မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် ကုဋေကြွယ် သူဌေးကြီး George Soros ဟာ ဒီကနေ့ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်း လတ်တလော လုပ်ဆောင်နေ တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ Mr. Soros ဟာ နေ့လည်ပိုင်းမှာ ပြန်ကြားရေးနဲ့ ဘဏ္ဍာရေးစတဲ့ ၀န်ကြီးဌာနတွေက ပြည်ထောင်စု ၀န်ကြီးတွေနဲ့လည်း တွေ့ဆုံပြီး ၀န်ကြီးဌာနအလိုက် ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံကို ဇန်န၀ါရီလ ၅ ရက်နေ့ကတည်းက ရောက်ရှိနေတဲ့ အမေရိကန် ကုဋေကြွယ်သူဌေးကြီး George Soros ဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် အသစ်ခန့်အပ် တာဝန်ပေး ခံထားရသူလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။
“သမ္မတကြီးနဲ့ ဂျော့၊ ဆိုးရော့စ် တွေ့ပါတယ်ခင်ဗျာ။ ကျနော်တို့ကတော့ အဲဒီအထဲကို မဝင်ရလို့ အသေးစိတ်တော့ မသိပါဘူးခင်ဗျာ။ အကြမ်းဖျဉ်းအားဖြင့်တော့ မြန်မာနိုင်ငံရဲ့ လုပ်နေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေရယ်၊ နောက်တခါ ပြန်ကြားရေးဆိုင်ရာအပါအဝင် ကျန်တဲ့ ပြုပြင်ပြောင်းလဲနေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့မှ ဆွေးနွေးမယ်လို့ အကြမ်းဖျဉ်းသိထားပါတယ်။ အခု သမ္မတကြီးလုပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြပါတယ်။ ပြီးရင် ဂျော့၊ ဆိုးရော့စ် ဘက်က သူ့အဖွဲ့အစည်းတွေဘက်က ဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေလည်း ဆွေးနွေးသွားတယ်လို့ သိရပါတယ်ခင်ဗျ။”
နိုင်ငံတော်သမ္မတနဲ့ မစ္စတာ ဆိုးရော့စ်တို့တွေ့ဆုံစဉ်မှာ သူ့တက်ရောက်ခွင့် မရှိခဲ့ပေမယ့်လည်း နောက်ပိုင်း မနက် ၁၁ နာရီကျော်ကျော်လောက်မှာ ပြန်ကြားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြုလုပ်တဲ့ တွေ့ဆုံပွဲကိုတော့ သူတက်ရောက်ခဲ့တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။
“ပြန်ကြားရေးဌာန၊ ပြည်ထောင်စုဝန်ကြီးရယ်၊ ဘဏ္ဍာရေးဌာန ပြည်ထောင်စုဝန်ကြီးတွေရယ်နဲ့ တွေ့တဲ့အချိန်မှာတော့ ကျနော်လည်း တက်ရောက်ခွင့် ရပါတယ်။ ပြန်ကြားရေးကဏ္ဍနဲ့ပတ်သက်လို့ရှိရင်တော့ ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောင်းလဲနေတဲ့ နိုင်ငံပိုင် မီဒီယာတွေကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ်နဲ့ ပြောင်းတဲ့အခါမှာ လိုအပ်တဲ့လေ့ကျင့်ရေးကိစ္စတွေနဲ့ပတ်သက်လို့ Open Society ဘက်ကနေပြီးတော့မှ အကူအညီ ပေးနိုင်မယ့် ကိစ္စတွေကို ကျနော်တို့ဆွေးနွေးခဲ့ပါသေးတယ်။ ဒုတိယအနေနဲ့ကတော့ ကျနော်တို့ စာပေဗိမာန်ကို အရင်တုန်းက ၁၉၇၂ ခုနှစ် မတိုင်မီက ရှိခဲ့တဲ့ စာပေဗိမာန်နဲ့ မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းလိုမျိုး ပြန်ပြီးတော့မှ ဖွဲ့စည်းနိုင်အောင်၊ စာအုပ်စာပေတွေကို နိုင်ငံတကာစာပေတွေကို မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာတွေနဲ့ပါ ဘာသာပြန်ဆိုပြီးတော့ ပြည်သူတွေလက်ထဲကို အဖိုးနှုန်း ချိုသာစွာနဲ့ ဖြန့်ဝေနိုင်အောင် ကျနော်တို့ လုပ်မယ့်ကိစ္စတွေ-အဲဒါတွေကို ဆွေးနွေးခဲ့ပါတယ်။
