လှအောင်ရိုက်ပေးနော်
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Monday, 4 June 2012
ဓာတ်ပုံကို နောက်ခံ Frame လှလှလေးနဲ့  ပြင်ချင်ရင် လန်းစေတဲ့ဆော့ဝဲ
ဒီဆော့ဝဲလေးကတော့ ဓာတ်ပုံကို နောက်ခံဘောင်လှလှလေး ထည့်ချင်သူအတွက်
အဆင်ပြေစေတဲ့ ဆော့ဝဲကောင်းတစ်ခုပါ ။ အသုံးပြုရတာ လွယ်ကူသလို ဒီဇိုင်းတွေ
အများကြီးပါတယ် ။ အပြည့်အ၀ သုံးလို့ ရအောင် Key ထည့်ပေးထားပါတယ်နော်
ဓာတ်ပုံတွေကို ၄ပုံတွဲ ၊ ၃ပုံတွဲ ဆက်ဖို့ လည်း ဘောင်လှလှလေးတွေ ပါသေးတယ်
ပုံမရှိသူကလည်း လက်ရှိထိုင်နေတဲ့ ပုံကို ရိုက်ဖို့  Cam Snapshot ထည့်ထားတယ်
မိမိပုံလေးတွေကို နောက်ခံဘောင် လှလှလေးတွေနဲ့  ထုတ်ပြီး မိမိတို့ 
ချစ်သူ ခင်သူ ကြင်နာသူများကို ပေးလိုက်နော်.ကဲ..ရှိသူဆွဲ..မဆွဲတဲ့သူ မရှိလို့ ဘဲ...ခိခိ

အမျိုး အမည်..များ
နည်းပညာ,
ဆော့ဝဲများ
Friday, 1 June 2012
ရွှေ့ပြောင်း မြန်မာတွေ အိမ်ပြန်နိုင်ရေး ဒေါ်စု ကြိုးစားမည်.....နှင့် ခရီးစဉ် အခြားသတင်းများ
ရွှေ့ပြောင်း မြန်မာတွေ အိမ်ပြန်နိုင်ရေး ဒေါ်စု ကြိုးစားမည်.....
ကြာသပတေး, 31 မေ 2012
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေ ထိုင်းနိုင်ငံက ကျောင်းတွေမှာ ပညာ သင်ကြား နိုင်ကြတော့မှာ ဖြစ်သလို အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက် ခံနေရတာတွေကိုလည်း အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်သွားပါမယ်လို့ ထိုင်းအစိုးအဖွဲ့၊ ဒုတိယ ၀န်ကြီးချုပ် တဦးဖြစ်သူ ချာလမ်မ် ယူဘမ်ရုန်းန် (Chalerm Yubamrung) က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြု ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်း ဒုတိယ ၀န်ကြီးချုပ်တို့ ထိုင်းအစိုးရအဖွဲ့ ရုံးမှာ ဒီကနေ့ နေ့လည်ပိုင်း တွေ့ဆုံ ဆွေးနွေးကြချိန် အတွင်း အဲဒီလိုကတိပေးခဲ့တာပါ။ ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မဟာချိုင်မြို့ဆီ ဒုတိယအကြိမ်မြောက် ထပ်သွားခဲ့ပါသေးတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံမှာရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းအစိုးရအဖွဲ့၊ ဒုတိယ၀န်ကြီးချုပ် ချာလမ်မ် ယူဘမ်ရုန်းန်နဲ့ တွေ့ဆုံပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေးနဲ့ ဒုက္ခသည် အရေးတွေကို ဆွေးနွေးခဲ့တာပါ။ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးငယ်တွေ ပညာ သင်ကြားနိုင်ရေးနဲ့ သူတို့ရဲ့ အခွင့်အရေး တွေကို အတတ်နိုင်ဆုံး အကာအကွယ် ပေးပါမယ်လို့ မစ္စတာချာလမ်က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြု ပြောဆိုခဲ့ပါတယ်။
"ထိုင်းနိုင်ငံမှာ မွေးထားတဲ့ ရွှေ့ပြောင်း အလုပ်သမားများရဲ့ သားသမီးများ၊ သက်ဆိုင်ရာ နယ်မြေ အသီးသီးမှာ လွယ်လင့်တကူ ပညာ သင်ကြားနိုင်ရေးကိုလည်း ခွင့်ပြုမယ်လို့ ပြောလိုက်သလို၊ ကျနော်တို့ လုပ်သားများ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ချိုးဖောက် ခံနေရတာတွေကိုလည်း တတ်နိုင်ဆုံး ကာကွယ်
စောင့်ရှောက်သွားမယ်လို့ ကတိပေးပါတယ်။ သူကိုယ်တိုင် ဒီကနေ့ ဒုဝန်ကြီးချုပ် ချာလမ်နဲ့ တွေ့ဆုံပြီး မနေ့က ကျနော်တို့ တင်ပြလိုက်တဲ့ဟာကို ချက်ချင်း သွားဆွေးနွေးတယ်။ ဆွေးပြီး ရတဲ့ ရလဒ်ကို သူပြောတာပါ။"
စောင့်ရှောက်သွားမယ်လို့ ကတိပေးပါတယ်။ သူကိုယ်တိုင် ဒီကနေ့ ဒုဝန်ကြီးချုပ် ချာလမ်နဲ့ တွေ့ဆုံပြီး မနေ့က ကျနော်တို့ တင်ပြလိုက်တဲ့ဟာကို ချက်ချင်း သွားဆွေးနွေးတယ်။ ဆွေးပြီး ရတဲ့ ရလဒ်ကို သူပြောတာပါ။"
မဟာချိုင်မြို့ အခြေစိုက်၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သူတို့ကို ပြောပြတာကို ဗွီအိုအေကို ပြန်ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း ဒုတိယ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် မေလ ၃၀ ရက်နေ့ကပဲ သွားရောက်ခဲ့တဲ့ မဟာချိုင်မြို့ဆီ နောက်တခေါက် ထပ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီက နိုင်ငံသားစိစစ်ရေးရုံးမှာ ထိုင်း၊ မြန်မာ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် အလုပ်သမားတွေကို ခနတာ စကား ပြောခဲ့ပါသေးတယ်။
