ရခိုင်ပြည်နယ်က ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး၊ လက်ပံတောင်း တောင်အရေး ၊ မိုးထိ မိုးမိနဲ့ ရွှေတော်ဝင် အလုပ်သမား ဆနပြမှု ကိစ္စတို့လို လတ်တလော မြန်မာနိုင်ငံရေးမှာ ထိပ်ဆုံးတန်းက နေရာယူထားတဲ့ အရေး ကိစ္စတစ်ချို့(နှိုင်းယှဉ်ချက်အရ) နည်းနည်းလေး အသံ တိုးတိမ်သွားချိန်မှာ နှစ်ဟောင်းကတည်းက အရှိန်မြင့်တက် လာနေခဲ့ပြီး နှစ်သစ်ရဲ့ နိဒါန်းမှာ အထွတ်အထိပ်ကို ရောက်လာပြီလားလို့ လူအများ တွေးတော စိုးရိမ်ပူပန်နေ ကြတဲ့ကိစ္စတစ်ခုကတော့ ကချင်ပြည်နယ်မှာ သေနတ်သံတွေ မစဲ သေးတဲ့အခြေအနေဖြစ်ပြီး အဲဒီကိစ္စနဲ့အတူ အခုတလောလေးမှာ ပြည်သူ့ အလွှာမျိုးစုံအကြား ဆွေးနွေးလာကြတဲ့ အကြောင်းအရာ တစ်ခုကတော့ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ မြန်မာနိုင်ငံရဲ့ သမ္မတဘယ်သူဖြစ်လာနိုင်သလဲဆိုတဲ့ ခေါင်းစဉ်ဖြစ်တယ်ဗျ။
ကချင်ပြသနာ ဆင်ခြေရာ မရှာချင်တော့
နှစ်သစ်မှာ အရေးတကြီးဖြစ်လာတဲ့ အဲဒီကိစ္စနှစ်ခုမှာ ကချင်ပြည်နယ်က စစ်ပွဲတွေ ကိစ္စကတော့ ]ရှေ့နေသားအဖပုံပြင်} အပါအ၀င် ဆောင်းပါးပေါင်းများစွာတို့နဲ့ ဂျာနယ်တချို့မှာ ကျွန်တော် တင်ပြ ဆွေးနွေးခဲ့ပြီးဖြစ်တာကြောင့် အပ်ကြောင်း ထပ်နေပြီဖြစ်ပြီး (အနည်းဆုံးတော့ အခု လောလောဆယ်မှာ) ဆင်ကောင်ကြီးတွေ့ နေပါလျက် ဆင် ဟုတ် မဟုတ် သေချာအောင် ဆင်ခြေရာ ရှာတဲ့ အလုပ်ကို ထပ်လုပ်ဖို့ ကျွန်တော့်အနေနဲ့ စိတ် မပါ့တပါဖြစ်နေတဲ့အတွက် လက်ရှောင် ထားပြီး ကျန်တဲ့ကိစ္စတစ်ခု အကြောင်းကိုပဲ ဆွေးနွေးချင်တယ်ဗျာ။
ဘယ်သူ့လက်ထဲ အာဏာရောက်မလဲ
၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ကျွန်တော်တို့နိုင်ငံရဲ့ သမ္မတ ဘယ်သူဖြစ်လာမှာလဲ။ ဟုတ်ပါတယ်။ ဒီမေးခွန်းဟာ ကျွန် တော် အင်မတန် စိတ်ဝင်စားနေတဲ့မေးခွန်းဖြစ်သလို မြန်မာပြည်သူ အားလုံးလည်း အထူးစိတ်ဝင်စားတဲ့ မေးခွန်းဖြစ်လိမ့်မယ်လို့ ယူဆမိတယ်ဗျ။
