မုံရွာ၊ ဇန်နဝါရီ ၁၀။
မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်၌ ပြုလုပ်လျှက်ရှိသော လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအား ဆက်လက်လုပ်ဆောင် သွားမည်ဆိုပါက သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်မှု မရှိစေရေး အတွက် နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ စနစ်တကျ ပြန်လည်ရေးဆွဲ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ဆိုသည်။
မန္တလေးမြို့ခံ စိမ်းရောင်စို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ ဦးတင်သစ်က “တကယ်လို့ လက်ပံတောင်းတောင်မှာ လုပ်ငန်းတွေ ဆက်လုပ်ဦးမယ်ဆိုရင် စွန့်ပစ်ပစ္စည်းတွေ၊ လုပ်ငန်းခွင်သုံး နည်းစနစ်တွေ စတဲ့အဓိကကျတဲ့အပိုင်းတွေမှာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် စနစ်တကျ ရေးဆွဲ ဆောင်ရွက်စေချင်တယ်။ အဲဒီလို လုပ်ထားတာတွေကိုလည်း ဒေသခံ တွေရော ပညာရှင်တွေကိုပါ ချပြစေချင်တယ်။ EIA / SIA ရှိထားမှပဲ ဒီလုပ်ငန်းတွေကို ဆက်လုပ်စေချင်တယ်။ “အခု သူတို့က နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ လုပ်တယ်ဆိုပေမယ့် မြေပြင်ပေါ်မှာ အက်ဆစ်ကန် တွေက အခုထိ ရှိနေသေးတယ်။ ကြေးနီစီမံကိန်း လုပ်ငန်းခွင်တွေကနေ ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေ ယမားချောင်းထဲ ဖောက်ချထားတာတွေ လည်း တွေ့ရတယ်။ ဒါတွေက ချင်းတွင်းမြစ်ရေ အပါအ၀င် ပတ်ဝန်းကျင် တစ်ခုလုံးကို အတိုင်းအတာ တစ်ခုထိ ညစ်ညမ်းမှုဖြစ်စေပါတယ်” ဟု ၎င်း၏အမြင်ကို ပြောသည်။
မြစ်ဆုံစီမံကိန်းရပ်တန့်အောင် ကန့်ကွက်လှုပ်ရှားခဲ့သူများထဲမှ တစ်ဦးဖြစ်သူ မုံရွာဒေသခံ ဒေါ်ဒေ၀ီသန့်စင်ကလည်း ၂၀၁၂ခုနှစ်အတွင်းက ထွက်ရှိခဲ့သော သတ္ထုတွင်းဥပဒေအတိုင်း လိုက်နာကျင့်သုံး အကောင်အထည်ဖော်စေလိုကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
“ကြေးစင်တောင်နဲ့လက်ပံတောင်းတောင်က ကြေးနီထုတ်ယူမှုတွေကြောင့် အဲဒီ အနီးတ၀ိုက်က ဒေသတွေရဲ့ လေထု၊ မြေထုရေ၊ ရေထုပါ ထိခိုက် ပျက်စီးနေတဲ့ အထောက်အထားတွေ ရှိပါတယ်။ ရေရှည်မှာ အဲဒါတွေက နေတဆင့် လူတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်ပျက်စီးစေပါလိမ့်မယ်။ အသက်အန္တရာယ် ရှိနိုင်တာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ၀မ်ပေါင် ကုမ္ပဏီအနေနဲ့ ဆက်လုပ်မယ်လို့ ဆုံးဖြတ်ရင်လည်း သတ္ထု တွင်းဥပဒေကို တလေးတစား လိုက်နာဆောင်ရွက်စေချင်ပါတယ်”ဟု မြန်မာ့အစိမ်းရောင် ကွန်ယက်မှ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ဒေဝီသန့်စင်က ဆိုသည်။