"ဒါပေမယ့်လည်း ကျမက ကတိတွေ ပေးပြီးတော့၊ မလုပ်နိုင်တဲ့ ကတိတွေ ပေးပြီးတော့ ကျမတို့ ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး။ အဲဒါကြောင့်မို့လို့ ပြန်ချင်တယ်၊ အိမ်ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ကျမ ပြောပါရစေ၊ ကျမတို့ ပြည်သူတွေရဲ့အိမ်ဟာ ဘယ်တော့မှ ပြောင်းရွှေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျမတို့ ပြည်သူတွေ နေထိုက်တဲ့အိမ် ဖြစ်အောင်လို့ အမြန်ဆုံး ကြိုးစားပါ့မယ်လို့ ကျမ ပြောချင်တယ်. . . . . (လက်ခုပ်သံများ)။"
မဟာချိုင်မြို့က ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုတောင်း အမှာစကားပါ။
နိုင်ငံသား စိစစ်ရေးရုံးဆီ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်သွားတဲ့အတွက် သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ မကြာခင်မှာ ပြေလည်သွားမယ်လို့ ဦးအောင်ကျော်က မျှော်လင့်ထားပါတယ်။
"ဒီရုံးကို အဓိကလာတဲ့ ရည်ရွယ်ချက်က ကျနော်တို့ လုပ်သား ပြည်သူများ မနေ့က တင်ပြလိုက်တဲ့ အထဲမှာ ဒီ ပါ့စ်ပို့ (Passport) ပြုလုပ်ရေး ကိစ္စဟာ လွယ်လင့်တကူ ဖြစ်နိုင်ပါလျက်နဲ့ မလွယ်ကူပဲ အင်မတန် ခက်ခဲနေကြောင်း၊ အဆင့်တွေ အများအပြား ကျော်နေရကြောင်း၊ နောက် တရားဝင် သတ်မှတ်ထားတဲ့နှုန်းက ၆၀၀ - ၇၀၀ ဖြစ်နေတောင်၊ ၇၀၀၀ - ၈၀၀၀ ဖြစ်နေတဲ့ ကိစ္စကို စုံစမ်းပြီး ရှင်းပေးမယ်လို့ ပြောလိုက်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ မကြာခင် ဈေးနှုန်းတွေက မှန်မှန် ကန်ကန် သက်တောင့် သက်သာနဲ့ ပြည်သူတွေ ခံစားရမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်ထင်တယ်၊ အချိန်တော်တော် ကြာကြာ နှစ်ဖက် အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တဲ့ အတွက်ကြောင့် တော်တော်များများ ရလဒ်ကောင်းတွေ ရလိမ့်မယ်လို့ ကျနော် မုချ ယုံကြည်တယ်။ ဘာကြောင့်လည်းဆိုတော့ မနေ့က ကျနော်တို့ ရွေ့ပြောင်း
အလုပ်သမားရေးရာ ရုံးမှာ သူကြည့်လိုက်တဲ့ အချက်အလက် လေးတွေကို တင်ပြ ဆွေးနွေးပြီးမှ အားလုံး အခုရရှိခဲ့တယ်ဆိုရင် ဒီနေ့ကိစ္စလည်း တော်တော် အောင်မြင်တယ်လို့ ကျနော် ယုံကြည်ပါတယ်။"
အလုပ်သမားရေးရာ ရုံးမှာ သူကြည့်လိုက်တဲ့ အချက်အလက် လေးတွေကို တင်ပြ ဆွေးနွေးပြီးမှ အားလုံး အခုရရှိခဲ့တယ်ဆိုရင် ဒီနေ့ကိစ္စလည်း တော်တော် အောင်မြင်တယ်လို့ ကျနော် ယုံကြည်ပါတယ်။"
ထိုင်းနိုင်ငံတွင်းမှာ မြန်မာအလုပ်သမား စုစုပေါင်း နှစ်သန်းလောက် ရှိပေမဲ့ အဲဒီထဲက ၈၀၀,၀၀၀ ပဲ တရားဝင် မှတ်ပုံ တင်ထားကြတယ်လို့ ထိုင်း ဒုတိယ ၀န်ကြီးချုပ်က ဆိုပြီး မြန်မာ အစိုးရအနေနဲ့ အလုပ်သမားတွေ အားလုံးအတွက် နိုင်ငံသား စိစစ်ပေးဖို့ လိုမယ် လို့ ပြောပါတယ်။ ထိုင်းအလုပ်ရှင်တွေ အနေနဲ့ အလုပ်သမားတွေကို ဂရုတစိုက် စောင့်ရှောက်ရေး သေချာအောင် လုပ်ပေးပါ လို့လည်း ဒေါ်အောင်ဆန်းစုကြည်က မစ္စတာချာလမ်မ်ကို ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းတုန်းကတော့ ၂၀၁၂ ခုနှစ်၊ အရှေ့ အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်နဲ့ ဆက်စပ်ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အသွင်ပြောင်းခြင်းအတွက် အရှေ့အာရှ ပုံစံများဆိုတဲ့ ဆွေးနွေးပွဲ အပါအ၀င် ဆွေးနွေးပွဲတချို့ကို တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် သီးခြား ဆွေးနွေးပွဲလေးတခု အတွင်းမှာလည်း မြန်မာနိုင်ငံက ပညာရေး အခြေအနေကို ပြောဆိုခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ICT Agenda Council ရဲ့ ဥက္ကဋ္ဌ ရာဂျိဗ် ဆင်းဂ်-မိုလားရက်စ် (Rejeev Singh-Molares) က အခုလို ပြန်ပြောပြပါတယ်။
“ပညာရေးဟာ မြန်မာနိုင်ငံမှာ အဓိက စိန်ခေါ်မှုတခုဖြစ်တယ်လို့ သူက အလေးအနက်ထား ပြောပါတယ်။ အထူးသဖြင့် မူလတန်းနဲ့ အသက်အငယ်ဆုံး အရွယ်တွေမှာ ပညာရေး ချို့တဲ့နေတာကိုလည်း ပြောပါတယ်။ အလယ်တန်းဆင့် ပညာရေးရဲ့ အရေးကြီးပုံတွေ၊ အဆင့်မြင့်ဘွဲ့တွေ ရယူနိုင်ဖို့အကြောင်းတွေ ပြောခဲ့သလို မူလတန်းအဆင့် ပညာရေးကို အာရုံစိုက်ဖို့ သူက အလေးထား ပြောသွားပါတယ်။” လို့ ရာဂျိးဗ် ဆင်းဂ်-မိုလားရက်စ်က ပြန်ပြောပြတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁ ရက်၊ သောကြာနေ့မှာ ဆက်ပြီးကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာတော့ မနက်ပိုင်းမှာ ဖိုရမ်ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကလော့စ် ရှဝတ်ဘ် (Klaus Schwab) နဲ့ တဦးချင်း မေးမြန်းခန်း၊ ပြီးတဲ့နောက် အရှေ့အာရှ ဒေသ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အကြောင်း ဆွေးနွေးပွဲတွေကို တက်ရောက်ပါလိမ့်မယ်။ ဒါ့အပြင် သတင်းစာရှင်းလင်းပွဲ တခုလည်း လုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
