကူညီပြီး ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့သူများ ဖြစ်ပါသည်။ သို့သော် ၁၉ ရာစုနှောင်းပိုင်းတွင် ကိုလိုနီနယ်ချဲ့တို့၏ မတရားကျူးကျော်နယ်ချဲ့မှုကြောင့် မြန်မာ့ရေမြေနှင့် အချုပ်အခြာအာဏာသည် ဆုံးရှုံးခဲ့ရပါသည်။ ပြည်ထောင်စုဖွားတိုင်းရင်းသား အသီးသီးတို့က မိမိတို့ဒေသအလိုက် ရရာလက်နက်များ စွဲကိုင်၍ နယ်ချဲ့တို့ကို တွန်းလှန်ခဲ့ကြသော်လည်း အင်အားချင်းမမျှ၍ သူ့ကျွန်ဘဝရောက်ခဲ့ရခြင်း ဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
နယ်ချဲ့တို့က မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မြန်မာ့မြေပေါ်မြေအောက် သယံဇာတပစ္စည်းများကို နည်းအမျိုးမျိုးဖြင့် သိမ်းပိုက်ခဲ့ကြပါသည်။ မြန်မာလူမျိုးတို့၏ ဘာသာတရား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ကိုယ်ပိုင်စာပေနှင့် ဘာသာစကားများကို ပျက်ြပားအောင် စနစ်တကျ စီမံလုပ်ဆောင်ခဲ့ပါသည်။ ထို့ပြင် တိုင်းရင်းသားအချင်းချင်း သွေးစည်းချစ်ခင် ညီညွတ်မှုပျက်ပြားအောင် တောင်ပေါ်နှင့် မြေပြန့်ဟူ၍ ခွဲခြားအုပ်ချုပ်ခဲ့ပြီး တိုင်းရင်းသားအချင်းချင်း သံသယဖြစ်အောင် ဖန်တီးခဲ့ပါသည်။ ကျွန်သက်ရှည်စေရန်အတွက် ကျွန်ပညာရေးစနစ်ကိုလည်း ဖန်တီးခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ခေတ်ပညာတတ် မျိုးချစ်လူငယ်များသည် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နယ်ချဲ့ကို တွန်းလှန်ခဲ့ကြပါသည်။
ကိုလိုနီနယ်ချဲ့တိုကို တွန်းလှန်နိုင်ခဲ့သော်လည်း ဖက်ဆစ်ဂျပန်တို့၏ နှိပ်စက်ညှဉ်းပန်းမှုကို ပြည်သူတို့ ခါးစည်းခံခဲ့ရပြန်သည်။ ထိုအခါ တပ်မတော်နှင့် ပြည်သူသည် ဖက်ဆစ်တို့ကို မြန်မာ့မြေမှ မောင်းထုတ်ခဲ့ရပါသည်။ ဖက်ဆစ်တို့ကို မြန်မာ့မြေမှ မောင်းထုတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ နယ်ချဲ့အစိုးရ ပြန်လည်ဝင်ရောက် လာသောအခါတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများသည် မြန်မာ့လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ ကြရပါသည်။ လွတ်လပ်ရေးကို တိုင်းရင်းသားပြည်သူအားလုံး အပြည့်အဝ ရရှိခံစားနိုင်ရေအတွက် တောင်ပေါ် မြေပြန့် မခွဲခြားဘဲ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ကြပါသည်။
ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
နိုင်ငံ့ခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့၏ ကာယ၊ ဉာဏ စုပေါင်းအားအပြင် အသက်၊ သွေး၊ ချွေးတို့ကိုရင်း၍ ဆောင်ရွက်ခဲ့ကြသည့် အတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်သော၊ အချုပ်အခြာ အာဏာပိုင်သော နိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ရှိခဲ့ ပါသည်။ ယခု ၂ဝ၁၃ ခုနှစ်ဆိုလျင် (၆၅) နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ မြန်မာ့လွတ်လပ်ရေးသည် တိုင်းရင်းသားညီအစ်ကို အပေါင်းနှင့် ဘိုးဘွားတို့၏ အသက်ပေါင်း များစွာဖြင့် လဲလှယ် ခဲ့ရပါသည်။ ထို့ကြောင့် မြန်မာ့လွတ်လပ်ရေးကြီး သားစဉ်မြေးဆက် ထာဝစဉ် တည်တံ့ခိုင်မြဲစေရန်မှာ ယနေ့နှင့် အနာဂတ် တိုင်းရင်းသား ပြည်သူများ၏ တာဝန်ဖြစ်ပေသည်။
