Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 30 September 2012

မင်းစိတ်နဲ့ကိုယ်



ငါ့အနားမှာ နင်ရှိ မနေလည်း
ငါ့ရင်ထဲမှာ နင်အမြဲရှိတယ်

ငါ့ကိုနင် သတိရ မနေလည်း
ငါနင့်ကို အချိန်တိုင်း သတိရတယ်

ငါ့ကိုနင် လွမ်း မနေလည်း
ငါနင့်ကို တမ်းတနေတယ်

ငါ့ကိုနင် ဖုန်း မဆက်လည်း
ငါနင့်ကို ဖုန်းခေါ်နေမိတယ်

ငါ့ကိုနင် မေ့သွားရင်တောင်
ငါနင့်ကို ထာဝရ သတိရလွမ်းနေမိမှာ

ငါ့ကိုနင် မယုံဘူးဆိုရင်တောင်
နင့်ကို သိပ်ချစ်တဲ့ ငါ့နှလုံးသားလေးကိုတော့ သံသယ မရှိပါနဲ့

~~ အချစ်မှာ မျက်စိမရှိပေမယ့် ငါ့နှလုံးသားထဲမှာတော့
နင့်ကိုချစ်တဲ့ အချစ်တွေ အပြည့်ရှိတယ် ... ချစ်သူ ~~

အဝေးကချစ်သူသို့******

အချိန်တွေကြာလို့မေ့သွားတဲ့လူတွေထဲမှာ
နင့်နာမည်လေးကို
ငါဖယ်ထားပါတယ်ကောင်မလေး..
ပြောနေကြအတိုင်းပဲပေါ့.
နင့်ကိုငါသတိရဖို့လည်းမမေ့ဘူး..
မေ့ဖို့ကိုလည်းသတိမရခဲ့ပါဘူး....ယုံပါ
မလိခတောင်မေခနဲ့ပေါင်းဆုံဖို့
တောင်စဉ်အထပ်ထပ်ကျော်ဖြတ်ခဲ့ရသေးတာပဲ
ငါလည်းလောကဓံအထပ်ထပ်ကို
ရင်ဘတ်နဲ့ရင်းပြီးကျော်ဖြတ်ရအုံးမှာပေါ့..
အမှောင်ယံတွေလွန်မြောက်တဲ့တနေ့
မြစ်တစင်းထဲအတူစီးဝင်ခွင့်ရှိလာအုံးမှာပါ..
ဒီမိုးတလွာတိုက်စားပြီးကုန်တဲ့နောက်
ဆောင်းဝတ်မှုန်တွေမကျဲချသေးခင်
ငါအချိန်မှီရောက်ဖို့သာ..နင်ဆုတောင်းပေးပါ
ငါ့အတွက်တော့
အေးစက်နေတဲ့ငါ့လက်တွေကိုဆုပ်ကိုင်ဖို့
နင့်လက်ဖဝါးလေးတွေအရင်လိုနွေးနေကြပါစေအုံးနော်
လေတွေကြောင့်ပြန့်ကျဲရတဲ့မိုးတိမ်
လေကြောင့်ပဲပြန်ဆုံဆည်းခွင့်ရသလိုမျိုး
နင့်ဆီကိုဆောင်ကြဉ်းပေးနိုင်မယ့်လေညှင်းနဲ့
ငါခိုစီးပြီးလိုက်ခဲ့ချင်လိုက်တာ....
ဘာပဲဖြစ်ဖြစ်ပေါ့..
ဟိုးအရင်တုန်းကညမျိုးလို
နင်နဲ့အတူကြယ်တွေကူပြီးရေတွက်ဖို့
ငါ့မျှော်လင့်ချက်တွေတောက်ပနေဆဲပါ
ငါလည်းပဲဆုတောင်းနေပါတယ်....ကောင်မလေးရေ...
ကြယ်စုတွေမရောက်နှင့်မီ
ငါအလျင်ရောက်ဖြစ်ဖို့နဲ့
အတူတူလက်ချင်းယှက်ပြီး
နောက်ကျတတ်တဲ့ကြယ်တွေစောင့်ကြည်လို့
လောင်မြိုက်ဖူးတဲ့အလွမ်းတွေအားလုံး
ငြိမ်းသတ်နိင်မယ့်ညများစွာအတွက်ပေါ့....