=========================================================================
မြန်မာနိုင်ငံသားများ အရေး ထိုင်းအာဏာပိုင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
2012-05-31
2012-05-31
ထိုင်းနိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေခင်းက ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Chalerm Yoobamroong နဲ့ ထိုင်းအစိုးရ အိမ်တော်မှာ ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အရေးနဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်တွေ အရေးကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်း ဒုတိယ ၀န်ကြီးချုပ်က မြန်မာ အလုပ်သမားတွေ အနေနဲ့ တရားဝင် စာရွက်စာတမ်း ရှိမယ်ဆိုရင် ထိုင်း အလုပ်သမားတွေနဲ့ တန်းတူ တနေ့ကို ဘတ်ငွေ ၃၀၀ ရရှိမှာ ဖြစ်ပြီး ထိုင်းအလုပ်သမားတွေ အတွက် ဆောင်ရွက်ပေးနေတဲ့ ဘတ် ၃၀ ကျန်းမာရေး အစီအစဉ်ကိုပါ ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ထိုင်း ဝန်ကြီးချုပ်က ပြောရာမှာ-ထိုင်းနိုင်ငံ အနေနဲ့ ဒုက္ခသည်တွေကို နေရပ် အတင်းအကြပ် ပြန်ပို့တဲ့ မူဝါဒ မရှိတဲ့ အကြောင်း၊ မြန်မာနိုင်ငံအတွင်း အန္တရာယ် မရှိတော့ဘူးဆိုရင်တော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညပိုင်း ကမ္ဘာ့စီးပွားရေး ညီလာခံက တည်ခင်းမယ့် ညစာစားပွဲမှာ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ် နဲ့ တွေ့ဆုံဖို့ ရှိပြီး မနက်ဖြန်မှာ ထိုင်း-မြန်မာ နယ်စပ်က မယ်လ ဒုက္ခသည်စခန်းကို သွားရောက်မယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းကလည်း မြန်မာအလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးတဲ့ ရုံးကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီမှာ အလုပ်သမား ၂၀၀၀ ကျော်ကို စကားပြောဆိုခဲ့ပါသေးတယ်။
ဒီအကြောင်းသတင်းသွားယူတဲ့ RFA သတင်းထောက် ကိုအောင်မြတ်စိုးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
=======================================================================
ဒေါ်စုနှင့်ခေါင်းဆောင်တချို့ WEF ညီလာခံမှာ သီးခြားတွေ့ဆုံမည်...
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ အရှေ့အာရှ ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်မှာဖြစ်ပါတယ်။ ညနေပိုင်းမှာ အရှေ့အာရှ စီးပွားရေးညီလာခံ ကျင်းပရာနေရာကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာ တာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ မြန်မာအလုပ်သမားတွေ အများအပြားရှိနေတဲ့ မဟာချိုင်ကို သွားရောက်ပြီး မြန်မာအလုပ်သမားတွေကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်နဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက စုစည်းတင်ဆက်ပေးထား ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးညီလာခံအတွင်းမှာပဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံ ဖွယ်ရှိပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာတော့ ကမ္ဘာ့စီးပွားရေးညီလာခံ တရားဝင်ဖွင့်ပွဲ အခမ်းအနား ပြုလုပ် မှာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်အပါအ၀င် ခေါင်းဆောင်အတော်များများက အရှေ့အာရှ အနာဂတ်အပေါ် အမြင်တွေကို မိန့်ခွန်း ပြောဆိုကြဖို့ရှိပါတယ်။ မနက်ဖြန် ဇွန်လ တစ်ရက်နေ့ မနက်ပိုင်း ကမ္ဘာ့စီးပွားရေး ညီလာခံမှာတော့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောဖို့ရှိပြီး မွန်းလွဲပိုင်းမှာတော့ မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမှုတွေဟာ ဒေသနဲ့ကမ္ဘာကြီးအတွက် ဘယ်လို သက်ရောက်နိုင်သလဲ ဆိုတဲ့ အပေါ် မြန်မာနိုင်ငံရေးအနာဂတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ရှိပါတယ်။
မနေ့ကတော့ ကမ္ဘာ့စီးပွားရေးညီလာခံကို မရောက်ခင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ အလုပ်သမားတွေ အများအပြားရှိတဲ့ ဘန်ကောက်မြို့အနီး မဟာချိုင်အရပ်ကို သွားရောက်ရာမှာ ထောင်နဲ့ ချီတဲ့ မြန်မာတိုင်းရင်းသားလူမျိုးတွေရော ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့ ထိုင်းလူမျိုးတွေပါ စုဝေးရောက်ခဲ့ကြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လို့ ကျနော်တို့မှာ အလုပ်နားလို့ရှိရင် ၁၀ ရက်၊ ၁၅ ရက် ဖိုင်း (fine) တပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဂရုမစိုက်ပါဘူး။ အမေစုဆိုတာ တွေ့ရဖို့ ခဲယဉ်းပါတယ်။ တသက်မှာ တခါပဲ တွေ့ရပါတယ်။ သူများတွေ တွေ့ချင်လို့တောင် မတွေ့ရပါဘူး။ ကျနော်ဆိုရင် မနက် ၆ နာရီ ကတည်းက လာပါတယ်။ ထမင်းလည်းမစား-ဘာမှ မစားဘူး။ အမေစုကိုတွေ့ချင်တဲ့စိတ်နဲ့။ အခု တွေ့ လိုက်ရတော့ စိတ်ထဲမှာ အရမ်းကို ပီတိဖြစ်ပါတယ်။”
“အရမ်းကိုချစ်တဲ့အတွက်ကြောင့် လာကြိုတာ- ဘာမှ မျှော်လင့်ချက်ထားပြီး လာကြိုတာတော့ မဟုတ်ပါ ဘူး။ အရမ်းကိုချစ်လွန်းလို့၊ အရမ်းကို တွေ့ချင်လွန်းလို့ အပင်ပန်းခံပြီး လာကြိုတာပါ။ ဒီနေ့က အလုပ်မပိတ် ဘူး။ ဒါပေမယ့် သဌေးဆီမှာခွင့်တောင်းပြီးတော့ ကြိုးစားပမ်းစားနဲ့ လာကြိုရတာ၊ သူတို့လည်း အကုန်လုံး ကို ခွင့်မပေးနိုင်ဘူး။”
“မေမေ ဒေါ်အောင်ဆန်းစုကြည် အချုပ်ထဲမှာနေတာ ကြာပြီ။ ဘာမှ မသိဘဲနဲ့ - တိုင်းသူပြည်သား အားလုံး က ဒုက္ခရောက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ - ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်နေတယ်။ မေမေဘာမှ မသိဘူး။ ဒါကြောင့်မို့လို့ မေမေသိအောင် ဒီထိုင်းနိုင်ငံမှာ လာလို့ရှိရင် သမီး မေမေ့ကို ကြိုနေမှာပါ။”
ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အားပေးစကားပြောပြီး တိုင်းပြည် အခြေအနေ မြင့်တက်လာတာနဲ့ အမျှ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေ တန်ဖိုး မြင့်တက်လာစေရမယ် လို့ ပြောဆိုသွားပါတယ်။
“ကျမတို့ဟာ မျက်နှာငယ်စရာ၊ အားငယ်စရာ ဘာမှ မလိုဘူး။ အမြဲတမ်းပြောင်းလဲနေမှာပဲ။ အဲဒီတော့ ဒီတကြိမ်တခါမှာ ကျမတို့နိုင်ငံသားတွေက ဒီမှာလာပြီး လုပ်နေရတယ်ဆိုပေမယ့် ကျမတို့နိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ ကျမတို့နိုင်ငံသားတွေရဲ့ အခြေအနေနဲ့တန်ဖိုးကလည်း တက်လာမှာပဲဆိုတာကို သိကြပါ။”
ထိုင်းနိုင်ငံအတွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်တဲ့ ခရီးစဉ်တွေမှာ ထိုင်းအာဏာပိုင်တွေက လုံခြုံရေး အပြည့်ယူထားပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂ ရက်နေ့မှာတော့ မြန်မာ တိုင်းရင်းသားဒုက္ခသည်တွေရှိနေတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ဖို့ ရှိပါတယ်။ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့ကိုလည်း တွေ့ဆုံဖို့ရှိသလို မဲဆောက်က ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကိုလည်း သွားရောက် လေ့လာဖွယ် ရှိပါတယ်။

By ကိုသားညွန့်ဦး (ဗွီအိုအေ-မြန်မာပိုင်း)
======================================================================
ဒေါ်အောင်ဆန်းစုကြည်နှင့်ထိုင်းဒုဝန်ကြီးချုပ်တို့ မြန်မာလုပ်သားများအရေး အကြိတ်အနယ်ဆွေးနွေး...
ဗန်ကောက်။မေ ၃၁။
အလုပ်သမားမှတ်ပုံတင် နှင့်ယာယီပတ်စပို့မရသေးသူများ အမြန်ဆုံရရေးနှင့်အလုပ်သမားအခွင့်အရေးများ ရရှိရေးအတွက် ထိုင်းဒုဝန်ကြီးချုပ်ကကူညီပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကိုပြောကြားသည်။
ထိုင်းနိုင်ဗန်ကောက်မြို့တွင်ပြုလုပ်သည့်ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့တက်ရောက်လာသောဒေါ်အောင်ဆန်းစုကြည် သည်မေ၃၁ ရက် မွန်းလွဲံပိုင်းက ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ်နှင့် အစိုးရရုံးတွင်တွေ့ဆုံ ခဲ့ပြီ့းမြန်မာလုပ်သားများ အရေးအကြိတ် အနယ်ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
``ကျမနေ့လည်းလောက်ကထိုင်း ဒုတိယ၀န်ကြီးချုပ်နဲ့ေ တွ့ခဲ့ပါတယ် ။တွေ့ရတဲ့အကြောင်းရင်းကလည်း ကျမတို့ရွှေ့ပြောင်းလုပ်သားတွေရဲ့အခြေအနေကိုကောင်းအောင်လို့ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ ကိုဆွေးနွေးတာပါ။ အဲဒီဆွေးနွေးချက်အရတော့ အတတ်နိုင်ဆုံးကျမတို့ရဲ့ရွှေ့ပြောင်းလုပ်သားတွေရဲ့ အရေးပြေလည်ရေး အတွက်လုပ်ပေးပါ့မယ် လို့ကျမ ကိုပြော ပါတယ်´´ဒေါ်အောင်ဆန်းစုကြည်က စမွတ်စခွန်ရှိ ယာယီပတ်စပိုစ်ထုတ်ပေးရေး ရုံးသို့လာရောက်စဉ်မြန်မာလုပ်သား များကို ယင်းကဲ့ သို့ထုတ်ဖော်ပြောကြားခဲ့သည်။
``တခြားနိုင်ငံမှာေ၇ာက်နေတဲ့ကျမတို့ရဲ့အလုပ်သမားတွေပြန်လာပြီးတော့အလုပ်ရနိုင်အောင်လုပ်ဖို့ဆိုတာ