လက်ပံတောင်းတောင်အနီးရှိ စံပယ်တောင်တွင် ကြေးနီစတင်ထုတ်ယူစဉ်က အမှုန့်ကြိတ်ချေသန့်စင်သည့် နည်းစနစ်ကို အသုံးပြုခဲ့သော်လည်း စရိတ် စကကြီးမားသောကြောင့် မိုးကာပေါ်ပုံပြီး ဆာလဖြူရစ်အက်ဆစ် ဖြန်းသည့် စနစ်(စပန်လာစနစ်)ဖြင့် ပြောင်းလဲထုတ်လုပ်ခဲ့ကြကြောင်း၊ အက်စစ်ဖြန်း ထားသည့်မြေဧကမှာပင် ၇၀၀ ကျော်ရှိနေပြီး မိုးရာသီတွင် အက်စစ်များ မပြန့်ရန် ဆည်ဘောင်များ ပြုလုပ်ထားသည် ဆိုသော်လည်း စနစ်တကျ မရှိခြင်းကြောင့် ကျေးရွာစိုက်ခင်းနှင့် ရေမြောင်းများထဲသို့ ပျံ့နှံခြင်းများ ရှိခဲ့ဖူးကြောင်း၊ စပယ်တောင်မှ ထွက်ရှိသော ကြေးနီစွန့်ပစ်မြေများကို အနီးရှိ ကံကုန်းကျေးရွာ၊ ဒုန်းတောကျေးရွာ၊ ဂုံတော်ကျေးရွာနှင့် ရွာသာကျေးရွာ များမှ လယ်မြေများတွင် စွန့်ပစ်ထား ခြင်းကြောင့် မူလစပယ်တောင်အမြင့်၏ ထက်ဝက်ကျော်သို့ ရောက်ရှိနေကြောင်းလည်း စပယ်တောင်ကြေးနီထုတ် ယူမှုအား လေ့လာခဲ့သူ သစ်ပင်ချစ်သူများကွန်ယက်မှ ဦးစိုင်းကျော်အေးက လည်း ဆိုသည်။
၎င်းအပြင် ကြေးစင်တောင်ကြေးနီစီမံကိန်းမှ စွန့်ပစ်မြေစာများကြောင့် ကောက်ပဲသီးနှံများ စိုက်ပျိုး၍ မရတော့ခြင်း၊ ကြေးနီထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆာလဖြူရစ်အက်ဆစ်များ နီးစပ်ရာရေထဲသို့ ပျံ့နှံ့ စိမ့်ဝင်ခြင်းတို့ကြောင့် သောက်သုံးရေခက်ခဲခြင်းများ တွေ့ကြုံနေရကြောင်း
ဒေသခံများကလည်း ဆိုသည်။
“သတ္ထုတူးဖော်ရေး ကုမ္ပဏီကနေ စွန့်ပစ်မြေစာပုံကြီးတွေ လယ်ကွင်းထဲ လာပုံတော့ လယ်ထွန်လို့လည်း မရတော့ဘူး။ စိုက်လို့လည်း မရတော့ဘူး။ ဒီအတိုင်းထားလိုက်ရတယ်။ အစက သုံးနှစ်သီးနှံလျော် ကြေးပေးမယ်။ အဲဒီ နောက်ပိုင်း ပြန်စိုက်လို့ရတယ်လို့ ပြောပြီး အခုကျတော့ မြေလျော်ကြေးလို့ နာမည်တပ်ပြီး မြေပါသိမ်းသွားတယ်”ဟု ဆည်တည်းရွာသားတစ်ဦးက
ပြောကြားသည်။
စပယ်တောင်အနီးရှိ ကံကုန်းကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ ကိုမိုးခိုင်က လည်း “ကျွန်တော်တို့ရွာမှာ သောက်ရေတောင် သောက်လို့ မရတော့ဘူး။ တရုတ်ကုမ္ပဏီတစ်ခုက ရေသန့်စက် လုပ်ပေးထားပေမယ့် စက်ကရေက သိပ်မကောင်းဘူး”ဟု ဆိုသည်။
လက်ပံတောင်းတောင်တွင် လုပ်ဆောင်နေသော ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ယခင်စံပယ်တောင်၊ ကြေးစင်တောင်များတွင် စီမံကိန်းများ ပြုလုပ်ခဲ့စဉ်က လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုများ အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၀မ်ပေါင် ကုမ္ပဏီ မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှူး ဦးကိုမြင့်က ပြောကြားခဲ့သည်။
