Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 5 September 2013

ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း မြေအရောင်းအဝယ်ကိစ္စ တရားစွဲခံရ

ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်း ရန်ကုန် ၊ စက်တင်ဘာ ၄ ။     ။ အား ကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်းနှင့် နှစ်ဦးကို အမှတ်(၁၀၄)၊ နန်းမြိုင်လမ်း၊ ကွက် ပြင် ၅ရပ်ကွက်၊ ပြင်ဦးလွင်ရှိ ကျပ် သိန်းခြောက်သောင်းကျော်တန် ဖိုးရှိသောအချင်းဖြစ်မြေကို မရိုး သားစွာ ဝယ်ယူမှုဖြင့် ယခုအခါ တရားစွဲဆိုထားကြောင်း အဆိုပါ အမှု၏တရားလိုဖြစ်သူ ဦးစိုးဝင်း မိုးက ရန်ကုန်တိုင်းနေ့စဉ်သတင်း စာသို့ ထုတ်ဖော်ပြောကြားလိုက် သည်။

အချင်းဖြစ်မြေနှင့် အဆောက် အအုံသည် ကာလတန်ဖိုးကျပ်သိန်း ခြောက်သောင်းကျော် ရှိပါလျက် နှင့် အဆိုပါအမှုအခင်းကို ယခင် ကရင်ဆိုင်နေရသော တရားပြိုင် ဒေါ်ဝင်းဝင်းဆိုသူက ၂၀၁ဝပြည့် နှစ် ဖေဖော်ဝါရီ၁၈ရက်က ဦးတင့် ဆန်း၊ ဒေါ်ဌေးဌေး ငြိမ်း၊ ဦးချစ် မြင့်တို့ကို ပြင်ဦးလွင်စာချုပ်စာ တမ်းမှတ်ပုံတင်ရုံးတွင် မြေကွက် ကြီးကို   သုံးကွက်ခွဲ၍ မှတ်ပုံတင်စာချုပ် သုံးစောင်ဖြင့် မြေတစ်ကွက်တန်ဖိုး ကို ကျပ်သိန်း၂ဝသတ်မှတ်ပြီး မြေ တစ်ကွက်လျှင် ကျပ်သိန်း ၂ဝစီဖြင့် မှတ်ပုံတင် ရန် တန်ဖိုးလျှော့တင် သွင်းခြင်း၊ တရားလိုများကပြင် ဦးလွင်စာချုပ်စာတမ်းမှတ်ပုံတင် ဌာနရုံးသို့ မြေကွက်နှင့် ပတ်သက် ၍ တစ်စုံတစ်ရာလွှဲပြောင်းခြင်း မပြုလုပ်ရန်ကန့်ကွက်တားဆီးခဲ့ သော်လည်း စာချုပ်စာတမ်းမှတ် ပုံတင် ဌာနမှုး ဦးဇော်လင်းထွန်းနှင့် ပူးပေါင်းကြံစည်ပြီး စာချုပ်ချုပ် ဆိုလွှဲပြောင်းခြင်းများပြုလုပ်ခဲ့ သည်ဟု တရားလိုများက စွပ်စွဲ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

တရားလိုဦးစိုးဝင်းမိုးက ''ကျွန်တော်တို့တရားလိုတွေအ နေနဲ့ များစွာထိခိုက်နစ်နာမှုဖြစ် ပေါ်စေပါတယ်။ အဲဒီနစ်နာမှုတွေ အတွက် ကြားကာလအမြတ်အ စွန်းကိုလဲရထိုက်လို့သက်ဆိုင်ရာ တရားရုံးကိုတောင်းဆိုထားပါ တယ်။ ဒီအမှုကို ၂၀၁၂ခုနှစ် ဒီဇင် ဘာကစတင်ပြီး မန္တလေးတိုင်းဒေ သကြီးတရားရုံးမှာ တရားစွဲဆိုထား တာ။ အခုဆိုရင်ရုံးချိန်းက လေး ချိန်းလောက်ရှိနေပြီ''ဟု ပြောသည်။ ယင်းအမှုနှင့်ပတ်သက်၍ တရားလို၏ရှေ့နေတစ်ဦးဖြစ် သူဦးသိန်းဇော်ညွန့်က ''အမှုတစ် ခုမှာ တရားလွှတ်တော်ရှေ့နေတစ် ဦးရဲ့အခန်းကဏ္ဍဟာလဲ အရမ်း အရေးကြီးပါတယ်။ ဒီအမှုအတွက် အကောင်းဆုံးအနေအထားနဲ့ရင် ဆိုင်သွားမှာပါ''ဟု ပြောသည်။

(မှတ်ချက်။ ယင်းကိစ္စနှင့်ပတ်သက် ၍ တရားစွဲခံရသူများအား ဆက် သွယ်မေးမြန်းရန် ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာက ကြိုးစားခဲ့ သော်လည်း ဆက်သွယ်မှုမရရှိခဲ့ ပေ။ ဆက်သွယ်မှုရရှိပါက နောက် ဆက်တွဲအဖြစ် ဆက်လက် ဖော်ပြ ပေး ပါမည်။ အယ်ဒီတာ)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့