ဟာမြန်မြန်ဆန်ဆန်ကြီးတော့မဖြစ်နိုင်သေး ပါဘူး။ ဒီအချိန်ကာလမှာဒီနိုင်ငံမှာရှိနေ သရွေတော့အတတ်နိုင်ဆုံး အဆင်ပြေအောင်လို့ ကျမတို့အတတ်နိုင်ဆုံးကြိုးစား ပါ့မယ်လို့ပြောပါရစေ´´ဟုဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
``မြန်မာလုပ်သားတွေကိုမြန်မြန်လေးပတ်စပို့လုပ်ပေးစေချင်တယ်။သူတို့ကအလုပ်ကနေဖျက်ပြီးလာရတာ။ ၃ရက် ပျက်ရင် အလုပ်ထုတ်ခံ ကျရတယ်။`` ဟု Burma Democarcy Network မှဒုဥက္ကဋ္ဌက ဖလားဝါးနယူး(စ်)သို့ပြောသည်။
"ကျွန်တော်တို့အရင်လ(ဧပြီ)၂၃ရက်ကစပြီးယာယီပတ်စပို့စ လုပ်ပေးပတယ်။ စလုပ်ပေးခါစက တနေ့၄၀၀လောက် လုပ်ပေးပါတယ်။ ခုဆို၁၀၀၀လောက် လုပ်ပေးနေပါတယ်။ ကိုယ့်မြန်မာတွေအေးအေးဆေးဆေး အလုပ်လုပ်ကိုင်နိုင်ရေး အတွက်ကျနော်တို့ လုပ်ပေးနေပါတယ်" ဟု စမွတ်စခွန်ရှိ ယာယီပတ်စပိုစ်ထုတ်ပေးရေးရုံး မှဒုရဲမှုးစန်းလွင် ကရှင်းပြသည်။
ယခုအခါ ထိုင်းနိုင်ငံတွင်မြန်မာလုပ်သား၂သန်းကျော်ရှိပြီးစမွတ်စခွန်ဒေသတွင်၂သိန်းကျော်ရှိသည်။
D-မင်း (ဗန်ကောက်မှ တိုက်ရိုက်ပေးပို့သည်)
by Yangon Media Group
by Yangon Media Group
=======================================================================
စီးပွားရေးဖိုရမ်တွင် ၁၅ မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား.
" စီးပွားရေးဖိုရမ်တွင် ၁၅ မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြား၊ တိုင်းပြည်တွင်း တရား ဥပဒေစိုးမိုးခိုင်မာမှုအတွက် ချက်ချင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်း"
မြန်မာအစိုးရအနေဖြင့် လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် တရား ဥပဒေစိုးမိုးခိုင်မာမှုအတွက် ချက်ချင်းလုပ်ဆောင်ရန်နှင့် တိုင်းပြည် တွင်း အကျိုးဖြစ်ထွန်းစေမည့်ရင်းနှီးမြုပ်နှံမှုများကို အားပေးဖော်ဆောင် သွားရန် လိုအပ်ကြောင်း ဇွန်လ ၁ ရက်က ဘန်ကောက်မြို့တွင်ပြုလုပ်သည့် အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောကြားသည့် မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းတွင် မြန်မာနိုင်ငံသည် တရားဥပဒေစိုးမှု အပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် လုံခြုံစိတ်ချရသောအာမခံချက် လိုအပ်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။“ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမြုပ်သူတွေ အနေနဲ့ အင်မတန်မှကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဥပဒေတွေ ရှိနေခဲ့ရင်တောင်မှ ဒီဥပဒေကို သန့်ရှင်းလွတ်လပ်စွာ အသုံးပြုခွင့် ရတယ် မရဘူးဆိုတာကို သတိထားစေချင်ပါတယ် ” မြန်မာ နိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပြီး ယင်းဥပဒေကို အဓိကကျောရိုးဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာတွင် သန့ှ်ရှင်းလွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ၊ ကမ္ဘာပေါ်တွင် မည်မျှ ကောင်းသောဥပဒေပင်ဖြစ်ပါစေ လက်တွေ့အသုံးချမှုမရှိလျှင် အသုံးဝင်သည့် ဥပဒေတစ်ရပ် ဖြစ်လာမည် မဟုတ်ကြောင်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။ ၄င်းအပြင် မြန်မာနိုင်ငံ တွင်းအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေသည့် ရင်းနှီးမြုပ်နှံမှုများ ဖန်တီးပေးရန် တောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား စီးပွားရေး ကွာဟမှုသည် များစွာကြီးမားကြောင်း ၄င်းကဆိုသည်။ “ စီးပွားရေးကွာဟမှု ကျဉ်းမြောင်းသွားအောင် ကျွန်မတို့လုပ်ရမယ်။ ထိုင်းနိုင်ငံထဲကို များပြား တဲ့ရွေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတယ် ဆိုတာကျွန်မတို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိပဲဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။ အဆိုပါ ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲတွင် ၄င်းအနေဖြင့် အထပ်ထပ်အခါခါပြောကြားခဲ့သည့် ကိစ္စရပ်သည် အကျင့်ပျက်ခြစားမှုနှင့် မျှတမှုမရှိသည်များအား အမြစ်ပြတ်ချေမှုန်းရန် လိုအပ်သည့် အကြောင်းဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် အရှေ့ အာရှစီးပွားရေးဖိုရမ်တွင် ၁၅ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။
By: Popular Myanmar News Journal
By: Popular Myanmar News Journal
=========================================================================
ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲမှ ဒေါ်အောင်ဆန်းစုကြည်.......