အဲဒီကိစ္စမှာလည်း Open Society ဘက်ကနေပြီး ကျွမ်းကျင်တဲ့ပညာရှင်တွေ လာရောက်တွဲဖက်ပြီးတော့ အကူအညီပေးဖို့ အသေးစိတ်ကိစ္စတွေ ကိုတော့ ကျနော်တို့တွေ ဆက်ပြီးဆွေးနွေးဖို့ ဆိုပြီးတော့မှ သဘောတူခဲ့ကြပါတယ်ခင်ဗျ။ သာသနာရေးဝန်ကြီးဌာနနဲ့ကတော့ဗျာ - လက်တွေ့ ကျင့်သုံးနေတဲ့ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေး ပေါ်လစီ (မူဝါဒ) တွေအပေါ်မှာ သူ့ရဲ့အမြင်တွေ၊ နောက် သူ့ရဲ့ အကြံပြုချက်တွေ - အဲဒါတွေကို ဆွေးနွေးပါတယ်လို့ပဲ သိရပါတယ်ခင်ဗျ။ ”
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် အသစ်ခန့်အပ် တာဝန်ပေးခံထားရသူလည်းဖြစ်တဲ့ ဦးရဲထွဋ် ပြောပြခဲ့တာပါ။
George Soros ဟာ မနေ့တုန်းကတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ NLD ပါတီက ခေါင်းဆောင်တွေ အပါအ၀င် နယ်ပယ်စုံက ပုဂ္ဂိုလ်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ မီဒီယာကိစ္စတွေကို ဆွေးနွေးခဲ့တာပါ။
George Soros ဟာ မနက်ဖြန်မှာတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။
မစ္စတာ ဆိုးရော့စ်ဟာ ကမ္ဘာတ၀ှမ်း ဖိနှိပ်ခံ လူ့အဖွဲ့အစည်းတွေ တိုးတက်မြင့်မားရေးအတွက် သူ့ကိုယ်ပိုင် ငွေကြေးကို စိုက်ထုတ်ပြီး Open Society Institute လို့ခေါ်တဲ့ ပွင့်လင်း လူမှုအဖွဲ့အစည်းကတဆင့် ကူညီ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ OSI လို့ လူသိများတဲ့ ဒီ Open Society Institute ဟာ ၁၉၉၄ ခုနှစ်ကစလို့ မြန်မာနိုင်ငံ ဒီမိုကရေစီတိုးတက်ရေးနဲ့ ပညာရေးဆိုင်ရာ အထောက်အကူတွေကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ဆိုးရော့စ်ဟာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်တုန်းကလည်း မြန်မာနိုင်ငံကို ပထမအကြိမ်အဖြစ် ၈ ရက်ကြာ သွားရောက် လည်ပတ်ခဲ့ပါသေးတယ်။ သူ့ရဲ့ အဲဒီ မြန်မာပြည်ခရီးစဉ်အတွင်း မစ္စတာ ဆိုးရော့စ်ဟာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။ အဲဒီခရီးစဉ်အတွင်း သမ္မတနဲ့ တွေ့ဆုံပြီးနောက် လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ သူ့အဖွဲ့ရဲ့ ရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ကိုဇော်ဝင်းလှိုင် (ဗွီအိုအေ)
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday, 10 January 2013
ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ သမ္မတ ဦးသိန်းစိန်နှင့် George Soros ဆွေးနွေး
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
January
(377)
- မြန်မာရန်ကုန်မြို့တော်..မှ
- မြန်မာရန်ကုန်မြို့တော်...မှ
- ဗန်းမော် မှာ ဗုံးပေါက်
- မာလီတိုက်ပွဲ ပြင်းထန်ဆဲ
- ဂဏန်းတွေလည်း နာ တတ်တယ်
- မြန်မာရန်ကုန်မြို့တော် မှ
- ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များ၌ ကမ္ဘာ့အဆင့်မီ ဟ...
- အအေးလှိုင်းဖြတ်သန်းနေ၍ လူအချို့လေဖြတ်
- ဖေဖော်ဝါရီလတွင် အအေးလှိုင်းဖြတ်ဦးမည်
- » စိတ်ကူးထဲကဖူးစာရှင်
- မန္တလေးတွင် တရားမဝင်လိုင်စင်မဲ့ယာဉ်များကို ထိရောက်စ...
- ထွက်နှုန်းလျော့ကျ၍ ခင်ဦးမှစပါးစိုက်တောင်သူများ အခက်...
- ဇန်န၀ါရီလ (၁၇)ရက်နေ့ ထုတ် The Hot News Weekly Jour...