လွတ်လပ်ရေးသည် တိုင်းပြည်တစ်ပြည်၏ အသည်းနှလုံးဖြစ်ပါသည်။ လွတ်လပ်သော တိုင်းပြည်ဖြစ်မှသာ အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုက်အဝန်း တစ်ရပ်ကို ကိုယ်တိုင်ထူထောင်နိုင်ပါမည်။ ကိုယ့်ကြမ္မာကို ဖန်တီးနိုင်ခွင့်နှင့် ကမ္ဘာ့အလယ်၌ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးတို့အတွက် လွတ်လပ်ရေး အရှည်တည်တံ့ရန် အရေးကြီးပေသည်။ ထိုလွတ်လပ်ရေး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲရန်အတွက် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ကို အရင်းခံပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို ပြည်သူအားလုံးက တာဝန်သိစွာဖြင့် ဝိုင်းဝန်း၍ ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ပါသည်။ မြန်မာ့လွတ်လပ်ရေး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲရေးကို ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရပါမည်။
ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
လွတ်လပ်ရေးရရှိပြီးနောက် တိုင်းပြည်ကို ပြန်လည်ထူထောင်ကြရာတွင် ခေါင်းဆောင်အချင်းချင်း မညီ ညွတ်မှု၊ ပြည်သူများ စည်းလုံးညီညွတ်ရေးအားနည်းမှု၊ လက်နက်ကိုင် ပဋိပက္ခမှုများကြောင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဆင့်သို့ ရောက်ရှိမလာဘဲ အိမ်နီးချင်းနိုင်ငံအချို့၏ နောက်သို့ပင် ကျန်ရစ်ခဲ့ရပါသည်။
သမိုင်း၏ သင်ခန်းစာများအရ ယနေ့ သန်း ၆ဝ သော မြန်မာပြည်သူများ၏ တူညီသောဆန္ဒသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများ၏ စည်းလုံးညီညွတ်ရေးနှင့် တရားဥပဒေလေးစားလိုက်နာရေးတို့သည် အရေးကြီးသကဲ့သို့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး ပြည်ထောင်စုကြီးအတွင်း ဥမကွဲ သိုက်မပျက် အေးအတူပူအမျှ ရာသက်ပန် ပူးပေါင်းနေထိုင်လိုသည့် ထာဝရငြိမ်းချမ်းရေး ရရှိရေးသည်လည်း လွန်စွာမှ အရေးကြီးပါသည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ခုနှင့်တစ်ခု ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသကဲ့သို့ အမှီသဟဲပြုလျက်ရှိပါသည်။ တိုင်းပြည်တည်ငြိမ် အေးချမ်းမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် တည်ဆောက်နိုင်ကြမည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံသားအားလုံးသည် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် ကိုယ်စီကိုယ်စီ တာဝန်ရှိကြသည်ဟူသော စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
မိမိတို့မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းပြီး သဘာဝသယံဇာတလည်း ပေါများသည့် နိုင်ငံဖြစ်ပါသည်။ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် သဘာဝ သယံဇာတထက်ပို၍ အရေးကြီးသည်မှာ လူသားစွမ်းရည်ဖြစ်ပါသည်။ လူသားစွမ်းရည်ပြည့်ဝသည့် လူမျိုးဖြစ်အောင် လူငယ်လူရွယ်များအား လေ့ကျင့်ပျိုးထောင် တည်ဆောက်ပေးကြရပါမည်။ ပညာရေးအဆင့်အတန်း မြင့်မားအောင် ဝိုင်းဝန်း၍ မြှင့်တင်ပေးရပါမည်။ ကျန်းမာသန်စွမ်းပြီး ပညာရည်ြမင့်မားသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ထက်သန်သည့် မျိုးဆက်သစ်လူငယ်များသည်သာ အနာဂတ် မြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဖန်တီးနိုင်ပြီး မိမိတို့ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို လက်ဆင့်ကမ်း တာဝန်ယူသွားနိုင်ကြမည် ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
January
(377)
- မြန်မာရန်ကုန်မြို့တော်..မှ
- မြန်မာရန်ကုန်မြို့တော်...မှ
- ဗန်းမော် မှာ ဗုံးပေါက်
- မာလီတိုက်ပွဲ ပြင်းထန်ဆဲ
- ဂဏန်းတွေလည်း နာ တတ်တယ်
- မြန်မာရန်ကုန်မြို့တော် မှ
- ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များ၌ ကမ္ဘာ့အဆင့်မီ ဟ...
- အအေးလှိုင်းဖြတ်သန်းနေ၍ လူအချို့လေဖြတ်
- ဖေဖော်ဝါရီလတွင် အအေးလှိုင်းဖြတ်ဦးမည်
- » စိတ်ကူးထဲကဖူးစာရှင်
- မန္တလေးတွင် တရားမဝင်လိုင်စင်မဲ့ယာဉ်များကို ထိရောက်စ...
