အိမ်ဆောက် ပစ္စည်းများနဲ့ ကားအမျိုးအစား များစွာကို စုံလင်စွာ ပြသ ရောင်းချပေမယ့် အိမ်ရာ အဆောက်အအုံ နေထိုင်မှုနဲ့ မော်တော်ယာဉ်ပြပွဲ ၂၀၁၃ ကို
တပ်မတော် ခန်းမမှာ ဇန်န၀ါရီလ ၁၀ ရက်မှ ၁၃ ရက်အထိ ခင်းကျင်း ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြပွဲကို ဒဂုံ Exhibition ကုမ္ပဏီမှ ကျင်းပ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီပြပွဲ မှာတော့ အိမ်ဆောက် ပစ္စည်းများဖြစ်တဲ့ အိမ်သုတ်ဆေး၊ အိမ်မိုးသွပ်ပြား၊ အိမ်အလှဆင် ပစ္စည်းများ စတဲ့ အိမ်ဆောက် ပစ္စည်း အမျိုးအစား ၅၀ ၀န်းကျင်ကို ပြသ သွားမှာဖြစ်ပြီး ကားများ ပြသမှု မှာလည်း ပြည်တွင်းရှိ ကားအမျိုးအစား များကို ကုမ္ပဏီ ၄ ခုဖြစ်တဲ့ ဧရာဝတီ ပါဝါ၊ Standard International ၊ ဇွဲမာန်၊ ကမ္ဘာမင်း စတဲ့ ကုမ္ပဏီတွေက ပါဝင်ပြသ သွားမှာ ဖြစ်ပါတယ်။
အဆိုပါ ပြပွဲကို ဒဂုံ Exhibition ကုမ္ပဏီမှ ပထမဆုံး အကြိမ်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အိမ်ရာ အဆောက်အအုံ နေထိုင်မှုနဲ့ မော်တော် ယာဉ်ပြပွဲ ၂၀၁၃ ကို ပြုလုပ်မှုဟာ အိမ်ဆောက် ပစ္စည်းတွေ အတွက် အဓိကထား ပြုလုပ်တာဖြစ်ပြီး ပြောင်းလဲ လာတဲ့ ဈေးကွက် စီးပွားရေး စနစ်အရ အဆင့်မြင့် ထုတ်ကုန် ပစ္စည်းများနဲ့ ၀န်ဆောင်မှု များကို ဈေးဝယ်သူ တွေမှ တိုက်ရိုက် သိရှိနိုင်ပြီး ဈေးကွက်သစ်များ ပေါ်ထွန်း လာစေဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment