ရန်ကုန်မြို့တော် အတွင်း နေအိမ်၊ ခြံဝန်း အတွင်းမှာ ဖြစ်စေ၊ ပြင်ပမှာ ဖြစ်စေ စိုက်ပျိုး ထားတဲ့ သစ်ပင်များ အန္တရာယ်ရှိတဲ့ အတွက် ခုတ်ထွင် လိုပါက
ခုတ်ထွင်းမယ့် သစ်ပင်အစား အခြား သစ်ပင် အစားထိုး ပြန်စိုက် ပေးရမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို အစားထိုး ပြန်လည် စိုက်ပျိုးရာမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ သက်ဆိုင်ရာ ဌာနမှ သတ်မှတ် ပေးတဲ့ နေရာမှာ မိမိကြိုက်နှစ်သက်ရာ အပင်ကို အစားထိုး ပြန်လည် စိုက်ပျိုး ရမှာ ဖြစ်ပါတယ်။
ပြည်သူတွေ အနေနဲ့ နေအိမ်၊ ခြံဝန်း အတွင်းမှာ ဖြစ်စေ၊ ပြင်ပမှာ ဖြစ်စေ စိုက်ပျိုးထားပြီး အန္တရာယ်ရှိတဲ့ သစ်ပင် ခုတ်ထွင်း လိုကြောင်း သက်ဆိုင်ရာသို့ လျှောက်ထား ရာမှာ ခုတ်ထွင်းမယ့် သစ်ပင် အစား သတ်မှတ် နေရာမှာ သစ်ပင် အစားထိုး ပြန်စိုက် ပေးပါမယ် ဆိုတဲ့ ကတိဝန်ခံချက် ပါရမှာ ဖြစ်ပါတယ်။ အခုလို ခုတ်မယ့် သစ်ပင် နေရာမှာ အစားထိုး ပြန်လည် စိုက်ပျိုးမယ့် ပျိုးပင်များ လိုအပ်ပါ ကလည်း ဌာနပိုင် ပျိုးခြံများမှ ထုတ်ကာ ရောင်းချပေး သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။
ဒီလို အစားထိုး စိုက်ပျိုးမှုဟာ ယခင်က ရှိခဲ့ပေမယ့်လည်း လုပ်သား ပြည်သူများ ပိုမိုသိရှိစေ ဖို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ် မှစ၍ သတ်မှတ် ခဲ့ကာ လိုက်နာမှု မရှိတဲ့ သူတွေ ကိုတော့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment