Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday, 10 January 2013
အိမ်ဖေါ်တွေကို အလုပ်သမားဥပဒေနဲ့ကာကွယ်ရမည်
မြန်မာနိုင်ငံသား အများအပြား အပါအ၀င် ကမ္ဘာတ၀ှမ်း သန်းနဲ့ချီရှိတဲ့ အိမ်ဖော် အလုပ်သမားတွေ ဟာ ဥပဒေနဲ့အညီ အကာ အကွယ်တွေ မရနိုင်ဘဲ ဖြစ်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ရဲ့အစီရင်ခံ စာသစ်က ဖော်ပြ လိုက်ပါတယ်။ မြန်မာနိုင်ငံသား အများအပြားရှိရာ အိမ်နီးချင်း တိုင်းပြည်တွေမှာဆိုရင်လည်း တရားဝင် အလုပ် လုပ်ကိုင်ခွင့်တွေ ရလာကြပေမဲ့ အခွင့်အရေးတွေ အပြည့်အ၀ မရနိုင်သေးဘဲ ဖြစ်နေရတယ်လို့လည်း ILO က ပထမဆုံးအကြိမ် ထုတ်ဝေလိုက်တဲ့ အစီရင်ခံစာမှာ ထောက်ပြတားတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးကတင်ပြပေးထားပါတယ်။
အမျိုးသမီး ၈၃ ရာခိုင်နှုန်း ပါဝင်တဲ့ ကမ္ဘာတ၀ှမ်းက အိမ်ဖော်အလုပ်သမား ၅၂ သန်းကျော်ဟာ နိမ့်ကျတဲ့ လုပ်ငန်းခွင် အခြေအနေတွေ၊ ဥပဒေနဲ့အညီ ခံစားခွင့်တွေ ကာကွယ်စောင့်ရှောက် မှုတွေ မရဘဲ ဖြစ်နေရတာကို ILO ရဲ့ လေ့လာချက်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် အိမ်ဖော်အလုပ် လုပ်သူတွေဟာ တခြားအလုပ်သမားတွေနဲ့ မတူဘဲ ခွဲခြား ဆက်ဆံခံရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ပိုပြီး ရင်ဆိုင်ရလေ့ရှိတယ်လို့လည်း ILO ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Sandra Polaski က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဗုဒ္ဓဟူးနေ့က အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ ပြောဆိုခဲ့တာပါ။
“အထူးသဖြင့် အိမ်မှာနေပြီး အလုပ်လုပ်ကြရတဲ့ အိမ်ဖော် အလုပ်သမားတွေအနေနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းသာမက လိင်ပိုင်းဆိုင်ရာ အရ အနိုင်ကျင့်ခံရတာ၊ နှောက်ယှက်တာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်တွေကို ကန့်သတ်ခံရတာတွေလို အခြေအနေမျိုး ကြုံရတတ်ပါတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေဟာဆိုရင်လည်း ခေါင်းပုံဖြတ်ခံရတာ၊ အနိုင်ကျင့်ခံရတာတွေလို အခြေအနေမျိုးနဲ့ ပိုပြီး ကြုံရနိုင်ပါတယ်။”
