Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 September 2013

လယ်မြေကိစ္စများ အစိုးရအမြန်ဖြေရှင်းရန် အဆိုကို ဧရာဝတီတိုင်းဝန်ကြီးချုပ် ကန့်ကွက်

 လယ်ယာမြေနှင့်ပတ်သက်သည့် အမှုများကို တိုင်းအစိုးရက အမြန်ပြီးပြတ်အောင် ဆောင်ရွက်ပေးရန် ဧရာဝတီတိုင်း လွှတ်တော်တွင် တင်ပြခဲ့သည့် အမတ်တစ်ဦး၏အဆိုကို ၀န်ကြီးချုပ်က ဆွေးနွေးရန် မလိုကြောင်း ကန့်ကွက်ခဲ့သည်ဟု အဆိုတင်သွင်း သူ လပွတ်္တာမြို့နယ်မှ အမတ် ဦးဇော်ဝင်းက မဇ်္ဈိမကို စက်တင်ဘာ ၅ ရက်တွင် ပြောသည်။

လယ်ယာမြေအမှုများကို တိုင်းအစိုးရက ဖြေရှင်းပေးမှု အားနည်းသောကြောင့် လပွတ္တာအမတ်ဦးဇော်ဝင်း၏ “မပြီးပြတ်သေးသော မြေယာမှုခင်းများကို အမြန်ပြီးပြတ်အောင် အစီအစဉ်တစ်ခု သတ်မှတ်ပြီး ဆောင်ရွက်ရေး” အဆိုကို စက်တင်ဘာ ၅ ရက်က ဧရာဝတီတိုင်း လွှတ်တော်တွင် တင်သွင်းခဲ့ရာ ၀န်ကြီးချုပ်ဦး သိန်းအောင်က လွှတ်တော်တွင်ဆွေးနွေးရန် မလိုကြောင်း ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုနှင့်ပတ်သက်၍ လွှတ်တော်တွင် ဆက်ဆွေးနွေးရန် သင့် ၊ မသင့်ကို စက်တင်ဘာ ၆ ရက် အစည်းအဝေး တွင် ဆက်လက်ဆွေးနွေးရန် လွတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်လိုက်ပြီး အမတ်အချို့ကလည်း ထိုအဆိုကို ထောက်ခံဆွေးနွေးကြမည်ဖြစ်သည်။

“ကျွန်တော်ဆိုလိုတာက အောက်ခြေမှာက အလုပ်မလုပ်လို့ ဒီမြေယာမှုခင်းတွေ မပြတ်တာ၊ အောက်ခြေမှာ ပြီးပြတ်အောင် ဘယ်လိုဖြေရှင်းမလဲလို့ ဖိအားပေးတာ။ အဲဒါကို သူတို့ကကျော်တွေးတာ” ဟု ဦးဇော်ဝင်းက ပြောသည်။

ထိုအဆိုကို တိုင်းလယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်ကလည်း ဥပဒေနှင့်အညီ မြေယာမှုခင်း ဖွင့်လျှင် ပြီးပြတ်သောကြောင့် ဆွေးနွေးရန်မလိုကြောင်း ပြောဆိုခဲ့သည်ဟုလည်း ဦးဇော်ဝင်းက မဇ္ဈိမသို့ပြောသည်။

သက်ဆိုင်ရာက ဖြေရှင်းမှုအားနည်းခြင်းကြောင့် မပြီးပြတ်သေးသော လယ်ယာမြေအမှုများမှာ ဧရာဝတီတိုင်း အတွင်း ကျေးရွာအုပ်စုပေါင်း ၅၅ ခုရှိသည့် ၎င်း၏မဲဆန္ဒနယ်တစ်ခုတည်းပင် အမှုပေါင်း ၆၀ ကျော်ရှိပြီး အများကြီး ရှိနေသေးသည်ဟု ဦးဇော်ဝင်းက ရှင်းပြသည်။

သက်ဆိုင်ရာက ဖြေရှင်းရန် အားနည်းနေသည်ဟုဆိုသည့် မြေယာအမှုများမှာ မဆလ အစိုးရလက်ထက်က တာဝန်ကျေ စပါးမပေးနိုင်၍ သိမ်းထားသော လယ်များ၊ လယ်သမားချင်း ပေါင်နှံပြီးသိမ်းထားသော လယ်များ၊ မိသားစုချင်း အမွေခွဲရာမှ ပြဿနာဖြစ်သော လယ်များဖြစ်သည်။

ကုမ္ပဏီတစ်ခုက သိမ်းထားသည့် လယ်များကိုပိုင်ရှင်များသို့ပြန်ပေးရန် လွှတ်တော်က တိုင်းအစိုးရသို့ ညွှန်ကြားထားသော်လည်း ငါးလကျော်ကြာသည်အထိ ပြန်မရသေးသောကြောင့် ယခုလွှတ်တော်တွင် တိုင်းအစိုးရကို မေးခွန်းထုတ်သွားမည်ဟုလည်း သာပေါင်းမြို့နယ်မှ အမတ် ဦးဝင်းသိန်းက မဇ္ဈိမသို့ ပြောဆိုထားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့