Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 8 January 2013

လှိုင်မြစ်ကူး ဘုရင့်နောင် တံတား အမှတ် ၂မှာ ၇၅ တန်အထိ ခံနိုင်ဝန် ရှိမည်


တံတား အမှတ် ၂ ကို စတင် တည်ဆောက် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တံတား တည်ဆောက်ဖို့ အတွက် ကိုတော့ ဇန်န၀ါရီလ ၆ ရက်နေ့က
ပန္နက်တင်မှုများ ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ တံတားမှာ ကုန်တင် ယာဉ်ကြီးများ ဖြတ်သန်းသွား လာနိုင်ရန် တံတားခံ ခံနိုင်ရည်ဝန် ၇၅ တန် အထိရှိပြီး မရမ်းကုန်း မြို့နယ်နှင့် လှိုင်သာယာ မြို့နယ်တို့ကို ဆက်သွယ် ထားပြီး လှိုင်မြစ်ကို ဖြတ်ကျော် တည်ဆောက်မှာ ဖြစ်ပါတယ်။

တံတား အမျိုးအစားမှာ သံမဏိ သံပေါင်ဖြစ်ပြီး ပင်မတံတား အရှည် ၁၆၂၄ ဒဿမ ၁ ပေ၊ ချည်းကပ် တံတားနှစ်ဖက် အရှည် ၂၆၄၄ ဒဿမ ၄၈ ပေ စုစုပေါင်း တံတား အရှည် ၄၂၆၈ဒဿမ ၅၈ ပေရှိပြီး ယာဉ်နှစ်လမ်းသွား ပါရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုအခါ စတင် တည်ဆောက် နေပြီဖြစ်တဲ့ ဘုရင့်နောင် တံတား အမှတ် ၂ ပြီးစီး သွားပါက ကုန်ကားတွေ အတွက် ပိုမို အဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တံတား တည်ဆောက်မှု များကြောင့် ဘုရင့်နောင် လမ်းဆုံ ၀န်းကျင်မှာ ယာဉ်ကြော ပိတ်ဆို့မှုများ မဖြစ်ပွားစေဖို့ တွက်လည်း သီရိမွန် အိမ်ရာ နောက်ကျောမှာ ဂိတ်ဖွင့်ကာ ကုန်တင်ယာဉ်များ သွားလာ နိုင်ရေး အတွက် ရှောင်တိမ်းလမ်း ဖောက်လုပ် ပေးထား တယ်လို့ သိရပါတယ်။

ယခု ပန္နက်တင်ခဲ့တဲ့ ဘုရင့်နောင် တံတား အမှတ် ၂ တည်ဆောက် ရခြင်းဟာ ရန်ကုန်မြို့တော် ဖွံ့ဖြိုး တိုးတက် သာယာလှပပြီး ခရီးသွား ပြည်သူများ သွားလာရေး လွယ်ကူ အဆင်ပြေ ချောမွေ့စေဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ရဲ့ နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အဓိက ဆက်သွယ်ရေး လမ်းကြောင်း ပိုမိုဖွံ့ဖြိုးတိုးတက် လာဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ယခုလှိုင်မြစ်ကူး ဘုရင့်နောင် တံတား အမှတ် ၂ ကိုတော့ ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး အထူး စီမံကိန်းအဖွဲ့ ၅ မှ ဆောက်လုပ် ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့