အာရှဒေသမှာ အိမ်ဖော်အလုပ်သမား ၂ သိန်းခွဲစီလောက် ရှိနေတဲ့ မလေးရှား၊ ထိုင်း စတဲ့ နိုင်ငံတွေမှာ ဆိုရင်လည်း အကာအကွယ်ပေးနိုင်တဲ့ အခြေအနေတွေ အားနည်းနေတာကို အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံသား သန်းဂဏန်းချီ အလုပ်လုပ်ကြတဲ့ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း နည်းလမ်းပေါင်းစုံနဲ့ ရောက်လာသူတွေဟာ နိုင်ငံခြားသား အလုပ်သမားတွေအဖြစ် မှတ်ပုံတင်ခွင့် ပြုထားတဲ့အတွက် ၂၀၁၀ ပြည့်နှစ်ထဲ လျှောက်ထားသူ ၈၈,၀၀၀ ထဲ မှာ မြန်မာနိုင်ငံသားတွေ ၈၀ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့ပါတယ်။ ဒီလိုတရားဝင် အလုပ်သမားတွေ အဖြစ်နဲ့ မှတ်ပုံတင်နိုင်တယ် ဆိုပေမဲ့လည်း အခွင့်အရေးတွေတော့ အပြည့်အ၀ မရနိုင်ကြဘူးလို့ ILO က ဆိုပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေထဲက အိမ်ဖော်အလုပ် လုပ်နေသူတွေကို လေ့လာချက် တခုမှာ ဆိုရင်တော့ အများစုဟာ နှုတ်အားဖြင့် စော်ကားတာ ခံကြရသလို၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့အထိ ကြုံခဲ့ကြရကြောင်း တွေ့ရှိခဲ့တာပါ။ စစ်တမ်းကောက်ယူခဲ့တဲ့ အိမ်ဖော်အလုပ်သမားတွေ အနက် ၁၄ ရာခိုင်နှုန်းဟာ အလုပ်ရှင်က မတော်တရော် ကိုင်တွယ်တာ ခံခဲ့ရကြောင်းနဲ့ အဓမ္မကျင့်ခံခဲ့ရတာက ၁ ရာခိုင်နှုန်း ရှိခဲ့ကြောင်းလည်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ပြဿနာ တခုကတော့ ဘယ်မှသွားခွင့် မပေးပဲထားတာဖြစ်ပြီး၊ စစ်တမ်းကောက်ယူသူတွေရဲ့ ထက်ဝက်လောက်ကိုသာ အလုပ်ရှင်က အပြင်ကလူတွေနဲ့ တွေ့ခွင့်ပြုခဲ့တာလို့လည်း အစီရင်ခံစာက ဖော်ပြခဲ့တာပါ။
အိမ်ဖော် အလုပ်သမားတွေရဲ့ အခွင့်အရေး အကာအကွယ် ပေးရေးမှာ အဓိက အဟန့် အတား ဖြစ်နေရတဲ့ စိန်ခေါ်မှုအနေနဲ့ကတော့ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ကိန်းဂဏန်း အချက်အလက်တွေကို တိတိကျကျ မစုစည်းနိုင်တဲ့ကိစ္စလို့လည်း ILO ရဲ့လုပ်ငန်းခွင် အခြေအနေဆိုင်ရာ ကျွမ်းကျင်သူ Martin Oelz က ပြောပါတယ်။
“အများပြည်သူကြား အချေအတင် ဆွေးနွေးမှုတွေမှာ အိမ်ဖော်လုပ်ငန်းအကြောင်း မပါတာ ကြာပါပြီ။ ဒါကတကယ့် ပြဿနာပါ။ ဘာကြောင့်လဲဆိုတော့ အိမ်ဖော် အလုပ်သမားတွေကို တယောက်ချင်း၊ တအိမ်ထောင်ချင်း၊ မိသားစု တစုချင်းစီက ငှားရမ်း ကြတာပါ။ စက်ရုံတွေ၊ ရုံးတွေမှာ ခန့်ထားတာမျိုးနဲ့ မတူပါဘူး။ ဒီအတွက်လည်း လူမှုရေး ကဏ္ဍနဲ့ အလုပ်သမား အခွင့်အရေး အတွက် ပြုပြင်ပြောင်းလဲမှုတွေမှာ အိမ်ဖော်လုပ်ငန်းက မပါနိုင်ပဲ ဖြစ်နေရတာပါ။ ဒီအတွက်လည်း သိက္ခာရှိတဲ့ အိမ်ဖော်အလုပ် ဖြစ်လာစေရေး မကြာသေးခင်ကပဲ ILO က ပဋိဉာဉ်တရပ်နဲ့ အကြံပြုချက်တွေကို ချမှတ်ခဲ့ပါတယ်။”
