ဂျပန်နိုင်ငံ အခြေစိုက် ကုန်သွယ် ရေကြောင်း သွားလာမှု ဆိုင်ရာ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Class NK မှ ပြည်တွင်းမှာ ရေကြောင်း သွားလာမှု ဆိုင်ရာ
သင်တန်း များကို မကြာခင် ဖွင့်လှစ် သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အတွင်း ပင်လယ် ရေကြောင်း သွားလာမှု ဆိုင်ရာ အသက်မွေး ၀မ်းကြောင်း ပြုသူ များအတွက် အဓိကထား ဖွင့်လှစ်မယ့် အဆိုပါ သင်တန်းမှာ ဘာသာရပ် တစ်ခုချင်းစီ အလိုက် သီးခြား ဖွင့်လှစ်မယ့် သင်တန်းတွေ အပြင်၊ ရေကြောင်း သွားလာမှု ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းတွေ လည်းပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ယခုလို သင်တန်းများကို ဖွင့်လှစ် ပေးမယ့် Class NK ဟာ ကုန်သွယ် ရေကြောင်း သင်တန်းများ ဖွင့်လှစ် သင်ကြားမှု အပြင် ဂျပန်နဲ့ မြန်မာ နှစ်နိုင်ငံ အကြား ပင်လယ် ရေကြောင်း ပညာရှင်များ မွေးထုတ်ဖို့ အတွက် အပြန်အလှန် လေ့ကျင့် သင်ကြားမှုတွေ ကိုလည်း ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment