မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် များကို ကမ္ဘာ့ အမွေအနှစ် စာရင်းသို့ တင်သွင်းရေး အတွက် အစည်းအဝေးကို ရန်ကုန်မြို့ ရှေးဟောင်း သုတေသန အမျိုးသား
ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ရန်ကုန်ဌာနခွဲမှာ ဇန်န၀ါရီလ ၇ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ဆွေးနွေးလျက် ရှိတယ်လို့ သိရပါတယ်။ အခုလို ဆွေးနွေးကြရာ မှာလည်း မြန်မာ့ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် ပျူရှေးဟောင်း မြို့များ ဖြစ်တဲ့ ဗိဿနိုး မြို့ဟောင်း၊ ဟန်လင်းမြို့ဟောင်းနှင့် သရေခေတ္တရာ မြို့ဟောင်းများကို ကမ္ဘာ့ အမွေအနှစ် စာရင်းကို တင်သွင်း နိုင်ဖို့ အတွက် ဆွေးနွေးတာ ဖြစ်ပါတယ်။
အဆိုပါ မြို့ဟောင်း များကို ကမ္ဘာ့အမွေအနှစ် စာရင်းသို့ တင်သွင်း နိုင်ရန် Nomination Dossier နဲ့ Management Plan ရေးဆွဲလျက်ရှိပြီး အဆိုပါ ရေးဆွဲမှုမှာ လိုအပ်တဲ့ အရာတွေကို ဖြည့်စွက် ဆွေးနွေးခြင်း၊ တည်းဖြတ်ခြင်း တို့ကို ယခု ဆွေးနွေးပွဲမှာ ဆွေးနွေးတာ ဖြစ်ပါတယ်။
အဆိုပါ ဆွေးနွေးပွဲ ကိုတော့ ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်ကြူနဲ့ ဒုတိယ၀န်ကြီး၊ ယူနက်စကိုမှ ပညာရှင် ၄ ဦး၊ ယူနက်စကို- ဘန်ကောက်မှ ကိုယ်စားလှယ် ၁ ဦး၊ မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ သိပံ္ပနှင့် နည်းပညာ ၀န်ကြီးဌာန၊ ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနတို့မှ ပျူမြို့ဟောင်းရဲ့ Nomination Dossier ရေးဆွဲရေး ဆိုင်ရာ ပညာရှင်များနှင့် အရာထမ်းများ အပါအ၀င် စုစုပေါင်း ၃၀ ဦး တက်ရောက် ဆွေးနွေးတာ ဖြစ်ပါတယ်။
အခုလို ကျင်းပပြုလုပ် လျက်ရှိတဲ့ အစည်းအဝေးဟာ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်း နိုင်ရေး အတွက် စတုတ္ထ အကြိမ်မြောက် ပြုလုပ်တဲ့ အစည်းအဝေး ဖြစ်တယ် လို့လည်း သိရပါတယ်။

No comments:
Post a Comment