“အရင် စံပယ်တောင်နဲ့ ကြေးစင်တောင်စီမံကိန်း အနီးတစ်ဝိုက်မှာရှိတဲ့ ကန်ကုန်းကျေးရွာမှာ (၁၁)လအတွင်း လူ၂၅ဦးသေတယ်။ (၉)ဦးက ကင်ဆာရောဂါနဲ့ သေတယ်။ အက်စစ်အနံ့တွေကြောင့်ပဲ သူတို့ခံစားနေရ တယ်လို့ လေ့လာတဲ့ပညာရှင်တွေက ပြောတယ်။ NLDက လွှတ်တော်အမတ် လာစစ်တုန်းကလည်း သူကိုယ်တိုင် အက်စစ်အနံ့တွေ ရှုသွားရတယ်။ လက်ပံတောင်းတောင်ကို အရင်တောင်တွေလို ဆက် လုပ်မယ်ဆိုရင် ဒီလိုပဲဆက်ဖြစ်အုန်းမှာပဲ”ဟု မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကျောင်း သားများကွန်ယက်မှ ကိုသော်ဇင်က ပြောကြားသည်။
စပယ်တောင်နှင့် ကြေးစင်တောင်တို့တွင် ကြေးနီထုတ်ယူမှုတို့ကြောင့် ဖြစ်ပေါ်လာသော သဘာဝ ပတ်ဝန်းကျင်အခြေအနေများကြောင့် လက်ပံတောင်း တောင်တွင်လည်း အလားတူထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည် စိုးသည့်အတွက် ဒေသခံများကမူ လက်ပံတောင်းတာင် စီမံကိန်း လုံးဝ ရပ်ဆိုင်ပေးရန်အတွက်သာ မျှော်လင့်နေကြသည်။
ပထမအကြိမ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းစဉ်က ပါဝင်ခဲ့ပြီး လက် ပံတောင်းတောင်ကြေးနီစီမံ ကိန်းရပ်ဆိုင်းရေးအတွက် အဓိက ပါဝင် လှုပ်ရှား ခဲ့သောမသွဲ့သွဲ့ဝင်းက “အခု တုံရွာမှာ သပိတ်စခန်း ဖွင့်ထားတယ်ဆိုပေမယ့် ကျွန်မတို့က အဲ့ဒီကိုမသွားပါဘူး။ ကော်မရှင်ဝင်နေလို့ ခဏ စောင့်ကြည့်နေ တယ်။ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က ကျွန်မတို့ လိုချင်တဲ့ လက်ပံတောင်းတောင် စီမံကိန်း လုံးဝဖျက်သိမ်းပေးမယ်ဆိုတဲ့ အဖြေမဟုတ်ရင်တော့ ဆက် လက်ဆန္ဒဖော်ထုတ်သွားမှာပါ”ဟုဆိုသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ပြည်တွင်းမှ သဘာဝ ပတ်ဝန်းကျင်ပညာရှင်များက လက်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ဆောင်ချက်များအား စုံစမ်းစစ်ဆေးနေသော ကော်မရှင်၏အဖြေကို စောင့်မျှော်နေကြပြီး ကော်မရှင်၏ အဖြေပေါ် မူတည်၍ ဆက်လက် တောင်း
ဆိုမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဒေသခံတချို့ကလည်း ဆားလင်းကြီးမြို့နယ် တုံကျေးရွာတွင် လက်ပံတောင်း
တောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဆုံးဖြတ်ချက်မျှတမှန်ကန်ရေးတို့ကို သပိတ်စခန်းဖွင့်ပြီး ဆက်လက်တောင်း ဆိုမှုများ ပြုလုပ်လျှက်ရှိနေကြောင်း သိရသည်။
“လက်ရှိ အခြေအနေမှာဒေသခံတွေအနေနဲ့ ကျန်းမာရေး ထိခိုက်တာတွေ လယ်မြေတွေ ဆုံးရှုံးပြီး စားဝတ်နေရေး ကျပ်တည်းနေတာတွေ၊ လူ့ အခွင့် အရေးဆုံးရှုံးနေတာတွေအတွက် ထာဝစဉ်တားဝရမ်းထုတ်ဖို့ လက်ရှိအစိုးရကို တရားစွဲသင့်တယ်လို့ အကြံပေးချင်ပါတယ်။ ဒီနေရာမှာ ဒီ လုပ်ငန်းကို ဘယ်တော့မှဆက်မလုပ်ဖို့ တားမြစ်ပေးပါဆိုပြီး တရားစွဲလို့ရပါတယ်။ တရားစွဲဆို ပြီးရင် အစိုးရနဲ့ဝမ်ပေါင် ချုပ်ဆိုထားတဲ့ စာချုပ်ကို တောင်းကြည့်လို့ရသလို ဦးပိုင်က စစ်တပ်ဖြစ်နေတဲ့အတွက် လက်နက်ကိုင်အဖွဲအစည်းက စီးပွားရေး မလုပ်ရဘူးဆိုတဲ့ ဥပဒေလည်း ရှိနေတဲ့ အတွက် ဒါတွေကို တရားစွဲပြီး ဆက် လက်ထောက်ပြသွားရင် ရနိုင်ပါတယ်။ လျော်ကြေးယူလို့ မရပါဘူး။ ကျွန်
တော့်အမြင်အရ ဒေသခံတွေဘက်က နိုင်ဖို့ (၇၅%)လောက် ရှိတယ်လို့ ထင်ပါတယ်”ဟု လက်ပံတောင်းတောင်စီမံကိန်းအား လေ့လာနေသော ဥပဒေပညာရှင်တစ်ဦးဖြစ်သူ ဦးမြင့်သွင်မှ အကြံပေးပြောကြားသည်။
မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်အား ပြင်းထန်စွာ ထိခိုက်စေနိုင်
သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စီမံကိန်းမှာ(၃)ခု ရှိနေပြီး ၎င်းတို့မှာ မြစ်ဆုံ စီမံကိန်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် ယခု လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းတို့ ဖြစ်သည်။ မြစ်ဆုံစီမံကိန်းအား ခေတ္တရပ်ဆိုင်းထားရန်
နိုင်ငံတော်သမ္မတက ယမန်နှစ်က ကြေညာခဲ့သည်။
မောင်ထိန်လင်း - The Myanma Age
ဓာတ်ပုံ - စူးရှ
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday, 10 January 2013
လက်ပံတောင်းတောင်စီမံကိန်းအား နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ စနစ်တကျ ရေးဆွဲစေလိုကြောင်း ပညာရှင်များဆို
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
January
(377)
- မြန်မာရန်ကုန်မြို့တော်..မှ
- မြန်မာရန်ကုန်မြို့တော်...မှ
- ဗန်းမော် မှာ ဗုံးပေါက်
- မာလီတိုက်ပွဲ ပြင်းထန်ဆဲ
- ဂဏန်းတွေလည်း နာ တတ်တယ်
- မြန်မာရန်ကုန်မြို့တော် မှ
- ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များ၌ ကမ္ဘာ့အဆင့်မီ ဟ...
- အအေးလှိုင်းဖြတ်သန်းနေ၍ လူအချို့လေဖြတ်
- ဖေဖော်ဝါရီလတွင် အအေးလှိုင်းဖြတ်ဦးမည်
- » စိတ်ကူးထဲကဖူးစာရှင်
- မန္တလေးတွင် တရားမဝင်လိုင်စင်မဲ့ယာဉ်များကို ထိရောက်စ...
- ထွက်နှုန်းလျော့ကျ၍ ခင်ဦးမှစပါးစိုက်တောင်သူများ အခက်...
- ဇန်န၀ါရီလ (၁၇)ရက်နေ့ ထုတ် The Hot News Weekly Jour...
- ၂၀၁၂ခုနှစ်အတွက် Ion Ratiu Democracy Award ဆု ဒေါ်အေ...
- နယူးယောက်ပြည်နယ်မှာ သေနတ်ဥပဒေ ပြဌာန်း
- လူ့ဘောင်သစ်ပါတီ တရားဝင်ရပ်တည်ဖို့ရှိ
- ဆီးရီးယား Aleppo တက္ကသိုလ်ပေါက်ကွဲမှု အနည်းဆုံး ၅၂ ဦ...
- ကချင်အရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်ဟု...
- ဆင်းရဲနေချိန်ကာလမှာ တိုင်းပြည်က ဘာလိုချင်တယ် ပြောေ...
- ခရိုနီ ပေးတဲ့ ရန်ပုံငွေ ကိစ္စ NLD တုံ့ပြန်
- ကချင်ပြည်နယ်မှာ တိုက်ပွဲနဲ့ ဗုံးခွဲမှုတွေ ဆက်ဖြစ်ပွား
- တရုတ်နိုင်ငံမှာ အလုပ်ကြမ်းစခန်းတွေ မပိတ်သေး
- ပါကစ္စတန် ဝန်ကြီးချုပ်ကို ဖမ်းဆီးမိန့်ထုတ်
- မာလီသူပုန်တွေကို ပြင်သစ် လေကြောင်းကဆက်တိုက်
- အီဂျစ်မှာ ရထားမှောက်လို့ လူ ၁၉ ဦးသေဆုံး
- အတန်းပိုင် ဆရာမက ဒုတိယတန်း ကျောင်းသားအား ရိုက်နှက်...
- နဘားဘူတာအနီး ရထားသံလမ်း တံတား ပေါက်ကွဲမှု (သတင်း-ဓါ...
- မိုဘိုင်းဖုန်းကတ် ရောင်းချရန် ခွင့်ပြုမိန့် မရသေးဟ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် မဇ္ဈိမ ဂျာနယ် အတွဲ (၂) အမှတ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် First Eleven Sports Journal...
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် JOB Opportunit No 11
- ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၃၉
- ကချင်အရေး နှစ်ဖက်လုံး ညှိုနှိုင်းဖြေရှင်းကြဖို့ အမေရ...
- မြန်မာအပေါ် ပိတ်ဆို့မှု ပြန်သုံးသပ်နိုင်
- ဆိုးဆေးများရောင်းချပါက တရားစွဲမည်
- ငါးထောင်တန်ငွေဖြည့်ကဒ်များငွေမပြည့်ခြင်းများဖြစ်ပေ...
- ထိုင်းမှ အကြီးစားစက်ယန္တရား ကုမ္ပဏီ TMC Industrialြ...
- မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း တံတားနှစ်စင်း မု...
- » ရွှေလင်ဗန်း စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ အလုပ်သမား...
- ကြေးနီတောင်စီမံကိန်းမှာ ညမထွက်ရအမိန့် ဆက်လက်ထုတ်ထားဆဲ
- ကြေးနီတောင်စီမံကိန်း အစီရင်ခံစာ ပြည်သူတွေကို အသိပေ...
- မုံရွာမြို့ မှ ရက်စက်တဲ့ မယားသတ်မှု
- (ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး) ဦးရဲထွဋ်၏ fac...
- အစိုးရတပ်၏ လက်နက်ကြီး လိုင်ဇာမြို့ထဲကျ၊ အရပ်သား သေ...
- ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အ...
- ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ
- swf song များ
- တိတ်တခိုးအချစ်-မီမီဝင်းဖေ
- mm-flashsongs
- ♥♥♥♥♥♥♥♥ရင်ခွင်ဦးမှအပြန်♥♥♥♥♥♥♥♥
- ၂၀၁၂ ခုနှစ် လူကုန်ကူးမှု၌ အဓမ္မ လက်ထပ် ထိမ်းမြားမှု အ...
- ယခုနှစ်ကုန်၌ SE-ME-WE-5 တည်ဆောက်မှု စတင်မည်
- ရန်ကုန်တိုင်း ဒေသကြီး၌ တရားမ၀င် သဲလှေ အစီး ၁၀၀ ခန်...
- ကဏ္ဍသုံးခု အတွက် နိုင်ငံတကာ လုပ်ငန်းရှင်များ ပါဝင်လာ...
- မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအား ယူနက်စကိုသို့ ထပ...
- ဘူတန်နိုင်ငံသို့ ဆရာဝန်များ စေလွှတ်ရန်ရှိ
- Diamond Valley Rise စင်တာအား ၂၇ထပ် ဆောက်လုပ်မည်
- ဖခင်ဖြစ်သူအားသတ်ခဲ့သည့်သားကို ရဲတပ်ဖွဲ့က ဖမ်းဆီးအေ...
- ရိုးရိုးလေးကိုသိန်းနိုင်အား ပုဒ်မ(၃)ခုဖြင့် အမှုဖွင...