သမ္မတက အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးရဲ့ထိပ်ဆုံးမှာ ရှိတဲ့ စနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ ]သမ္မတ ဘယ်သူဖြစ်လာမလဲ} ဆိုတဲ့ မေးခွန်းရဲ့အဓိပ္ပာယ်က ]နိုင်ငံတော်အာဏာကို ဘယ်သူရမလဲ} ဆိုတာပဲ ဖြစ်တယ်ဗျ။ အဲဒီတော့ အဲဒီစနစ်ကျင့်သုံးတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ]၂၀၁၅ ရွေးကောက်ပွဲအပြီး ]သမ္မတ ဘယ်သူဖြစ်လာမလဲ} ဆိုတဲ့ မေးခွန်းရဲ့ အဓိပ္ပာယ်က ]၂၀၁၅ ရွေးကောက်ပွဲအပြီး နိုင်ငံ တော် အာဏာ ဘယ်သူ့လက်ထဲ ရောက်မလဲ} ဆိုတာ ဖြစ်တယ်ဗျ။
ဒီချုပ်ပါဝင်လာချိန်ကစလို့
တကယ်တော့ အဲဒီကိစ္စကို ပြည်သူတွေ စိတ်ဝင်တစား ဖြစ်လာကြတာ အခုမှ မဟုတ်ဘူးဗျ။ ၂၀၁၀ ရွေးကောက်ပွဲက တစ်ဆင့်တက်လာတဲ့ ]အမည်ခံ}ပဲ ပြောပြော၊ လိုရင်လိုသလို မလိုရင် မလိုသလို အမည်ပေး ကင်ပွန်းတပ်ခံခဲ့ရတဲ့ အရပ်သား အစိုးရ တက်လာခဲ့ ပြီးတဲ့နောက်မှာတောင် တရားမ၀င် အဖွဲ့အစည်းသဖွယ် ရှိနေခဲ့ဆဲ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် ပြန်လည် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်မယ်လို့ ကြေညာလိုက်တဲ့ အချိန်ကတည်းက ဖြစ်တယ်ဗျ။ ဒါပေမယ့် အဲဒီအကြောင်းအရာဟာ အကြောင်းကြောင်းတွေကြောင့် ငုပ်လျှိုး နေခဲ့ရာက ဒေါ်အောင်ဆန်းစုကြည် အမေရိကခရီးစဉ်အတွင်း စကားတစ်ခွန်းပြောလိုက်ပြီးတဲ့ နောက်မှာမှ နောက်တစ်ကြိမ် ပြန်ပြီး ]ဟော့} (hot)လာတာ ဖြစ်တယ်ဗျ။ မကြာမတင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ မြိတ်၊ ကော့သောင်းခရီးစဉ်တွေမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောလိုက်တဲ့အခါမှာတော့ အဲဒီ အကြောင်းအရာဟာ ပြည်သူ့ရှေ့ဆောင်ဂျာနယ်တွေနဲ့ အသံလွှင့်မီဒီယာတွေကတဆင့် ပြည်သူတွေကြား ပျံ့နှံ့ရောက်ရှိသွားပြီး စိတ်ဝင်တစား ဆွေးနွေး စရာ ကိစတစ်ခုဖြစ်လာခဲ့တာ ဖြစ်တယ်ဗျာ။
ဓား ဘယ်သူ့လက်ထဲမှာ ရှိသလဲ
၂၀၁၅ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံရဲ့ သမ္မတ ဘယ်သူဖြစ်လာမလဲ သို့မဟုတ် နိုင်ငံတော်အာဏာ ဘယ်သူ့လက် ထဲ ရောက်မလဲ။ အဲဒီကိစ္စဟာ ပြည်သူတွေအတွက် အရေးကြီး သလားလို့မေးလာရင် အသက်လောက် အရေးကြီးတယ်လို့ ကျွန်တော် ယူဆတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်ပေါင်းငါးဆယ်လုံးလုံး နိုင်ငံတော်အာဏာဟာ ပြည်သူလူထုရဲ့ ကိုယ်စားလှယ် အစစ်အမှန်များ လက်ထဲမရှိခဲ့ဘဲ အာဏာ လက်ထဲရှိနေတဲ့သူတွေကလည်း အရာကိစ္စတွေကို