- ထွက်နှုန်းလျော့ကျ၍ ခင်ဦးမှစပါးစိုက်တောင်သူများ အခက်...
- ဇန်န၀ါရီလ (၁၇)ရက်နေ့ ထုတ် The Hot News Weekly Jour...
- ၂၀၁၂ခုနှစ်အတွက် Ion Ratiu Democracy Award ဆု ဒေါ်အေ...
- နယူးယောက်ပြည်နယ်မှာ သေနတ်ဥပဒေ ပြဌာန်း
- လူ့ဘောင်သစ်ပါတီ တရားဝင်ရပ်တည်ဖို့ရှိ
- ဆီးရီးယား Aleppo တက္ကသိုလ်ပေါက်ကွဲမှု အနည်းဆုံး ၅၂ ဦ...
- ကချင်အရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်ဟု...
- ဆင်းရဲနေချိန်ကာလမှာ တိုင်းပြည်က ဘာလိုချင်တယ် ပြောေ...
- ခရိုနီ ပေးတဲ့ ရန်ပုံငွေ ကိစ္စ NLD တုံ့ပြန်
- ကချင်ပြည်နယ်မှာ တိုက်ပွဲနဲ့ ဗုံးခွဲမှုတွေ ဆက်ဖြစ်ပွား
- တရုတ်နိုင်ငံမှာ အလုပ်ကြမ်းစခန်းတွေ မပိတ်သေး
- ပါကစ္စတန် ဝန်ကြီးချုပ်ကို ဖမ်းဆီးမိန့်ထုတ်
- မာလီသူပုန်တွေကို ပြင်သစ် လေကြောင်းကဆက်တိုက်
- အီဂျစ်မှာ ရထားမှောက်လို့ လူ ၁၉ ဦးသေဆုံး
- အတန်းပိုင် ဆရာမက ဒုတိယတန်း ကျောင်းသားအား ရိုက်နှက်...
- နဘားဘူတာအနီး ရထားသံလမ်း တံတား ပေါက်ကွဲမှု (သတင်း-ဓါ...
- မိုဘိုင်းဖုန်းကတ် ရောင်းချရန် ခွင့်ပြုမိန့် မရသေးဟ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် မဇ္ဈိမ ဂျာနယ် အတွဲ (၂) အမှတ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် First Eleven Sports Journal...
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် JOB Opportunit No 11
- ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၃၉
- ကချင်အရေး နှစ်ဖက်လုံး ညှိုနှိုင်းဖြေရှင်းကြဖို့ အမေရ...
- မြန်မာအပေါ် ပိတ်ဆို့မှု ပြန်သုံးသပ်နိုင်
- ဆိုးဆေးများရောင်းချပါက တရားစွဲမည်
- ငါးထောင်တန်ငွေဖြည့်ကဒ်များငွေမပြည့်ခြင်းများဖြစ်ပေ...
- ထိုင်းမှ အကြီးစားစက်ယန္တရား ကုမ္ပဏီ TMC Industrialြ...
- မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း တံတားနှစ်စင်း မု...
- » ရွှေလင်ဗန်း စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ အလုပ်သမား...
- ကြေးနီတောင်စီမံကိန်းမှာ ညမထွက်ရအမိန့် ဆက်လက်ထုတ်ထားဆဲ
- ကြေးနီတောင်စီမံကိန်း အစီရင်ခံစာ ပြည်သူတွေကို အသိပေ...
- မုံရွာမြို့ မှ ရက်စက်တဲ့ မယားသတ်မှု
- (ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး) ဦးရဲထွဋ်၏ fac...
- အစိုးရတပ်၏ လက်နက်ကြီး လိုင်ဇာမြို့ထဲကျ၊ အရပ်သား သေ...
- ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အ...
- ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ
- swf song များ
- တိတ်တခိုးအချစ်-မီမီဝင်းဖေ
- mm-flashsongs
- ♥♥♥♥♥♥♥♥ရင်ခွင်ဦးမှအပြန်♥♥♥♥♥♥♥♥
- ၂၀၁၂ ခုနှစ် လူကုန်ကူးမှု၌ အဓမ္မ လက်ထပ် ထိမ်းမြားမှု အ...
- ယခုနှစ်ကုန်၌ SE-ME-WE-5 တည်ဆောက်မှု စတင်မည်
- ရန်ကုန်တိုင်း ဒေသကြီး၌ တရားမ၀င် သဲလှေ အစီး ၁၀၀ ခန်...
- ကဏ္ဍသုံးခု အတွက် နိုင်ငံတကာ လုပ်ငန်းရှင်များ ပါဝင်လာ...
- မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအား ယူနက်စကိုသို့ ထပ...
