Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 11 January 2013

Electronic Online ဆွေးနွေးရန် KIO နှင့် အစိုးရငြိမ်းအဖွဲ့သို့ လွှတ်တော် တိုက်တွန်း

ကချင်လွတ်လပ်ရေး အဖွဲ့ KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ အကြား မျက်နှာချင်းဆိုင် ပြန်လည် မတွေ့ဆုံနိုင်မီ နှစ်ဖက် Electronic Online ဆွေးနွေးမှုများ ပြုလုပ်ကြပါရန် ပြည်သူ့လွှတ်တော်က ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် တိုက်တွန်း အကြံပြု လိုက်သည်။



ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) ကျင်းပနေသော လွှတ်တော်နှစ်ရပ်၏ အစည်းအဝေးများမှာ မတ်လကုန်အထိ ကြာမြင့်ဖွယ်ရှိနေသည်။ ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အရေးကြီး အဆိုတရပ်ကို မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်မှ ဦးသိန်းဇော် (ကြံ့ခိုင်ရေးပါတီ)က တင်သွင်းရာ အစိုးရနှင့် ကချင် လွတ်မြောက်ရေး တပ်မတော်တို့ လက်နက်ကိုင်ပဋိပက္ခကို အွန်လိုင်း အီလက်ထရောနစ် နည်းလမ်းများဖြင့် ဆွေးနွေးခြင်းဖြင့် နှစ်ဘက် မျက်နှာချင်းဆိုင်မရသေးသော အခြေအနေကို ကျော်လွှားသွားရန် အကြံပြုချက်ဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့