လွဲလွဲမှားမှား စီမံခန့်ခွဲခဲ့ကြတဲ့အတွက် ကျွန်တော်တို့နိုင်ငံ ကမ္ဘာ့ အလယ်မှာသာမက ဒေသတွင်းမှာတောင် ]ဓားမနောက်ပိတ်ခွေး} ဘ၀ ရောက်သွားခဲ့ရတာကို ကျွန်တော်တို့ရဲ့ သက်တမ်းအတွင်း မျက်ဝါးထင်ထင် တွေ့မြင်ခံစားခဲ့ရလို့ပဲ ဖြစ်တယ်ဗျ။ နိုင်ငံရေးပါတီတစ်ခုရဲ့စာစောင်တစ်ခုထဲ မကြာသေးခင်က ဖတ်ခဲ့ရတဲ့ ဆောင်းပါးတစ်ပုဒ်ထဲကလိုပဲ ဓားက သံချောင်းလက်ထဲမှာ ရှိသလား၊ ဦးဘရန် လက်ထဲမှာ ရှိသလား (ဆရာမြသန်းတင့်ရဲ့ ဓားတောင်ကို ကျော်ရွေ့ မီးပင်လယ်ကို ဖြတ်မည် ၀တ္ထုကြီးထဲက ဇာတ်ကောင်များကို တင်စားချက်)ဆိုတဲ့အချက်က အရာရာကို အဆုံး အဖြတ်ပေးမှာဖြစ်ကြောင်း ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းက သက်သေ အထင်အရှားပြသခဲ့ပြီး ဖြစ်တယ်ဗျ။
အာဏာနဲ့ သြဇာ
အာဏာနိုင်ငံရေးအကြောင်း ပြောတဲ့အခါ စကားမကျန် အောင် အာဏာနဲ့ ဆက်စပ်ခြင်းမရှိတဲ့ နိုင်ငံရေးအကြောင်းလည်း ပြောကြရမှာဖြစ်တယ်ဗျ။ တချို့ကတော့ အဲဒီနှစ်မျိုးကို အာဏာနိုင်ငံ ရေး သို့မဟုတ် ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးဆိုပြီး ခွဲပြော ချင်တတ်ကြတယ်ဗျ။ အာဏာကို မျှော်မှန်းတဲ့ နိုင်ငံရေးနဲ့ အာဏာကို မမျှော်မှန်းတဲ့နိုင်ငံရေးပေါ့ဗျာ။ စာရေးဆရာကြီး ဦးအောင်သင်းကတော့ အဲဒီ နှစ်မျိုးကို ]အာဏာ} နဲ့ ]သြဇာ} ဆိုပြီး ခွဲခြားဖွင့်ဆိုရေးသားခဲ့တာ ကျွန်တော် ဖတ်ခဲ့ဖူးတယ်ဗျာ။ သိုးဆောင်းဘာသာနဲ့ (material authority)နဲ့ (moral authority)ရယ်လို့ ခွဲခြားနိုင်မယ် ထင်တယ်ဗျ။
ထိရောက်ထက်မြက်တဲ့စွမ်းအင်
နိုင်ငံတစ်ခုရဲ့ အရေးအရာကိစ္စမှန်သမျှမှာ အဲဒီအရာနှစ်ခု ဟာ ညီတူမျှတူ အရေးပါတဲ့ ထောက်တိုင်ကြီးနှစ်ခုဖြစ်တယ်ဗျ။ နိုင်ငံ တော်အာဏာဟာ အင်မတန်မှ ထိရောက် ထက်မြက်တဲ့စွမ်းအင် တစ်ခုဖြစ်တဲ့အတွက် နိုင်ငံတော်ကို တည်ဆောက် ထူထောင်လိုတဲ့ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များဟာ နိုင်ငံတော်အာဏာ ကို မဖြစ်မနေ မျှော်မှန်းကြရမှာဖြစ်သလို နိုင်ငံရေးအာဏာကို မျှော်မှန်းခြင်းမရှိတဲ့ လူပုဂိုလ်တွေ၊ အဖွဲ့အစည်းတွေဟာလည်း မိမိတို့ ရဲ့ ဖြူစင်တဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကို အရင်းပြုပြီး