Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 September 2013

မရမ်းကုန်း ဝင်းသူဇာ အရောင်းဆိုင် လေလံ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၏ မြေးဖြစ်သူ ဦးနေရွှေသွေးအောင် ရရှိ

 ရန်ကုန် ၊ စက်တင်ဘာ ၁၉။ ။ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မ ရမ်းကုန်းမြို့နယ် ဝင်းသူဇာအ ရောင်းဆိုင်ကို တစ်လလျှင် ငှား ရမ်းခ ကျပ်၅၅သိန်းဖြင့် ဗိုလ်ချုပ် မှူးကြီးသန်းရွှေ(ငြိမ်း)၏မြေးဖြစ် သူ ဦးနေရွှေသွေးအောင်က လေ လံအောင်မြင်သွားကြောင်း သိ ရသည်။

တင်ဒါတင်သွင်းရန် ဖိတ် ခေါ်ထားသည့် ဝင်းသူဇာဆိုင် ၃၈ ဆိုင်အနက် လေးဆိုင်မှာ အဆို ပြုလွှာတင်သွင်းသူမရှိခြင်း၊ တခြား လေးဆိုင်မှာ ကြမ်းခင်းဈေးနှုန်း မမီခြင်း၊ နှစ်ဆိုင်မှာ အမြင့်ဆုံးဈေး နှုန်းတူညီနေခြင်းနှင့် (ရွာတော်) ဝင်းသူဇာ အရောင်း ဆိုင်မှာ ပြန် လည်စိစစ်ရန်လိုအပ်သောကြောင့် တင်ဒါအောင်မြင်သော ဝင်းသူဇာ အရောင်းဆိုင်စုစုပေါင်း ၂ရဆိုင် တွင် ဦးနေရွှေသွေးအောင် လေလံ အောင်သည့်ဆိုင်တစ်ဆိုင်ပါဝင်ခဲ့ ကြောင်း သိရသည်။

စက်မှုညွှန်ကြားရေး ဦးစီးဌာ နမှ ညွှန်ကြားရေးမှူးဦးသိန်းဆွေ က ''ဦးနေရွှေသွေးအောင်က ဗိုလ် ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)ရဲ့ မြေး ဆိုတာတော့မသိဘူး။ ကျွန်တော် တို့ကတော့ သတ်မှတ်ထားတဲ့စည်း ကမ်းတွေနဲ့ ပြည့်စုံရင် လေလံအ အောင်ပေးတယ်'' ဟုပြောသည်။ လက်ရှိတွင် တင်ဒါအောင် မြင်သွားသည့် ဝင်းသူဇာအရောင်း ဆိုင် ၂ရဆိုင်တွင် မြစ်ကြီးနားရှိ ဝင်းသူဇာအရောင်းဆိုင်မှာ တစ် လလျှင် ငှားရမ်းခ ကျပ်သိန်း၁၆၀ ကျော်ဖြင့်လေလံအောင်မြင်ခဲ့ ကြောင်း ဖော်ပြ ထား သည်။

ယင်းမရမ်းကုန်းမြို့နယ်မှ ဝင်းသူဇာအရောင်းဆိုင်ကို အ ဆိုပြုလွှာတင်သူ ခြောက်ဦးရှိပြီး နောက်ဆုံးအဆင့်အနေဖြင့် သုံး ဦးအား ရွေးချယ်ခဲ့ကြောင်း သိ ရသည်။ ယင်းနောက်ဆုံးအဆင့် သုံး ဦးတွင် ဦးမောင်မောင်ထွေးနှင့် ဦးနိုင်ဝင်းတို့မှာ လေလံ ဈေးပေးမှု မှာ ဦးနေရွှေသွေးအောင်ထက် နည်းပါးနေခြင်းကြောင့် လေလံ အောင်မြင်ခြင်းမရှိဘဲ အများဆုံး လေလံဈေးပေးခဲ့သည့် ဦးနေရွှေ သွေးအောင်မှာ လေလံရရှိခဲ့ပြီး ယင်းနေရာတွင် စူပါမားကက်ဖွင့် ရန်စီစဉ်နေကြောင်း သိရ သည်။

စက်မှုဝန်ကြီးဌာနလက် အောက်ရှိ ဝင်းသူဇာအရောင်းဆိုင် များအား စားသောက်ဆိုင်များ နှင့်ဆက်နွှယ်သည့် လုပ်ငန်းများ လုပ်ကိုင်ခွင့်မပြုကြောင်း၊ အဆောက်အအုံကိုလည်း ပုံစံမ ပျက်စေရန်နှင့် အဆောက်အအုံ အတွင်းပိုင်း ပြင်ဆင် မှုများ အား ပြုလုပ်နိုင်ပြီး ဆိုင်အမည်များကို လည်း လေလံအောင်သူစိတ်ကြိုက် ပေးနိုင်ကြောင်း စက်မှုညွှန်ကြား ရေး ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးသိန်းဆွေက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။ တင်ဒါအောင် မြင်သူ များ သည် သက်ဆိုင်ရာဝင်းသူဇာဆိုင် များလွှဲပြောင်းခြင်းကို အောက်တို ဘာ ၁ရက်နောက်ဆုံးထား၍ စာ ချုပ်ချုပ်ဆိုလွှဲပြောင်းပေးမည်ဖြစ် ကြောင်း သိရသည်။ လာမည့် ၂၀၁၄ ခုနှစ်အ ကုန်တွင် အငှားသက်တမ်းပြည့် မည့် ဝင်းသူဇာ အရောင်း ဆိုင် ၁၃ ဆိုင်ကိုလည်း ပုဂ်ဂလိကလုပ်ငန်း ရှင်များသို့ ထပ်မံလေလံပစ်မည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့