- ဖားကန့်မြို့ ၊ မှော်ဆီဇာ မြေစာပုံ လမ်းဘေးတွင် လူတစ...
- မြောက်ဦးမြို့နယ်တွင်း တာဝန်ကျ တပ်ကြပ်တစ်ဦး ဓားဖြင့...
- ဆန္ဒပြခေါင်းဆောင်များကို တရားစွဲမှု ရုပ်သိမ်းရန် တော...
- ကေအိုင်အေဌာနချုပ် လိုင်ဇာကို လက်နက်ကြီးကျ၊ အရပ်သား...
- ရေလုပ်သားအခွင့်အရေး ဆုံးရှုံးနေသူ ၄၀၀၀ ခန့် ဆန္ဒပြ
- လက်ပံတောင်းတောင်အရေး သမ္မတထံ ကြားဖြတ်အစီရင်ခံစာ တင်...
- နိုင်ငံတော် သမ္မတ ၏သဘောထားမှတ်ချက် ပျက်ပျယ်
- လိုင်ဇာတွင် လက်နက်ကြီးကျည်ကျ ဒေသခံ သုံးဦးသေ၊ လေးဦး...
- ကိုမင်းကိုနိုင်၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ်
- ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် Mobile Guide Journal
- တိုင်းလွှတ်တော်မှ မစုံစမ်း မစစ်ဆေးသင့်ဆိုသည့် ညွှန်ြ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် Digital Life Issue: 37
- ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် Weekly Eleven News Journal ...
- ကချင်တိုက်ပွဲ ကြောင့် ဒုက္ခသည် ပိုများ
- ICRC အကြီးအကဲ မြန်မာနိုင်ငံရောက်ရှိ
- အိန္ဒိယ နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ အုပ်စုဖွဲ့ မုဒိမ်...
- သီရိလင်္ကာ တရားသူကြီးချုပ်ကို ရာထူးကဖယ်ရှား
- ရဟတ်ယာဉ်ပျက်မှု နှစ်ဘက် အပြန်အလှန်ပြော
- ဖါးကန့် ကျောက်စိမ်းတွင်းဒေသဖက်မှာ တိုက်ပွဲဖြစ်နေ
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ ...
- ဇန်န၀ါရီလ(၁၀)ရက်နေ့ ထုတ် ပြည်သူ့ ခေတ် ဂျာနယ် Vol 3...
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် HR journal အမှတ်(၁၇၇)
- ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့် မြန်မာ့နိုင်ငံရေး
- ကြေးနီတောင်စီမံကိန်းတဝိုက် သဘာဝပတ်ဝန်းကျင် ပျက်စီး...
- ဒေါ်အောင်ဆန်းစုကြည် ကရင်နှစ်သစ်ကူး သဝဏ်လွှာပေးပို့
- နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဆေးကုသမှု ...
- ခင်ဦးမြို့နယ်တွင် မိုးခေါင်မှုကြောင့် စပါးခင်းများ ...
- တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ အရ...
- နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ အသစ်ရောင်းချမည့်...
- Thailand actress @2012 thai dress- What Makes You ...
- 2012 Cotton Day Thailand Fashion Show.mov
- ရန်ကုန်ရဲ့ မွန်းကြပ်မှုက ဝေးလွင့်ရာ လမ်း ၅၀ ကဖေး
- ကေအိုင်အေနှင့် အစိုးရအကြား ခေတ်မီ နည်းပညာသုံး ဆွေး...
- စစ်အသုံးစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်၏ ၂၁ ရာခိုင်နှု...
- ညနေပိုင်း ပြည်တွင်း သတင်း အစီအစဉ်များအား အချိန်ပြေ...
- ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကု...
- Johns Hopkins တက္ကသိုလ်မှ ပြည်တွင်း၌ သင်တန်းများ ပိ...
- အိမ်ရာ အဆောက်အအုံ၊ နေထိုင်မှုနှင့် မော်တော်ယာဉ် ပြပ...
- မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွား လုပ်ငန်...
- မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီအားြ...
- ပြည်တွင်း၌ Specialist Society များ ဖွဲ့စည်းရန် အား...
-
▼
January
(377)
No comments:
Post a Comment