အခုအခါ ကမ္ဘာတ၀ှမ်း အိမ်ဖော်အလုပ်သမားတွေ တိုးပွားလာနေတာနဲ့အမျှ အခွင့်အရေး အတွက် အကာအကွယ်ပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း ILO အရာရှိ Oelz က ပြောဆိုခဲ့တာပါ။ ILO ရဲ့လေ့လာချက်အရ ကမ္ဘာတ၀ှမ်း သာမန် အလုပ်သမား ဥပဒေတွေကို ခံစားခွင့် ရတဲ့နေရာမှာတော့ တခြားအလုပ်သမားတွေနဲ့ ယှဉ်ရင် အိမ်ဖော်တွေဟာ ၁၀ % သာ ရကြတယ်လို့ ILO က ပြောပါတယ်။ အိမ်ဖော် အလုပ်သမားတွေရဲ့ ထက်ဝက်ကျော်ဟာ ဆိုရင်လည်း ဥပဒေနဲ့အညီ သတ်သတ် မှတ်မှတ်ထားတဲ့ အလုပ်ချိန်မျိုးမရှိဘဲ လုပ်ကိုင်နေကြရ သလို တပတ်တကြိမ် နားခွင့်၊ နှစ်စဉ်လစာနဲ့ခွင့် ရတာမျိုးလည်း မရှိကြပါဘူး။ ဒီလိုပဲ အမျိုးသမီး အများစုဖြစ်တဲ့ အိမ်ဖော် အလုပ်သမားတွေအနက် ထက်ဝက်ကျော်လောက်သာ အနိမ့်ဆုံးလစာ ခံစားခွင့် ရကြသလို၊ ၃ ပုံ ၁ ပုံကျော်ဟာ ဆိုရင်လည်း မီးဖွားချိန်အတွက် ခံစားခွင့် မရှိဘူးလို့ အစီရင်ခံစာက ဖော်ပြထားတာ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
January
(377)
- မြန်မာရန်ကုန်မြို့တော်..မှ
- မြန်မာရန်ကုန်မြို့တော်...မှ
- ဗန်းမော် မှာ ဗုံးပေါက်
- မာလီတိုက်ပွဲ ပြင်းထန်ဆဲ
- ဂဏန်းတွေလည်း နာ တတ်တယ်
- မြန်မာရန်ကုန်မြို့တော် မှ
- ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များ၌ ကမ္ဘာ့အဆင့်မီ ဟ...
- အအေးလှိုင်းဖြတ်သန်းနေ၍ လူအချို့လေဖြတ်
- ဖေဖော်ဝါရီလတွင် အအေးလှိုင်းဖြတ်ဦးမည်
- » စိတ်ကူးထဲကဖူးစာရှင်
- မန္တလေးတွင် တရားမဝင်လိုင်စင်မဲ့ယာဉ်များကို ထိရောက်စ...
- ထွက်နှုန်းလျော့ကျ၍ ခင်ဦးမှစပါးစိုက်တောင်သူများ အခက်...
- ဇန်န၀ါရီလ (၁၇)ရက်နေ့ ထုတ် The Hot News Weekly Jour...
- ၂၀၁၂ခုနှစ်အတွက် Ion Ratiu Democracy Award ဆု ဒေါ်အေ...
- နယူးယောက်ပြည်နယ်မှာ သေနတ်ဥပဒေ ပြဌာန်း
- လူ့ဘောင်သစ်ပါတီ တရားဝင်ရပ်တည်ဖို့ရှိ
- ဆီးရီးယား Aleppo တက္ကသိုလ်ပေါက်ကွဲမှု အနည်းဆုံး ၅၂ ဦ...
- ကချင်အရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်ဟု...
- ဆင်းရဲနေချိန်ကာလမှာ တိုင်းပြည်က ဘာလိုချင်တယ် ပြောေ...