မြန်မာနိုင်ငံအတွက်၊ အာဆီယံအတွက်၊ နိုင်ငံတကာအတွက် မီးရှူးတန်ဆောင်ပမာ အားကိုးထိုက်သူတဦး ကမ္ဘာ့အလယ်မှာ ကိုယ်တိုင်ကိုယ်ကျ ထွက်ပေါ်လာပါပြီ။ သူကတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ချစ်ခင် လေးစား ဂုဏ်ယူရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါပဲ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲ (World Economic Forum) မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁-၆-၂ဝ၁၂ က မိန့်ခွန်းပြောဆိုပြီး ဆွေးနွေးသွားခဲ့ပါတယ်။ ဒီမိုကရေစီ မီးရှူးတန်ဆောင်အဖြစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆု ရလာပြီးနောက် ၂၄ နှစ်အတွင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကိုယ်ကျ ပြည်ပကို သွားရောက် ပြောဆိုတဲ့ မိန့်ခွန်းဖြစ်ပါတယ်။
ဒီအကြောင်းဟာ ကမ္ဘာ့ထိပ်တန်းသတင်း ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံကိုသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ အမှတ်တရဖြစ်စရာ၊ ရည်ညွှန်းကိုးကားစရာ၊ အထောက်အကူပြုနိုင်စရာတွေကို သမိုင်းဝင်ဖြစ်လောက်အောင် ဒေါ်အောင်ဆန်းစုကြည်က ပေးစွမ်းနိုင်ခဲ့တယ်လို့ သုံးသပ်လိုက်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ “ကမ္ဘာမှာ တို့မြန်မာဟေ့” လို့ ဂုဏ်ယူစရာကောင်းလောက်အောင် ဒေါ်အောင်ဆန်းစုကြည်က တဖက်တလမ်းက ဦးဆောင် ပြသနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။ မြန်မာနိုင်ငံသားတွေဟာ ဘယ်လို အခြေအနေမှန်မှာ ရှိနေပြီး ဘယ်လိုမျိုး လုပ်ပေးနိုင်ကြရင် ကောင်းစေနိုင်မှာကို ရိုးရိုးရှင်းရှင်း အမြင်ကျယ်ကျယ် ပြောဆိုသွားပါတယ်။ မိန့်ခွန်းအပြီးမှာတော့ ကျနော့်ရင်ထဲမှာ ဝမ်းနည်းဝမ်းသာ ခံစားမိလိုက်ရပါတယ်။
နိုင်ငံတကာ ဆွေးနွေးပွဲမှာ ဘယ်လိုစကားပြောရသလဲ ဆိုတာတွေကိုပါ ကျနော်တို့ကို လက်တွေ့ သရုပ်ပြ သင်ကြားပေးလိုက်သလိုဖြစ်အောင် ကောင်းလှပါတယ်။ ခေါင်းဆောင် အစစ်အမှန်ဆိုတာ အဲဒါပါပဲ။ ဘယ်သူ့ကိုမဆို စံနမူနာ ယူနိုင်စေဖို့ အရည်အချင်း၊ အမြော်အမြင်နဲ့ စေတနာရှိသူ ဖြစ်ပါတယ်။
ပြောရင် မကုန်နိုင်လောက်အောင် ချီးကျူးစရာတွေ ရှိပါတယ်။ အထူးတလည် မှတ်ချက်ပြုချင်တာကတော့ ---

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာကြောင့် ဒီမိုကရေစီ မီးရှူးတန်ဆောင်၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်အဖြစ် ထိုက်ထိုက်တန်တန် ရှိနေရသလဲ…
ပြီးတော့ နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ထာဝရလေးစားနေရသလဲ ….
မြန်မာနိုင်ငံအနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေမှာ ဒီလိုခေါင်းဆောင်တဦးကို ဘာကြောင့် အလိုရှိနေရသလဲ ….
ပြီးတော့ နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ထာဝရလေးစားနေရသလဲ ….
မြန်မာနိုင်ငံအနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေမှာ ဒီလိုခေါင်းဆောင်တဦးကို ဘာကြောင့် အလိုရှိနေရသလဲ ….
ဆိုတာတွေကို ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အထင်အရှား သက်သေပြသွားနိုင်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ လက်ရှိမြန်မာအစိုးရ ခေါင်းဆောင်တွေကိုပါ ကျနော် ချီးကျူးမိပါတယ်။ တကယ်လို့သာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်က လွှမ်းမိုးနေတုန်းပဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီကို ပြန်လည်တည်ထောင်နိုင်မှာ မဟုတ်သလို ဥပဒေပြု လွှတ်တော်အမတ်လည်း ဖြစ်လာမှာ မဟုတ်တဲ့အပြင် အခုလို ထိုင်းနိုင်ငံထွက်ပြီး နိုင်ငံတကာကို ပွင့်လင်း ပြတ်သားစွာ ပြောဆိုနိုင်ခွင့်လည်း ရမှာမဟုတ်ပါဘူး။ လက်ရှိ မြန်မာအစိုးရဟာ ဒီမိုကရေစီ ဖြစ်ထွန်းလာအောင် အသွင်ပြောင်းယူနေတာကို လက်တွေ့ကျကျ ပြသလိုက်တာ ဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောတူထားတဲ့အတိုင်း လက်တွဲပူးပေါင်း ကြိုးပမ်းနေတာ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် နားလည်မှု အပြည့်အဝ ရှိတာကိုလည်း သက်သေပြနိုင်ခဲ့ပြီလို့ ယူဆမိပါတယ်။

လွင်အောင်စိုး
၁-၆-၂ဝ၁၂
၁-၆-၂ဝ၁၂
======================================
အမျိုး အမည်..များ
ပြည်တွင်းသတင်းများ,
သတင်းများ..
Subscribe to:
Posts (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2014
(208)
-
▼
October
(117)
- သွေးလွန်တုတ်ကွေး တိုက်ဖျက်တဲ့ ခြင်တွေကို စေလွတ်ပြီ
- ISIS စစ်သွေးကြွ များအား သုတ်သင်မှုအတွက် တစ်ရက်အသုံး...
- ISIS အဖွဲ့က အသေခံဗုံးခွဲသမားများ နှင့် လူသားတံတိုင...
- အိန္ဒိယ ရထား သံလမ်း ဘေးတွင် ကိုယ်လက် အင်္ဂါ ပြတ်တောက်...
- (၅)လွှာတိုက်ခန်းဝရန်တာ အုတ်ခုံပေါ်တွင်ထိုင်နေသူ အမျု...
- ငွေမည်းဖြင့် အိမ်ခြံမြေ ၀ယ်ယူ ဈေးကစားသည့် အဖွဲ့အစ...