သီချင်းတွေမှာ စာသားထည့်ဖို့

သီချင်းတွေမှာ စာသားထည့်ဖို့
ကိုယ့်စိတ်ကြိုက် သီချင်းတွေမှာ စာသားနဲ့ အဆိုတော်ပုံတွေ ထည့်ဖို့ Jet Audio ကို အသုံးပြုနိုင် ပါတယ်။ အတတ်နိုင်ဆုံး Jet Audio ရဲ့ နောက်ဆုံး version ကို ယူထား ဖို့တော့ လိုပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရင် version အဟောင်းတွေမှာ ရ/မရ ဆိုတာကို သေချာမသိလို့ပါ။ အခု စက်ထဲမှာ ထည့်ထားတာကတော့ JetAudio.v7.0.2.3010.Plus.VX ဖြစ်ပါတယ်။
ပထမဆုံး ကိုယ်ပြုပြင်ချင်တဲ့ သီချင်းဖိုင် ကို Right click နှိပ်ပြီး၊ ပေါ်လာတဲ့ menu ကနေ jet Audio - Edit Tag ကိုသွားပါ။


"Edit Tag" window box လေး ပေါ်လာပါလိမ့်မယ်။ သေချာ ကြည့်လိုက်မယ် ဆိုရင် အဲဒီ box လေးမှာ Basic, Lyirc, Picture ဆိုပြီး Tab menu လေး သုံးခုပါတာကို တွေ့ပါလိမ့်မယ်။ 'Basic' tab မှာ ကျွန်မတို့ ပြုပြင်မယ့် သီချင်းရဲ့ Title,Artist,Album,Year,Gene စတာတွေကို ဖြည့်ပါ။

foto
'Lyric' tab ကို သွားပါမယ်၊ အဲဒီမှာ သီချင်းစာသားကို ရိုက်ထည့်ချင်ထည့် (ဒါမှ မဟုတ်) Copy-Paste လုပ်ပြီး ထည့်ချင်ထည့် . . . သင့်စိတ်ကြိုက် ထည့်ပါ။ သီချင်းစာသားတွေကိုတော့ www.azlyrics.com မှာ သွားရှာ နိုင်ပါတယ်။ www.google.com မှာပဲ Lyric of **** ဆိုပြီးလည်း ရှာနိုင်ပါတယ်။ (**** ဆိုတာရဲ့ နေရာမှာ သင်ရှာချင်တဲ့ သီချင်းနာမည်ကို ရိုက်ရမှာ ဖြစ်ပါတယ်။ သီချင်းအမည်ရော အဆိုတော်အမည်ပါ, ပါရင် ပိုကောင်းပါတယ်၊ ဥပမာ- Lyirc of Killers are quiet - Slipknot )




Lyrics အမျိုးအစား နှစ်ခု(Static Lyrics and Synchronized lyrics)
ဒီနေရာမှာ ကျန်နေမှာ စိုးလို့ ထည့်ရေးလိုက် တာပါ၊ Lyrics နှစ်မျိုး ရှိပါတယ်။


    Static Lyrics - ဆိုတာကကျ အသေပါ၊ ဒီစာတွေကို ဒီအတိုင်း ပုံသေ ပြနေမှာ ဖြစ်ပါတယ်။
    Synchronized Lyrics - ဆိုတာကကျ Time line တစ်ခုနဲ့ သွားပါတယ်၊ ဥပမာ ပြောရရင် ကျွန်မတို့ တွေ့နေကျ VCDတွေ မှာလိုပဲ စာသားတွေကို အရောင် တစ်မျိုးနဲ့ ထပ်ဖုံးသွားတာ၊ ပြောင်းသွားတာ မျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် Synchronized Lyrics ကို MP3 Player တွေမှာ စာသားပေါ်စေချင်တဲ့ အခါ သုံးနိုင်ပါတယ်။
    တစ်ဆက်တည်း ပြောရရင် အခုနောက်ပေါ်တဲ့ MP3 Player တွေမှာ သီချင်းနားထောင်နေရင်း သီချင်း စာသားပေါ်အောင် လုပ်လို့ ရနေပါပြီ။ ဒါပေမယ့် တစ်ခု သတိထားရမှာက Lyrics စာသားဖိုင် နဲ့ သီချင်းဖိုင်, ဖိုင်အမည်ခြင်း တူရပါ့မယ်။ MP3 Player ထဲကို အဲဒီ သီချင်းဖိုင် နဲ့ စာသားဖိုင် တွေကို ထည့်လိုက်ပါ။ ပြီးရင် သီချင်းဖွင့်၊ သီချင်းလာပြီဆိုတာနဲ့ MP3က Mode ခလုတ်ကို သုံးစက္ကန့် လောက် နှိပ်ထားလိုက်ပါ, သီချင်းစာသားလေးတွေ ပေါ်လာပါလိမ့်မယ်။


