Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 September 2013

ကယ်သူမဲ့ မလေးရောက်မြန်မာများ မြန်မာအစိုးရ အကူအညီ အားကိုတကြီးမျှော်လင့်

ကယ်သူမဲ့ မလေးရောက်မြန်မာများ မြန်မာအစိုးရ အကူအညီ အားကိုတကြီးမျှော်လင့် ။ ဓါတ်ပုံ - မလေးရှားရောက်မြန်မာများ ရန်ကုန် ၊ စက်တင်ဘာ ၄။     ။ တရား မဝင် နေထိုင်သူများကို စတင်ဖမ်း ဆီးနေသည့် မလေးရှားနိုင်ငံတွင် အထောက်အထားမပြည့်စုံသည့် မြန်မာလုပ်သားများမှာ ယခုအခါ သစ်တောများအတွင်း ပုန်းခိုအိပ် စက်နေရကြောင်းနှင့် မြန်မာ အစိုးရ ၏အကူအညီကို မျှော်လင့်လျက် ရှိနေကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသတင်းရင်းမြစ်များထံမှ သိရသည်။

၂၀၁၃ စက်တင်ဘာ ၁ ရက် မှ ဒီဇင်ဘာလကုန်ပိုင်းအထိသတ် မှတ်ထားသည့် တရားမဝင်နေထိုင် သူများ ဖမ်းဆီးရေးစီမံချက်အရ လေးရက်အတွင်း၌ မြန်မာအလုပ် သမားဖမ်းဆီးခံရမှုသည် လူဦးရေ ၅၅ဝကျော်ဖြင့် ဒုတိယအများဆုံး ဖြစ်နေပြီး အလုပ်သမားများအနေ ဖြင့်နေ့ဘက်တွင် သတိဖြင့်အလုပ် ဆင်းနေရကြောင်း မလေးရှားနိုင်ငံ တွင် ရောက်ရှိနေသည့် မြန်မာများ ထံမှသိရသည်။ မလေးရှားနိုင်ငံရောက် မြန် မာအလုပ်သမားများကို ကူညီပေး နေသည့် ဧရာဝတီ လူမှု ကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ''အခုတွေ့တဲ့သူတွေကတော့ အင် မတန်စိုးရိမ်နေတဲ့ အခြေအနေပါ။ သူတို့တောထဲမှာ ဝင်အိပ်နေကြ တယ်။ ညဘက်ပုလိပ်တွေက အိမ် တွေကိုဝင်စစ်ဆေးတယ်။ နေ့ဘက် မှာတော့ သတိနဲ့ အလုပ်ဝင် နေရတဲ့ သူတွေလဲရှိပါတယ်''ဟု လက်ရှိသူ သွားလာလှုပ်ရှားနေသည့် ပတ် ဝန်းကျင်ရှိ မြန်မာအလုပ်သမား များ အခြေအနေကိုပြောသည်။

လက်ရှိ လေးရက်အတွင်း ဖမ်းဆီးရမိထားမှုတွင် အင်ဒိုနီးရှား လူမျိုးများက အများဆုံးဖြစ်ပြီး ဒုတိယမြန်မာနှင့် အခြားဘင်္ဂလား ဒေ့ရှ်၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဗီယက် နမ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ် ပိုင်၊ တရုတ်၊ နိုင်ဂျီးရီးယားနှင့် ထိုင်း နိုင်ငံသား များ ပါဝင်ကြောင်း သိရ သည်။ ''နေရာအစုံပေါ့။ ဖမ်းတဲ့သူ တွေက နေရာတိုင်းဝင်နေတယ်။ စက်ရုံတွေထဲဆိုရင် အဖွဲ့လိုက်ဝင် နေတယ်။ ပါမစ်မရှိသူကို သူဌေးက လက်မခံရဲတော့ဘူး။ စက်ရုံတိုင်း တော့မဟုတ်ဘူး။ သူဌေးတွေက အလုပ်နား ခိုင်းထားတယ်။ အစိုးရ ဘယ်လိုကူညီပေးမလဲလို့ မျှော်လင့် ပါတယ်''ဟု မလေးရှားရောက် အလုပ်သမားတစ်ဦးက ပြောသည်။

အဆိုပါ တရားမဝင်အလုပ် သမားဖမ်းဆီးရေးစီမံချက်တွင် ကုန်တိုက်များ၊ အိမ်ဆိုင်များ၊ ပို့ ဆောင်ရေးဂိတ်များတွင် အဓိက ပြုလုပ်နေပြီး တရားမဝင် ရှိနေ သည့် အလုပ်သမား လေးသိန်းခန့် ကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။ ''တောထဲ အိပ်နေရတဲ့အ ထဲမှာဆိုရင် တခိျု့နေရာတွေမှာ လင်မယားစုံတွဲတွေ၊ တခိျု့နေရာ တွေမှာလဲ မောင်နှမတွေ တွဲလျက် ပေါ့ဗျာ။ နေ့ဖက်တွေလဲ ဖမ်းဆီး နေတာတွေရှိပါတယ်''ဟု ဧရာဝ တီလူမှု ကူညီရေး အသင်းမှ တာ ဝန်ရှိသူ တစ်ဦးက ပြောသည်။

တရားမဝင် အလုပ်လုပ်နေ သူများ ပပျောက်ရေးစစ်ဆင်ရေး များကို မလေးရှား လူဝင်မှုကြီး ကြပ်ရေး၊ ရဲဌာန၊ တပ်မတော်အစ ရှိသည့်အဖွဲ့အစည်းများက အင် အား ၂၀၀၀ ကျော်ဖြင့် ဆောင် ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ထိန်းသိမ်း ခံထားရ သည့် နိုင်ငံပေါင်း စုံမှ အလုပ်သမား ၂၀၀၀ ကျော် အတွက် သက်ဆိုင်ရာ နိုင်ငံအစိုးရ များ၏အကူအညီပေးမှုကို မတွေ့ မြင်ရသေးကြောင်း မလေးရှား ရောက် မြန်မာသတင်းရင်းမြစ် များထံမှသိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့