- ၂၀၁၂ခုနှစ်အတွက် Ion Ratiu Democracy Award ဆု ဒေါ်အေ...
- နယူးယောက်ပြည်နယ်မှာ သေနတ်ဥပဒေ ပြဌာန်း
- လူ့ဘောင်သစ်ပါတီ တရားဝင်ရပ်တည်ဖို့ရှိ
- ဆီးရီးယား Aleppo တက္ကသိုလ်ပေါက်ကွဲမှု အနည်းဆုံး ၅၂ ဦ...
- ကချင်အရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်ဟု...
- ဆင်းရဲနေချိန်ကာလမှာ တိုင်းပြည်က ဘာလိုချင်တယ် ပြောေ...
- ခရိုနီ ပေးတဲ့ ရန်ပုံငွေ ကိစ္စ NLD တုံ့ပြန်
- ကချင်ပြည်နယ်မှာ တိုက်ပွဲနဲ့ ဗုံးခွဲမှုတွေ ဆက်ဖြစ်ပွား
- တရုတ်နိုင်ငံမှာ အလုပ်ကြမ်းစခန်းတွေ မပိတ်သေး
- ပါကစ္စတန် ဝန်ကြီးချုပ်ကို ဖမ်းဆီးမိန့်ထုတ်
- မာလီသူပုန်တွေကို ပြင်သစ် လေကြောင်းကဆက်တိုက်
- အီဂျစ်မှာ ရထားမှောက်လို့ လူ ၁၉ ဦးသေဆုံး
- အတန်းပိုင် ဆရာမက ဒုတိယတန်း ကျောင်းသားအား ရိုက်နှက်...
- နဘားဘူတာအနီး ရထားသံလမ်း တံတား ပေါက်ကွဲမှု (သတင်း-ဓါ...
- မိုဘိုင်းဖုန်းကတ် ရောင်းချရန် ခွင့်ပြုမိန့် မရသေးဟ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် မဇ္ဈိမ ဂျာနယ် အတွဲ (၂) အမှတ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် First Eleven Sports Journal...
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် JOB Opportunit No 11
- ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၃၉
- ကချင်အရေး နှစ်ဖက်လုံး ညှိုနှိုင်းဖြေရှင်းကြဖို့ အမေရ...
- မြန်မာအပေါ် ပိတ်ဆို့မှု ပြန်သုံးသပ်နိုင်
- ဆိုးဆေးများရောင်းချပါက တရားစွဲမည်
- ငါးထောင်တန်ငွေဖြည့်ကဒ်များငွေမပြည့်ခြင်းများဖြစ်ပေ...
- ထိုင်းမှ အကြီးစားစက်ယန္တရား ကုမ္ပဏီ TMC Industrialြ...
- မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း တံတားနှစ်စင်း မု...
- » ရွှေလင်ဗန်း စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ အလုပ်သမား...
- ကြေးနီတောင်စီမံကိန်းမှာ ညမထွက်ရအမိန့် ဆက်လက်ထုတ်ထားဆဲ
- ကြေးနီတောင်စီမံကိန်း အစီရင်ခံစာ ပြည်သူတွေကို အသိပေ...
- မုံရွာမြို့ မှ ရက်စက်တဲ့ မယားသတ်မှု
- (ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး) ဦးရဲထွဋ်၏ fac...
- အစိုးရတပ်၏ လက်နက်ကြီး လိုင်ဇာမြို့ထဲကျ၊ အရပ်သား သေ...
- ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အ...
- ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ
- swf song များ
- တိတ်တခိုးအချစ်-မီမီဝင်းဖေ
- mm-flashsongs
- ♥♥♥♥♥♥♥♥ရင်ခွင်ဦးမှအပြန်♥♥♥♥♥♥♥♥
- ၂၀၁၂ ခုနှစ် လူကုန်ကူးမှု၌ အဓမ္မ လက်ထပ် ထိမ်းမြားမှု အ...
- ယခုနှစ်ကုန်၌ SE-ME-WE-5 တည်ဆောက်မှု စတင်မည်
- ရန်ကုန်တိုင်း ဒေသကြီး၌ တရားမ၀င် သဲလှေ အစီး ၁၀၀ ခန်...
- ကဏ္ဍသုံးခု အတွက် နိုင်ငံတကာ လုပ်ငန်းရှင်များ ပါဝင်လာ...
- မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအား ယူနက်စကိုသို့ ထပ...