- ခရိုနီ ပေးတဲ့ ရန်ပုံငွေ ကိစ္စ NLD တုံ့ပြန်
- ကချင်ပြည်နယ်မှာ တိုက်ပွဲနဲ့ ဗုံးခွဲမှုတွေ ဆက်ဖြစ်ပွား
- တရုတ်နိုင်ငံမှာ အလုပ်ကြမ်းစခန်းတွေ မပိတ်သေး
- ပါကစ္စတန် ဝန်ကြီးချုပ်ကို ဖမ်းဆီးမိန့်ထုတ်
- မာလီသူပုန်တွေကို ပြင်သစ် လေကြောင်းကဆက်တိုက်
- အီဂျစ်မှာ ရထားမှောက်လို့ လူ ၁၉ ဦးသေဆုံး
- အတန်းပိုင် ဆရာမက ဒုတိယတန်း ကျောင်းသားအား ရိုက်နှက်...
- နဘားဘူတာအနီး ရထားသံလမ်း တံတား ပေါက်ကွဲမှု (သတင်း-ဓါ...
- မိုဘိုင်းဖုန်းကတ် ရောင်းချရန် ခွင့်ပြုမိန့် မရသေးဟ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် မဇ္ဈိမ ဂျာနယ် အတွဲ (၂) အမှတ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် First Eleven Sports Journal...
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် JOB Opportunit No 11
- ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၃၉
- ကချင်အရေး နှစ်ဖက်လုံး ညှိုနှိုင်းဖြေရှင်းကြဖို့ အမေရ...
- မြန်မာအပေါ် ပိတ်ဆို့မှု ပြန်သုံးသပ်နိုင်
- ဆိုးဆေးများရောင်းချပါက တရားစွဲမည်
- ငါးထောင်တန်ငွေဖြည့်ကဒ်များငွေမပြည့်ခြင်းများဖြစ်ပေ...
- ထိုင်းမှ အကြီးစားစက်ယန္တရား ကုမ္ပဏီ TMC Industrialြ...
- မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း တံတားနှစ်စင်း မု...
- » ရွှေလင်ဗန်း စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ အလုပ်သမား...
- ကြေးနီတောင်စီမံကိန်းမှာ ညမထွက်ရအမိန့် ဆက်လက်ထုတ်ထားဆဲ
- ကြေးနီတောင်စီမံကိန်း အစီရင်ခံစာ ပြည်သူတွေကို အသိပေ...
- မုံရွာမြို့ မှ ရက်စက်တဲ့ မယားသတ်မှု
- (ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး) ဦးရဲထွဋ်၏ fac...
- အစိုးရတပ်၏ လက်နက်ကြီး လိုင်ဇာမြို့ထဲကျ၊ အရပ်သား သေ...
- ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အ...
- ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ
- swf song များ
- တိတ်တခိုးအချစ်-မီမီဝင်းဖေ
- mm-flashsongs
- ♥♥♥♥♥♥♥♥ရင်ခွင်ဦးမှအပြန်♥♥♥♥♥♥♥♥
- ၂၀၁၂ ခုနှစ် လူကုန်ကူးမှု၌ အဓမ္မ လက်ထပ် ထိမ်းမြားမှု အ...
- ယခုနှစ်ကုန်၌ SE-ME-WE-5 တည်ဆောက်မှု စတင်မည်
- ရန်ကုန်တိုင်း ဒေသကြီး၌ တရားမ၀င် သဲလှေ အစီး ၁၀၀ ခန်...
- ကဏ္ဍသုံးခု အတွက် နိုင်ငံတကာ လုပ်ငန်းရှင်များ ပါဝင်လာ...
- မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအား ယူနက်စကိုသို့ ထပ...
- ဘူတန်နိုင်ငံသို့ ဆရာဝန်များ စေလွှတ်ရန်ရှိ
- Diamond Valley Rise စင်တာအား ၂၇ထပ် ဆောက်လုပ်မည်
- ဖခင်ဖြစ်သူအားသတ်ခဲ့သည့်သားကို ရဲတပ်ဖွဲ့က ဖမ်းဆီးအေ...
- ရိုးရိုးလေးကိုသိန်းနိုင်အား ပုဒ်မ(၃)ခုဖြင့် အမှုဖွင...
- ဖားကန့်မြို့ ၊ မှော်ဆီဇာ မြေစာပုံ လမ်းဘေးတွင် လူတစ...