အခု Jet Audio မှာလည်း အဲဒီ Synchronized Lyrics တွေကို ရေးသားဖို့ လုပ်ပေးထား ပါတယ်၊ 'Lyrics' tab မှာ Run Lyric Maker (for Synchronized Lyric) ဆိုတဲ့ စာသားလေးကို အောက်နားလေးမှာ တွေ့မယ် ထင်ပါတယ်။ အဲဒီကောင်လေးကို ကလစ်လုပ်ပြီး Synchronized Lyrics တွေကို သင့်ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။
အဲဒါလေးက လုပ်ရတာ နည်းနည်း လက်ဝင် ပါတယ်၊ သီချင်းကို ဖွင့်လိုက်, Time line သတ်မှတ်လိုက် နဲ့ အချိန်လည်း ပေးရ ပါတယ်။ အသင့်ရေးပြီးသား Synchronized Lyrics ဖိုင်တွေကို ဒီဆိုဒ်မှာ http://www.lrcdb.org/သွားယူ နိုင်ပါတယ်။

နောက် 'Picture' tab ကို သွားပါမယ်၊ အဲဒီမှာ Browse ကနေ သင့်ထည့်ချင်တဲ့ ပုံရှိရာကို သွားဖွင့်ပါ။ မူလပုံ အတိုင်းပဲ ပေါ်စေချင်တယ် ဆိုရင် 'Resize image to fit' က အမှန်ခြစ်လေးကို ဖြုတ်ခဲ့ပါ။ ကျွန်မကတော့ 200x200 အရွယ် ပုံသေးလေးပဲ ပေါ်စေချင်လို့ 'Resize image to fit - 200x200' ကိုရွေးပါတယ်။ ပြီးရင် Apply ၊ Ok လုပ်ပါ။


foto

သင် ပြင်ထားတဲ့ သီချင်းဖိုင်လေးကို ဖွင့်ကြည့်လိုက်ပါ၊ သင်ထည့်ထားတဲ့ စာသားနဲ့အတူ ဓါတ်ပုံလေးပါ ပေါ်လာပါလိမ့်မယ်။ အောက်ပါ ပုံအတိုင်း ဖြစ်ပါလိမ့်မယ်၊ ဒါကတော့ ကျွန်မ လုပ်ထားတဲ့ Static Lyrics နဲ့ သီချင်းလေးပါ -


စကားချပ် - Lyrics တွေကို Window Media Player နဲ့လည်း ထည့်လို့ ရတယ်လို့ သိရပါတယ်။

» ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်းစိန်ပြော

မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဘီဘီစီ အင်္ဂလိပ်ပိုင်းက တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။ အဲဒီ တွေ့ ဆုံ မေးမြန်း ခန်းမှာ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ ပြည်သူ လူထုက အနာဂတ် မြန်မာ နိုင်ငံရဲ့ သမ္မတ အဖြစ် မြင်ချင် ကြတယ် ဆိုရင် သူ့အနေနဲ့ လက်မခံ နိုင်စရာ မရှိဘူးလို့ ဘီဘီစီ အင်္ဂလိပ်ပိုင်း ကိုပြောပါတယ်။ ---



ဘီဘီစီ အင်္ဂလိပ်ပိုင်း နဲ့ တွေ့ ဆုံခဲ့တဲ့ သမ္မတဦးသိန်းစိန်

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့