Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 September 2013

ကျပ်သိန်း ၁၀၀အောက် တန်ဖိုးနည်း အိမ်ရာစီမံကိန်း မန်းတွင် စတင်အကောင်ထည် ဖော်ပြီ


မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျပ်သိန်း ၁၀၀အောက် တန်ဖိုးနည်း အိမ်ယာစီမံကိန်း မန်းတွင် စတင်အ ကောင်းထည်ဖော်နေပြီဖြစ်ကြောင်း မန်းစည်ပင်မှ သတင်းရရှိသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ အောင်သာယာရပ်ကွက်နှင့် မြရည်နန္ဒာရပ်ကွက်အတွင်းရှိ မမ-၁၅နှင့် မမ-၂၆အကွက်များတွင် စတင်အ အကောင်ထည်ဖော်လျှက်ရှိပြီး အထပ်အလိုက်ဈေးကွာခြားသွားနိုင် သော်လည်း ကျပ်သိန်း၁၀၀အောက်သာ ကျသင့်မည်ဖြစ်ပြီး အဆိုပါရပ်ကွက်တွင်ဖြစ်ပွားခဲ့သော ရောင်းမှားဝယ် မှားများကို ဦးစားပေးရောင်းချပေးသွားမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မန်းစည် ပင် အဆောက်အဦနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးမျိုးအောင်က ပြောသည်။

ရောင်းမှာဝယ်မှားတွေကိုဦးစားပေးမယ်။ ပိုတာကို ၀န်ထမ်းတွေကို ဒုတိယဦးစားပေးရောင်းချပေးမယ်။ အရစ်ကျစံနစ်နဲ့တော့ ရောင်းပေးဖို့ အစီစဉ်မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီက ငွေပေါ်လာမှ နောက်ထပ် စီမံကိန်းတွေထပ်လုပ်နိုင်မယ်။ ကျွန်တော်တို့ဌာနက ထုတ်ပေးတဲ့ ပိုင်ဆိုင်ကြောင်းအထောက်အထားစာအုပ်ရ မယ်။ မြေကြီးမပိုင်ဘူး။ အဆောက်အဦပိုင်မယ်။ သားစဉ်မြေးဆက်ရောင်းချက်ခွင့်ရှိတယ် ဟု ဌာနမှူးဦးမျိုး အောင်က ပြောသည်။ ရောင်းမှာဝယ်မှားဖြစ်သည့်သူများ
အနေဖြင့် မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာနမှ ထောက်ခံချက် ဖြင့် ၀ယ်ယူရမည်ဖြစ်ပြီး ကနဦး အဆိုပါ ရောင်းမှားဝယ်မှားသမားများနှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးမျိုးအောင်က ထပ်လောင်းပြောကြားသည်။

အဆိုပါ စီမံကိန်းကို မန်းစည်ပင်ဌာနမှ စိုက်ထုတ်အကုန်ကျခံခြင်းဖြစ်ပြီး လုပ်ငန်းရှင် ၃၇ဦးအား ဆောက်လုပ်ခွင့်ပြုထားပြီး ယခုလ ၁၀ရက်နေ့တွင် ပန္နက်တင်အခမ်းနားပြုလုပ်မည်ဖြစ်ပြီး ၇လအတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်သည်။
နှစ်ကွက်ပေါင်း အဆောက်အဦး ၅၇လုံးတည်ဆောက်သွားမည်ဖြစ်ပြီး အခန်းပေါင်း ၁၃၄၄ခန်းရှိမည် ဖြစ်ကာ ထမင်းစားခန်း၊ မီးဖိုချောင်၊ ရေးချိုးခန်းအိမ်သာစသည်တို့ကို နိုင်ငံတကာစံနှုန်းများနှင့်တည်ဆောက် သွားမည်ဖြစ်ပြီး အရေးပေါ်လှေကားများထွက်ပေါက်များလည်း ပါရှိမည်ဖြစ်ကာ ငလျှင်ဒဏ်ခံနိုင်အောင်လည်း ထည့်သွင်းတွက်ချက်တည်ဆောက်သွားမည်ဖြစ်ကြောင်းအဆောက်အဦနှင့် ကုန်ရုံဌာနမှ ဌာနမှူးဦးမျိုးအောင် က ပြောသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့