- မြောက်ဦးမြို့နယ်တွင်း တာဝန်ကျ တပ်ကြပ်တစ်ဦး ဓားဖြင့...
- ဆန္ဒပြခေါင်းဆောင်များကို တရားစွဲမှု ရုပ်သိမ်းရန် တော...
- ကေအိုင်အေဌာနချုပ် လိုင်ဇာကို လက်နက်ကြီးကျ၊ အရပ်သား...
- ရေလုပ်သားအခွင့်အရေး ဆုံးရှုံးနေသူ ၄၀၀၀ ခန့် ဆန္ဒပြ
- လက်ပံတောင်းတောင်အရေး သမ္မတထံ ကြားဖြတ်အစီရင်ခံစာ တင်...
- နိုင်ငံတော် သမ္မတ ၏သဘောထားမှတ်ချက် ပျက်ပျယ်
- လိုင်ဇာတွင် လက်နက်ကြီးကျည်ကျ ဒေသခံ သုံးဦးသေ၊ လေးဦး...
- ကိုမင်းကိုနိုင်၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ်
- ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် Mobile Guide Journal
- တိုင်းလွှတ်တော်မှ မစုံစမ်း မစစ်ဆေးသင့်ဆိုသည့် ညွှန်ြ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် Digital Life Issue: 37
- ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် Weekly Eleven News Journal ...
- ကချင်တိုက်ပွဲ ကြောင့် ဒုက္ခသည် ပိုများ
- ICRC အကြီးအကဲ မြန်မာနိုင်ငံရောက်ရှိ
- အိန္ဒိယ နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ အုပ်စုဖွဲ့ မုဒိမ်...
- သီရိလင်္ကာ တရားသူကြီးချုပ်ကို ရာထူးကဖယ်ရှား
- ရဟတ်ယာဉ်ပျက်မှု နှစ်ဘက် အပြန်အလှန်ပြော
- ဖါးကန့် ကျောက်စိမ်းတွင်းဒေသဖက်မှာ တိုက်ပွဲဖြစ်နေ
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ ...
- ဇန်န၀ါရီလ(၁၀)ရက်နေ့ ထုတ် ပြည်သူ့ ခေတ် ဂျာနယ် Vol 3...
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် HR journal အမှတ်(၁၇၇)
- ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့် မြန်မာ့နိုင်ငံရေး
- ကြေးနီတောင်စီမံကိန်းတဝိုက် သဘာဝပတ်ဝန်းကျင် ပျက်စီး...
- ဒေါ်အောင်ဆန်းစုကြည် ကရင်နှစ်သစ်ကူး သဝဏ်လွှာပေးပို့
- နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဆေးကုသမှု ...
- ခင်ဦးမြို့နယ်တွင် မိုးခေါင်မှုကြောင့် စပါးခင်းများ ...
- တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ အရ...
- နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ အသစ်ရောင်းချမည့်...
- Thailand actress @2012 thai dress- What Makes You ...
- 2012 Cotton Day Thailand Fashion Show.mov
- ရန်ကုန်ရဲ့ မွန်းကြပ်မှုက ဝေးလွင့်ရာ လမ်း ၅၀ ကဖေး
- ကေအိုင်အေနှင့် အစိုးရအကြား ခေတ်မီ နည်းပညာသုံး ဆွေး...
- စစ်အသုံးစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်၏ ၂၁ ရာခိုင်နှု...
- ညနေပိုင်း ပြည်တွင်း သတင်း အစီအစဉ်များအား အချိန်ပြေ...
- ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကု...
- Johns Hopkins တက္ကသိုလ်မှ ပြည်တွင်း၌ သင်တန်းများ ပိ...
- အိမ်ရာ အဆောက်အအုံ၊ နေထိုင်မှုနှင့် မော်တော်ယာဉ် ပြပ...
- မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွား လုပ်ငန်...
- မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီအားြ...
- ပြည်တွင်း၌ Specialist Society များ ဖွဲ့စည်းရန် အား...
-
▼
January
(377)
No comments:
Post a Comment