နိုင်ငံတည် ဆောက်ရေးမှာ မရှိမဖြစ် လိုအပ်တဲ့ သြဇာအရှိန်အ၀ါ (moral authority) ကို ထူထောင်ကြရမှာပဲ ဖြစ်တယ်ဗျ။ တကယ်တော့ အဲဒီသြဇာအရှိန်အ၀ါဆိုတာဟာ တမင် ထူထောင်စရာတောင်မလိုဘဲ မှန်မှန် ကန်ကန် ဖြူဖြူစင်စင် လုပ်တဲ့သူဆီ အလိုအလျောက် ရောက်ရှိလာတာမျိုးပဲ ဖြစ် တယ်ဗျ။
သြဇာ အရှိန်အ၀ါဆိုတာ
မဟတမဂန္ဒီတို့၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ စတဲ့ ပုဂိုလ်ကြီးတွေဟာ အဲသလိုမျိုး သူတို့ ပြည်သူတွေအပေါ် အင်မတန် မှ သြဇာအရှိန်အ၀ါကြီးသူတွေ ဖြစ်တယ်ဗျ။ သူတို့ဟာ လက်ထဲမှာ သံချောင်းရဲ့ဓားလည်းမရှိ၊ ဦးဘရန်ရဲ့ ဓားလည်းမရှိ၊ ကြက်သွန်လှီးတဲ့ ဓားမပြောနဲ့ အ၀တ်ချုပ်တဲ့ အပ်ကလေးတစ်ချောင်းတောင် မရှိ ပေမယ့် သူတို့စကားတစ်ခွန်းက ပြည်သူ အထောင်အသောင်း အသိန်းအသန်းကို ညွတ်နူးစွာ ရွေ့လျားနိုင်စေခဲ့တယ်ဗျာ။ လက်ရှိ အိန္ဒိယနိုင်ငံမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စစ်ပွဲကို နောက် မဆုတ်တမ်း ဆင်နွှဲနေတဲ့ အင်နာဟာဇဲဆိုတဲ့ ပုဂိုလ်ကြီးဟာလည်း သြဇာအရှိန်အ၀ါဆိုတဲ့ စကားလုံးရဲ့ အင်မတန်ကောင်းတဲ့ သက်ရှိဥပမာ တစ်ခု ဖြစ်တယ်ဗျ။
အာဏာနဲ့ သြဇာ တစ်ထပ်တည်းကျသွားရင်
အာဏာနဲ့ သြဇာတစ်ထပ်တည်းကျသွားပြီဆိုရင်တော့ အဲဒီနိုင်ငံဟာ ရှေ့ကို တစ်ဟုန်ထိုး တိုးတက်သွားတတ်တာ အမှန်ပဲဗျ။ တောင်အာဖရိကနိုင်ငံမှာ ပြည်သူတွေ အင်မတန်မှ လေးစားချစ်ခင် မြတ်နိုးတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နယ်လ်ဆင်မင်ဒဲလား သမ္မတ ဖြစ်သွားတဲ့အခါ ဘယ်တော့မှ ကျက်မှာမဟုတ်ဘူးလို့ တစ်ချိန်က ထင်မြင်ယူဆခဲ့ကြတဲ့ သမိုင်းဒဏ်ရာတွေ ကျက်သွားခဲ့ပြီး တိုင်းပြည် လည်း အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်သွားခဲ့တာ အားလုံးအမြင်ပဲ ဖြစ်တယ်ဗျာ။
အီရန်သင်ခန်းစာတစ်ခု
တစ်ခုတော့ သတိထားရမှာ ရှိတယ်ဗျ။ အီရန်အဖြစ်မျိုး မဖြစ်စေဖို့ပါ။ ၁၉၇၉ခုနှစ်က အီရန်နိုင်ငံမှာ ပဒေသရာဇ် ရှားဘုရင်ကို ဖြုတ်ချတဲ့တော်လှန်ရေးကြီးဖြစ်ခဲ့၊ အောင်ပွဲခံခဲ့တယ်။ သို့ပေမယ့် ပြည်သူ့အစိုးရစစ်စစ်မပေါ်ပေါက်လာဘဲ အားလုံးရဲ့ အထက်မှာ အယာတိုလာခိုမေနီဆိုတဲ့ ပုဂိုလ်ကြီးက ရှိနေပါရောလား။ သူမရှိပြန်တော့လည်း နောက်ထပ် အယာတိုလာကြီးတွေက သမ္မတရဲ့ အထက်မှာ ရှိနေဆဲ ဖြစ်တယ်ဗျာ။ ဘယ်ကိစ္စ မဆို နောက်ဆုံး အဆုံးအဖြတ်က အယာတိုလာကြီးပြီးမှ ပြီးရတယ်ဆိုတာ ဘယ်လို ဒီမိုကရေစီမျိုး ဖြစ်မလဲ ပေါ့ဗျာ။ ရှားဘုရင်လက်ထက်က ခေတ်မီတိုးတက်ခဲ့တဲ့ အီရန်ဟာ အခု ဘယ်အခြေအနေ ဖြစ်နေသလဲဆိုတာတော့ မျက်မှောက်ကာလ ကမ္ဘာ့သတင်းတွေမှာ ကြားရ မြင်ရတဲ့အတိုင်းပါပဲဗျာ။
ပြည်သူ့အစိုးရစစ်စစ်ပဲ လိုချင်ပါတယ်
သို့မို့ကြောင့် ကျွန်တော်တို့ကတော့ ၂၀၁၅မှာ မည်သူပဲ သမ္မတဖြစ်ဖြစ်၊ ပြည်သူ့ခေတ်ဂျာနယ်ရဲ့ မျက်နှာဖုံး ထိပ်ဆုံးမှာ တင်ထားထားတဲ့ မျှော်မှန်းချက်အတိုင်း ပြည်သူများအတွက် အလုပ်အကျွေးပြုမယ့်၊ ပြည်သူများကိုယ်တိုင်က ရွေးကောက် တင်မြှောက်သော၊ ပြည်သူများရဲ့ အစိုးရစစ်စစ် (of the people, for the people, by the people) ကိုသာ လိုချင်ကြောင်းပါဗျာ။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday, 10 January 2013
အာဏာ ဘယ်သူ့လက်ထဲ ရောက်မလဲ (မောင်ဝံသ)
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
January
(377)
- မြန်မာရန်ကုန်မြို့တော်..မှ
- မြန်မာရန်ကုန်မြို့တော်...မှ
- ဗန်းမော် မှာ ဗုံးပေါက်
- မာလီတိုက်ပွဲ ပြင်းထန်ဆဲ
- ဂဏန်းတွေလည်း နာ တတ်တယ်
- မြန်မာရန်ကုန်မြို့တော် မှ
- ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များ၌ ကမ္ဘာ့အဆင့်မီ ဟ...
- အအေးလှိုင်းဖြတ်သန်းနေ၍ လူအချို့လေဖြတ်
- ဖေဖော်ဝါရီလတွင် အအေးလှိုင်းဖြတ်ဦးမည်
- » စိတ်ကူးထဲကဖူးစာရှင်
- မန္တလေးတွင် တရားမဝင်လိုင်စင်မဲ့ယာဉ်များကို ထိရောက်စ...
- ထွက်နှုန်းလျော့ကျ၍ ခင်ဦးမှစပါးစိုက်တောင်သူများ အခက်...
- ဇန်န၀ါရီလ (၁၇)ရက်နေ့ ထုတ် The Hot News Weekly Jour...
- ၂၀၁၂ခုနှစ်အတွက် Ion Ratiu Democracy Award ဆု ဒေါ်အေ...
- နယူးယောက်ပြည်နယ်မှာ သေနတ်ဥပဒေ ပြဌာန်း
- လူ့ဘောင်သစ်ပါတီ တရားဝင်ရပ်တည်ဖို့ရှိ
- ဆီးရီးယား Aleppo တက္ကသိုလ်ပေါက်ကွဲမှု အနည်းဆုံး ၅၂ ဦ...
- ကချင်အရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်ဟု...
- ဆင်းရဲနေချိန်ကာလမှာ တိုင်းပြည်က ဘာလိုချင်တယ် ပြောေ...
