Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 September 2013

ကျပ်သိန်း ၁၅၀၀ အကြီးဆုံးဆု ပိုင်ရှင်မပေါ်

ရန်ကုန် ၊ စက်တင်ဘာ ၅။     ။ အောင် ဘာလေ သိန်းဆုဌာနခွဲတွင် ကျပ် သိန်း ၁၅၀၀ ဆုကြီးတစ်ဆုကို ယနေ့တိုင် လာရောက်ထုတ်ယူ ခြင်းမရှိသေးကြောင်း သိရသည်။ ဘဏ္ဍသိမ်းနှစ် ကျော်လွန်သွားပြီး လာရောက်ထုတ်ယူမှုမရှိ သော တန်ဖိုး နည်းဆု မဲများအပါ အဝင် တန်ဖိုးကြီးဆုမဲများမှာ နှစ် စဉ် ကျန်ရှိနေသော်လည်း ယခု ကျန်ရှိနေသော အောင်ဘာလေ ထီလောကတွင် ကျပ်သိန်း ၁၅၀၀ အနေဖြင့် ပထမဆုံးကြုံတွေ့ရခြင်း ဖြစ်ကြောင်း ထီလောကအသိုင်း အဝိုင်းမှ သိရ သည်။

''ဆုမဲလာမ ထုတ်တာတော့ နှစ်တိုင်းရှိတယ်။ ဆုမဲအကြီးတွေ တောင် လာမထုတ်တာမျိုးရှိတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ တစ်နှစ်စောင့်ပေးပါတယ်။ ဆုမဲ ကြေညာတဲ့ရက်ကစပြီး တစ်နှစ် အတွင်း တောင်းခံထုတ်ယူခြင်း မရှိရင်တော့ နိုင်ငံ တော် ဘဏ္ဍငွေ အဖြစ် သိမ်းယူပါတယ်''ဟု အခွန် ဦးစီးဌာနခွဲမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ ဆုမဲများလာရောက်မထုတ် ယူမှုများ နှစ်စဉ်ရှိသော်လည်း တစ်နှစ်နှင့်တစ်နှစ် ပမာဏမတူ ညီကြောင်း၊ ယင်းပမာဏနှင့်အ ရေအတွက်ကို လည်း အတိ အကျ မပြောနိုင်ကြောင်း အဆိုပါတာ ဝန်ရှိသူက ဆက်လက်ပြောသည်။ ယခုကျန်ရှိနေသော ကျပ် သိန်း ၁၅ဝဝဆုမဲကို လာရောက် ထုတ်ယူရန် ထပ်မံကြေညာပေး သွားမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ဆီက ပေါက် သူတွေကတော့ လာမထုတ်တာ မရှိပါဘူး။ ပေါက်တဲ့သူတိုင်း လာ ထုတ်ကြပါတယ်။ ဆိုင်အနေနဲ့က တော့ ရောင်းချပေးတဲ့ ထီတိုင်း ကို တိုက်ပေးပါတယ်။ အကြောင်း လဲ ကြားပေးပါတယ်'' ဟု မိတ်သစ် လွင်ထီဆိုင်ပိုင် ရှင်က ပြောသည်။ အောင်ဘာလေထီ ပုံမှန်ကံ စမ်းဖြစ်သူတစ်ဦးက ''ထီကိုတော့ လစဉ်ထိုးဖြစ်တယ်ဗျာ။ ထီတော့ ပုံမှန်မတိုက်ဖြစ်ဘူး။ ပေါက်ရင် တော့ ဆိုင်ကလာပြောမယ်ထင် တယ်။ အခုလိုဆုမဲအကြီးတွေကျန် တယ်ဆိုတော့ ဘာဖြစ်ဖြစ် နောက် ဆို သတိထားပြီးတော့ကို ထီတိုက် တော့မယ်ဗျာ''ဟု ပြောသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့