- ဆီရီးယားတွင် ISIS အဖွဲ့က ဆီးရီးယားစစ်ဘက် အကြီးအကဲ ...
- ငွေကြေး ရင်းနှီးမြှုပ်နှံသူများ ဒေါ်လာဘက်သို့ လှည့်လာ
- ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ရေမြောင်းထဲ ထို...
- စစ်သွေးကြွတွေ နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေဘ၀ (ရုပ်...
- တောင်ကိုရီးယား စစ်သား ၄ ဦး ထောင် နှစ်ရှည် ကျ
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သ...
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတ...
- အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် အားကစား မြင်ကွင်း ဂျာန...
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် Auto World Journal Vol...
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) ဂျာနယ...
- နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် Netguide Vol. (3) , Issue...
- အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းပြဿနာ (ရုပ်/သံ)
- ဘူကီနာဖာဆိုတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက ပါလီမန်...
- ဘာကီနာဖာဆို နိုင်ငံမှာ အစိုးရ ဖျက်သိမ်းကြောင...
- လွတ်တော်တွင် ကြက်ဆူပင်စီမံကိန်းဆိုင်ရာ မေးခွန်း လယ...
- မြန်မာ့ရုပ်သေးပွဲ ကမ္ဘာ့အလယ်တွင် ပေါ်လွင်ထင်ရှားတင့်တယ်
- စောင့်ဥပဒေအမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒထုတ်ဖော်...
- အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည...
- သန်းခေါင်ကျော်မှရတဲ့ ခွင့်ပြုမိန့်
- ပုဂံတွင် ကမ္ဘာလှည့်ခရီးသွား စုံတွဲများအတွက် ရိုးရာဓ...
- အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ဦးဗုဒ္ဓဘာသာသို့ကူးပြောင်...
- မော်ကျွန်းတွင် ဓာတ်ကြိုးပြတ်ကျ၍ လေးဦးသေဆုံး
- မိတ္ထီလာ အကျဉ်းထောင်တွင် မူးယစ်တရားခံအား ဧည့်တွေ့လာ...
- ၇ နှစ်သမီးလေးအား ငွေတစ်ထောင်ပေး ဈေးဝယ်ခိုင်းပြီး ...
- ခွင့်ပြုချက်မရဘဲညပိုင်းတွင်ဗလီခိုးပြင်နေတာသက်ဆိုင်...
- ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်လူနာများကို ဓာတ်ခွဲခန...
- ဓါတ်ကြိုးပြုတ်ကျမှုကြောင့်ဆော့ကစားနေသည့်ကလေးငယ် (၂)...
- နာမည်ကြီးကာ့ဒ်တပ်ဖွဲ့ ဝင်အမျိုးသမီးကိုအိုင်အက်စ်တိ...
- ထောင် ၁၅နှစ် ကျလည်း ကျပါစေ ဟုဆိုကာ သားမယားပြုကျင့်သူ
- လစာနည်းပါးမှုနှင့် လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခ...
- နိုင်ငံ၏အချုပ်အခြာကို မထိပါးရန် အိန္ဒိယနှင့်ဗီယက်နမ...
- ပညာရေးရံပုံငွေ သိန်း ၆၀၀ နီးပါး အလွဲသုံးမှု ပညာရေးဝ...
- ငွေနှင့်ဘဏ်ကတ်များ ခိုးယူခံရကြောင်း ဘဏ်သို့လာရောက်...
- တောင်ကိုရီးယားဇတ်လမ်းတွဲများကြည့်မှု၊ ခြစားမှု တိြု့...
- လူရွှင်တော်မျက်နှာဖုံးစွပ် လက်နက်ကိုင်ဂိုဏ်း ပြင်သစ...
- ကုလလူ့အခွင့်အရေးအစီရင်ခံစာ နိုင်ငံတကာ တုံ့ပြန်ချက်...
- အမေရိကန်မှာ လုံခြုံရေး တိုးမြှင့်
- အာဖဂန် ၃ ဦးလက်ကို ဖြတ်ခဲ့သူ သြစီစစ်သား တရားစွဲခံရ...
- မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ လုပ်ခလစာနည်း
- လူကိုတိုက်မိပြီး ထွက်ပြေးသည့်ကား ရဲတပ်ဖွဲ့က နာရီပိ...
- စစ်တွေတွင် အမျိုးသမီးကြီး တစ်ဦးကို ရေတွင်းထဲ သေဆု...
- ကျပ်ငွေတန်ဖိုး ၂ နှစ်အတွင်း အနိမ့်ဆုံး ဈေးကို ရောက်
- ဒေါ်လာဈေးတွေ တက်ပြီး ကျပ်ဈေးတွေကျ
- တောင်ကြီးမြို့ တန်ဆောင်တိုင် လုံခြုံရေး တင်းကြပ်စွ...
- အင်းစိန်မြို့နယ်တွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပ...
- လေဆာ သွားတိုက်ဆေး Colgate ကုမ္ပဏီက ဝယ်ယူ
- အစ္စရေးတွင် ဇနီး ၂၁ ဦးနှင့်သမီးများအပေါ် လိင်ပိုင်း...
- Black List သတ်မှတ်ခံရသူ တရုတ်နိုင်ငံသား မန္တလေး အပြ...
- ပဟေဠိဆန်ဆန် ပျောက်ဆုံးနေသည့် ကင်ဂျုံအန် အကြောင်းကု...
- နာဆာ အာကာသဒုံးပျံယာဉ် ပျက်ကျ
- သမ္မတနဲ့ကာချုပ်အပါအ၀င် နိုင်ငံရေး ထိပ်သီး ဆွေးနွေးပ...
- မိမိကိုယ်ကိုယ် မီးရှို့မည်ဆိုသည့်သတင်း တိုက်ခိုက်မှု...
- ကော်သူလေးတပ်မတော်ဖွဲ့စည်းရန် ဆုံးဖြတ်
- သီရိလင်္ကာ မြေပြိုမှု လူ ရာချီ ပျောက်ဆုံးနေ
- ည ၁၀ နာရီနောက်ပိုင်း မီးထွန်း၊ သွားလာလျှင် ပစ်ခတ်ခ...