- ခရိုနီ ပေးတဲ့ ရန်ပုံငွေ ကိစ္စ NLD တုံ့ပြန်
- ကချင်ပြည်နယ်မှာ တိုက်ပွဲနဲ့ ဗုံးခွဲမှုတွေ ဆက်ဖြစ်ပွား
- တရုတ်နိုင်ငံမှာ အလုပ်ကြမ်းစခန်းတွေ မပိတ်သေး
- ပါကစ္စတန် ဝန်ကြီးချုပ်ကို ဖမ်းဆီးမိန့်ထုတ်
- မာလီသူပုန်တွေကို ပြင်သစ် လေကြောင်းကဆက်တိုက်
- အီဂျစ်မှာ ရထားမှောက်လို့ လူ ၁၉ ဦးသေဆုံး
- အတန်းပိုင် ဆရာမက ဒုတိယတန်း ကျောင်းသားအား ရိုက်နှက်...
- နဘားဘူတာအနီး ရထားသံလမ်း တံတား ပေါက်ကွဲမှု (သတင်း-ဓါ...
- မိုဘိုင်းဖုန်းကတ် ရောင်းချရန် ခွင့်ပြုမိန့် မရသေးဟ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် မဇ္ဈိမ ဂျာနယ် အတွဲ (၂) အမှတ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် First Eleven Sports Journal...
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် JOB Opportunit No 11
- ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၃၉
- ကချင်အရေး နှစ်ဖက်လုံး ညှိုနှိုင်းဖြေရှင်းကြဖို့ အမေရ...
- မြန်မာအပေါ် ပိတ်ဆို့မှု ပြန်သုံးသပ်နိုင်
- ဆိုးဆေးများရောင်းချပါက တရားစွဲမည်
- ငါးထောင်တန်ငွေဖြည့်ကဒ်များငွေမပြည့်ခြင်းများဖြစ်ပေ...
- ထိုင်းမှ အကြီးစားစက်ယန္တရား ကုမ္ပဏီ TMC Industrialြ...
- မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း တံတားနှစ်စင်း မု...
- » ရွှေလင်ဗန်း စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ အလုပ်သမား...
- ကြေးနီတောင်စီမံကိန်းမှာ ညမထွက်ရအမိန့် ဆက်လက်ထုတ်ထားဆဲ
- ကြေးနီတောင်စီမံကိန်း အစီရင်ခံစာ ပြည်သူတွေကို အသိပေ...
- မုံရွာမြို့ မှ ရက်စက်တဲ့ မယားသတ်မှု
- (ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး) ဦးရဲထွဋ်၏ fac...
- အစိုးရတပ်၏ လက်နက်ကြီး လိုင်ဇာမြို့ထဲကျ၊ အရပ်သား သေ...
- ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အ...
- ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ
- swf song များ
- တိတ်တခိုးအချစ်-မီမီဝင်းဖေ
- mm-flashsongs
- ♥♥♥♥♥♥♥♥ရင်ခွင်ဦးမှအပြန်♥♥♥♥♥♥♥♥
- ၂၀၁၂ ခုနှစ် လူကုန်ကူးမှု၌ အဓမ္မ လက်ထပ် ထိမ်းမြားမှု အ...
- ယခုနှစ်ကုန်၌ SE-ME-WE-5 တည်ဆောက်မှု စတင်မည်
- ရန်ကုန်တိုင်း ဒေသကြီး၌ တရားမ၀င် သဲလှေ အစီး ၁၀၀ ခန်...
- ကဏ္ဍသုံးခု အတွက် နိုင်ငံတကာ လုပ်ငန်းရှင်များ ပါဝင်လာ...
- မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအား ယူနက်စကိုသို့ ထပ...
- ဘူတန်နိုင်ငံသို့ ဆရာဝန်များ စေလွှတ်ရန်ရှိ
- Diamond Valley Rise စင်တာအား ၂၇ထပ် ဆောက်လုပ်မည်
- ဖခင်ဖြစ်သူအားသတ်ခဲ့သည့်သားကို ရဲတပ်ဖွဲ့က ဖမ်းဆီးအေ...
- ရိုးရိုးလေးကိုသိန်းနိုင်အား ပုဒ်မ(၃)ခုဖြင့် အမှုဖွင...