- ဘူတန်နိုင်ငံသို့ ဆရာဝန်များ စေလွှတ်ရန်ရှိ
- Diamond Valley Rise စင်တာအား ၂၇ထပ် ဆောက်လုပ်မည်
- ဖခင်ဖြစ်သူအားသတ်ခဲ့သည့်သားကို ရဲတပ်ဖွဲ့က ဖမ်းဆီးအေ...
- ရိုးရိုးလေးကိုသိန်းနိုင်အား ပုဒ်မ(၃)ခုဖြင့် အမှုဖွင...
- ဖားကန့်မြို့ ၊ မှော်ဆီဇာ မြေစာပုံ လမ်းဘေးတွင် လူတစ...
- မြောက်ဦးမြို့နယ်တွင်း တာဝန်ကျ တပ်ကြပ်တစ်ဦး ဓားဖြင့...
- ဆန္ဒပြခေါင်းဆောင်များကို တရားစွဲမှု ရုပ်သိမ်းရန် တော...
- ကေအိုင်အေဌာနချုပ် လိုင်ဇာကို လက်နက်ကြီးကျ၊ အရပ်သား...
- ရေလုပ်သားအခွင့်အရေး ဆုံးရှုံးနေသူ ၄၀၀၀ ခန့် ဆန္ဒပြ
- လက်ပံတောင်းတောင်အရေး သမ္မတထံ ကြားဖြတ်အစီရင်ခံစာ တင်...
- နိုင်ငံတော် သမ္မတ ၏သဘောထားမှတ်ချက် ပျက်ပျယ်
- လိုင်ဇာတွင် လက်နက်ကြီးကျည်ကျ ဒေသခံ သုံးဦးသေ၊ လေးဦး...
- ကိုမင်းကိုနိုင်၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ်
- ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် Mobile Guide Journal
- တိုင်းလွှတ်တော်မှ မစုံစမ်း မစစ်ဆေးသင့်ဆိုသည့် ညွှန်ြ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် Digital Life Issue: 37
- ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် Weekly Eleven News Journal ...
- ကချင်တိုက်ပွဲ ကြောင့် ဒုက္ခသည် ပိုများ
- ICRC အကြီးအကဲ မြန်မာနိုင်ငံရောက်ရှိ
- အိန္ဒိယ နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ အုပ်စုဖွဲ့ မုဒိမ်...
- သီရိလင်္ကာ တရားသူကြီးချုပ်ကို ရာထူးကဖယ်ရှား
- ရဟတ်ယာဉ်ပျက်မှု နှစ်ဘက် အပြန်အလှန်ပြော
- ဖါးကန့် ကျောက်စိမ်းတွင်းဒေသဖက်မှာ တိုက်ပွဲဖြစ်နေ
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ ...
- ဇန်န၀ါရီလ(၁၀)ရက်နေ့ ထုတ် ပြည်သူ့ ခေတ် ဂျာနယ် Vol 3...
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် HR journal အမှတ်(၁၇၇)
- ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့် မြန်မာ့နိုင်ငံရေး
- ကြေးနီတောင်စီမံကိန်းတဝိုက် သဘာဝပတ်ဝန်းကျင် ပျက်စီး...
- ဒေါ်အောင်ဆန်းစုကြည် ကရင်နှစ်သစ်ကူး သဝဏ်လွှာပေးပို့
- နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဆေးကုသမှု ...
- ခင်ဦးမြို့နယ်တွင် မိုးခေါင်မှုကြောင့် စပါးခင်းများ ...
- တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ အရ...
- နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ အသစ်ရောင်းချမည့်...
- Thailand actress @2012 thai dress- What Makes You ...
- 2012 Cotton Day Thailand Fashion Show.mov
- ရန်ကုန်ရဲ့ မွန်းကြပ်မှုက ဝေးလွင့်ရာ လမ်း ၅၀ ကဖေး
- ကေအိုင်အေနှင့် အစိုးရအကြား ခေတ်မီ နည်းပညာသုံး ဆွေး...
- စစ်အသုံးစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်၏ ၂၁ ရာခိုင်နှု...
- ညနေပိုင်း ပြည်တွင်း သတင်း အစီအစဉ်များအား အချိန်ပြေ...
- ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကု...
- Johns Hopkins တက္ကသိုလ်မှ ပြည်တွင်း၌ သင်တန်းများ ပိ...
- အိမ်ရာ အဆောက်အအုံ၊ နေထိုင်မှုနှင့် မော်တော်ယာဉ် ပြပ...
- မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွား လုပ်ငန်...
- မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီအားြ...
- ပြည်တွင်း၌ Specialist Society များ ဖွဲ့စည်းရန် အား...
-
▼
January
(377)

No comments:
Post a Comment