- ဘူတန်နိုင်ငံသို့ ဆရာဝန်များ စေလွှတ်ရန်ရှိ
- Diamond Valley Rise စင်တာအား ၂၇ထပ် ဆောက်လုပ်မည်
- ဖခင်ဖြစ်သူအားသတ်ခဲ့သည့်သားကို ရဲတပ်ဖွဲ့က ဖမ်းဆီးအေ...
- ရိုးရိုးလေးကိုသိန်းနိုင်အား ပုဒ်မ(၃)ခုဖြင့် အမှုဖွင...
- ဖားကန့်မြို့ ၊ မှော်ဆီဇာ မြေစာပုံ လမ်းဘေးတွင် လူတစ...
- မြောက်ဦးမြို့နယ်တွင်း တာဝန်ကျ တပ်ကြပ်တစ်ဦး ဓားဖြင့...
- ဆန္ဒပြခေါင်းဆောင်များကို တရားစွဲမှု ရုပ်သိမ်းရန် တော...
- ကေအိုင်အေဌာနချုပ် လိုင်ဇာကို လက်နက်ကြီးကျ၊ အရပ်သား...
- ရေလုပ်သားအခွင့်အရေး ဆုံးရှုံးနေသူ ၄၀၀၀ ခန့် ဆန္ဒပြ
- လက်ပံတောင်းတောင်အရေး သမ္မတထံ ကြားဖြတ်အစီရင်ခံစာ တင်...
- နိုင်ငံတော် သမ္မတ ၏သဘောထားမှတ်ချက် ပျက်ပျယ်
- လိုင်ဇာတွင် လက်နက်ကြီးကျည်ကျ ဒေသခံ သုံးဦးသေ၊ လေးဦး...
- ကိုမင်းကိုနိုင်၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ်
- ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် Mobile Guide Journal
- တိုင်းလွှတ်တော်မှ မစုံစမ်း မစစ်ဆေးသင့်ဆိုသည့် ညွှန်ြ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် Digital Life Issue: 37
- ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် Weekly Eleven News Journal ...
- ကချင်တိုက်ပွဲ ကြောင့် ဒုက္ခသည် ပိုများ
- ICRC အကြီးအကဲ မြန်မာနိုင်ငံရောက်ရှိ
- အိန္ဒိယ နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ အုပ်စုဖွဲ့ မုဒိမ်...
- သီရိလင်္ကာ တရားသူကြီးချုပ်ကို ရာထူးကဖယ်ရှား
- ရဟတ်ယာဉ်ပျက်မှု နှစ်ဘက် အပြန်အလှန်ပြော
- ဖါးကန့် ကျောက်စိမ်းတွင်းဒေသဖက်မှာ တိုက်ပွဲဖြစ်နေ
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ ...
- ဇန်န၀ါရီလ(၁၀)ရက်နေ့ ထုတ် ပြည်သူ့ ခေတ် ဂျာနယ် Vol 3...
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် HR journal အမှတ်(၁၇၇)
- ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့် မြန်မာ့နိုင်ငံရေး
- ကြေးနီတောင်စီမံကိန်းတဝိုက် သဘာဝပတ်ဝန်းကျင် ပျက်စီး...
- ဒေါ်အောင်ဆန်းစုကြည် ကရင်နှစ်သစ်ကူး သဝဏ်လွှာပေးပို့
- နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဆေးကုသမှု ...
- ခင်ဦးမြို့နယ်တွင် မိုးခေါင်မှုကြောင့် စပါးခင်းများ ...
- တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ အရ...
- နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ အသစ်ရောင်းချမည့်...
- Thailand actress @2012 thai dress- What Makes You ...
- 2012 Cotton Day Thailand Fashion Show.mov
- ရန်ကုန်ရဲ့ မွန်းကြပ်မှုက ဝေးလွင့်ရာ လမ်း ၅၀ ကဖေး
- ကေအိုင်အေနှင့် အစိုးရအကြား ခေတ်မီ နည်းပညာသုံး ဆွေး...
- စစ်အသုံးစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်၏ ၂၁ ရာခိုင်နှု...
- ညနေပိုင်း ပြည်တွင်း သတင်း အစီအစဉ်များအား အချိန်ပြေ...
- ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကု...
- Johns Hopkins တက္ကသိုလ်မှ ပြည်တွင်း၌ သင်တန်းများ ပိ...
- အိမ်ရာ အဆောက်အအုံ၊ နေထိုင်မှုနှင့် မော်တော်ယာဉ် ပြပ...
- မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွား လုပ်ငန်...
- မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီအားြ...
- ပြည်တွင်း၌ Specialist Society များ ဖွဲ့စည်းရန် အား...
-
▼
January
(377)

No comments:
Post a Comment