- ဖားကန့်မြို့ ၊ မှော်ဆီဇာ မြေစာပုံ လမ်းဘေးတွင် လူတစ...
- မြောက်ဦးမြို့နယ်တွင်း တာဝန်ကျ တပ်ကြပ်တစ်ဦး ဓားဖြင့...
- ဆန္ဒပြခေါင်းဆောင်များကို တရားစွဲမှု ရုပ်သိမ်းရန် တော...
- ကေအိုင်အေဌာနချုပ် လိုင်ဇာကို လက်နက်ကြီးကျ၊ အရပ်သား...
- ရေလုပ်သားအခွင့်အရေး ဆုံးရှုံးနေသူ ၄၀၀၀ ခန့် ဆန္ဒပြ
- လက်ပံတောင်းတောင်အရေး သမ္မတထံ ကြားဖြတ်အစီရင်ခံစာ တင်...
- နိုင်ငံတော် သမ္မတ ၏သဘောထားမှတ်ချက် ပျက်ပျယ်
- လိုင်ဇာတွင် လက်နက်ကြီးကျည်ကျ ဒေသခံ သုံးဦးသေ၊ လေးဦး...
- ကိုမင်းကိုနိုင်၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ်
- ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် Mobile Guide Journal
- တိုင်းလွှတ်တော်မှ မစုံစမ်း မစစ်ဆေးသင့်ဆိုသည့် ညွှန်ြ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် Digital Life Issue: 37
- ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် Weekly Eleven News Journal ...
- ကချင်တိုက်ပွဲ ကြောင့် ဒုက္ခသည် ပိုများ
- ICRC အကြီးအကဲ မြန်မာနိုင်ငံရောက်ရှိ
- အိန္ဒိယ နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ အုပ်စုဖွဲ့ မုဒိမ်...
- သီရိလင်္ကာ တရားသူကြီးချုပ်ကို ရာထူးကဖယ်ရှား
- ရဟတ်ယာဉ်ပျက်မှု နှစ်ဘက် အပြန်အလှန်ပြော
- ဖါးကန့် ကျောက်စိမ်းတွင်းဒေသဖက်မှာ တိုက်ပွဲဖြစ်နေ
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ ...
- ဇန်န၀ါရီလ(၁၀)ရက်နေ့ ထုတ် ပြည်သူ့ ခေတ် ဂျာနယ် Vol 3...
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် HR journal အမှတ်(၁၇၇)
- ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့် မြန်မာ့နိုင်ငံရေး
- ကြေးနီတောင်စီမံကိန်းတဝိုက် သဘာဝပတ်ဝန်းကျင် ပျက်စီး...
- ဒေါ်အောင်ဆန်းစုကြည် ကရင်နှစ်သစ်ကူး သဝဏ်လွှာပေးပို့
- နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဆေးကုသမှု ...
- ခင်ဦးမြို့နယ်တွင် မိုးခေါင်မှုကြောင့် စပါးခင်းများ ...
- တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ အရ...
- နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ အသစ်ရောင်းချမည့်...
- Thailand actress @2012 thai dress- What Makes You ...
- 2012 Cotton Day Thailand Fashion Show.mov
- ရန်ကုန်ရဲ့ မွန်းကြပ်မှုက ဝေးလွင့်ရာ လမ်း ၅၀ ကဖေး
- ကေအိုင်အေနှင့် အစိုးရအကြား ခေတ်မီ နည်းပညာသုံး ဆွေး...
- စစ်အသုံးစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်၏ ၂၁ ရာခိုင်နှု...
- ညနေပိုင်း ပြည်တွင်း သတင်း အစီအစဉ်များအား အချိန်ပြေ...
- ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကု...
- Johns Hopkins တက္ကသိုလ်မှ ပြည်တွင်း၌ သင်တန်းများ ပိ...
- အိမ်ရာ အဆောက်အအုံ၊ နေထိုင်မှုနှင့် မော်တော်ယာဉ် ပြပ...
- မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွား လုပ်ငန်...
- မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီအားြ...
- ပြည်တွင်း၌ Specialist Society များ ဖွဲ့စည်းရန် အား...
-
▼
January
(377)
No comments:
Post a Comment