- ISIS ကိုတိုက်ဖို့ အိမ်နီးချင်း ကဒ်တွေအင်အားဖြည့်
- ကိုဘာနီမြို့တိုက်ပွဲများတွင် စစ်ကူပေးရန် ကာ့ဒ်တပ်ဖ...
- မြန်မာလူငယ်နှစ်ဦးကို မျိုးရိုးဗီဇ ထပ်မံစစ်ဆေးဖို့...
- ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်ခေါင်းဆောင် သေဒဏ်
- အောက်တိုဘာလ (၂၆)ရက်နေ့ ထုတ် Digital Life နည်းပညာဂျ...
- အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတ...
- အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သ...
- ၀မ်ပေါင်ကုမ္ပဏီ မြန်မာပြည်က ထွက်ခွာသွားဖို့ လက်ပံတေ...
- မေဘရဏီသော်က အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ ပြော...
- UNFC အဖွဲ့ဝင် အဖြစ်က ဆက်ရပ်ဆိုင်းထားမယ်လို့ ကေအန်ယ...
- အိမ်ခြံမြေ ဈေးကစားလျှင် အရေးယူမည်
- ပုဒ်မ ၄၃၆ ကိုမပြင်ဘဲ ကာလုံအခန်းကဏ္ဍတိုးမြှင့်ရန် တပ်...
- ဘက်ထရီဖြင့်ရှော့ခ်တိုက် ငါးဖမ်းနေစဉ် ဓာတ်လိုက်၍သေဆုံး
- မြန်မာလူငယ်နှစ်ဦးအမှု ပြန်သုံးသပ်ပေးဖို့ ထိုင်းရှေ...
- အောက်တိုဘာလ (၂၇)ရက်နေ့ ထုတ် Myanmar Times (English...
- အောက်တိုဘာလ (၂၇)ရက်နေ့ ထုတ် The Messenger Vol 5 No 22
- ဆီးရီးယားအစိုးရထိန်းချုပ်ရာ အိုင်းဒလစ်မြို့ကို သူပ...
- လူရွှင်တော်မျက်နှာဖုံးစွပ် လက်နက်ကိုင်ဂိုဏ်း ပြင်သစ...
- အရှေ့ယူကရိန်း ရွေးကောက်ပွဲကို အသိအမှတ်မပြု
- အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတ...
- အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သ...
- တစ်ချိန်က မန္တလေးမြို့ အရုဏ်ဦး
- ရှားပါး ပန်ဒါဝက်ဝံ အနီမျိုး မြန်မာနိုင်ငံမှာ တွေ့ရှိ
- မသေချင်ရင် ၀န်ခံလိုက်ဆိုလို့ ကြောက်လို့ဝန်ခံရပါတယ်...
- ဖမ်းဆီးခံ လူငယ် ၂ ဦး၏ မိဘများ ထိုင်းတရားရုံးချုပ်...
- အိန္ဒိယထောင်ပြေး လွတ်မြောက်လာမှုကြောင့် ထိုင်းနိုင်င...
- အကြမ်းဖက်အန္တရာယ် အခြေအနေ သတင်းထုတ်ပြန်မည်
- UNFC က ထွက်ဖို့ KNU ဆုံးဖြတ်
- မြန်မာနှစ်ဦးရဲ့ ဓာတ်မှန်မှာ သင်္ကာမကင်းစရာ မတွေ့
- လိပ်ကျွန်း ရိုက်နှက်စစ်ဆေးမှု ထိုင်းရဲတပ်ဖွဲ့ ရှင်း...
- သြစီမှာ ခိုလှုံသူတွေကို ပြန်မပို့ဖို့ တောင်းဆိုနေ
- ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယားကျောင်းသူများ အတင်းအဓမ...
- မဲဆန္ဒရှင် စါရင်း မှတ်ပုံတင်လုပ်ငန်း စမယ်
- ဆွေးနွေးညှိနှိုင်းမှ ကချင်ပဋိပက္ခ ပြေလည်နိုင်
- အီဘိုလာဖြစ်တဲ့ နိုင်ငံကလူတွေကို သြစီ ဝင်ခွင့်မပေး
- အမျိုးသမီးတွေကို ဘိုကိုဟာရမ်က ရှေ့တန်း ပို့နေ
- ဆေးဝန်ထမ်းတွေကို မခွဲခြားဖို့ ဘန်ကီမွန်းပြော
- တောင်ဒဂုံက လယ်သမားဆန္ဒပြပွဲ (ရုပ်/သံ)
- ရွှေနှင့်ရတနာပစ္စည်းတန်ဖိုး ၃၈၆ သိန်းကျော်ခိုးယူသူမျ...
- လားရှိုးမြို့ တွင် ခရီးသည်တင်ယာဉ်တစ်စီး၏ ယာဉ်ဝန်ထမ...
- အောက်တိုဘာလ (၂၈)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သ...
- အောက်တိုဘာလ (၂၈)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၂၈)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတ...
- ငွေကြေးမလုံလောက်၍ စည်ပင်မှ စစ်တွေတွင်အမှိုက်များ ပံ...
- သမ္မတရဲ့ လွှတ်တော်ဖျက်သိမ်းခွင့် ဖွဲ့စည်းပုံပြင်ရေးေ...
- အမေရိကန် သံအမတ် ကချင် ခရီးစဉ်
- ဒေသခံ လူထုရဲ့ အသံနားထောင်ဖို့ အရေးကြီး
- စားထိုးမြေယာ ပြန်မပေးလျှင် တောင်သူများ အခက်ခဲကြုံမည်
- မြန်မာနိုင်ငံသားတဦး မလေးရှားတွင် အသတ်ခံရ
- ရန်ကုန်မြို့တွင် အမျိုးသမီး သီးသန့် ယာဉ်လိုင်း စတင...
- ခိုတောင်းကျွန်းလူသတ်မှု ဗြိတိန်ရဲ စုံစမ်းရေး စတင်
- ကမ္ဘာတိုင်အောင် ကျော်ကြားလာသည့် မြန်မာ့အလှ ရှင်မတော...
- မြန်မာ-အမေရိကန် ထိတွေ့ဆက်ဆံမှု အပြောင်းအလဲ
-
▼
October
(117)