Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

အစိုးရစီမံကိန်းတွေကို လွှတ်တော်က ကွင်းဆင်းစစ်ဆေးမည်

 လွှတ်တော် အစည်းအဝေးတွေမှာ အစိုးရတာဝန်ရှိသူတွေက အကောင်အထည်ဖော် ဆောင်ရွက်မယ်လို့ ကတိပေးထားတဲ့ စီမံကိန်းတွေထဲက ပြီးစီးတဲ့လုပ်ငန်းတွေကို ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ အစိုးရရဲ့အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ကွင်းဆင်းလေ့လာမယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ အဲ့ဒီကော်မတီဟာ အဖွဲ့လေးဖွဲ့ခွဲပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုကို လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး တစ်ပတ်ကြာ ကွင်းဆင်းလေ့လာမှာဖြစ်ပါတယ်။

အစိုးရတာဝန်ရှိသူတွေ ကတိပေးထားတဲ့အထဲက ပြီးစီးတဲ့လုပ်ငန်းတချို့ကိုသာ သွားရောက်လေ့လာမှာဖြစ်တယ်လို့ ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက RFA ကို ပြောပါတယ်။

“အဲဒီမှာ ပညာရေးရှိတယ်၊ ကျန်းမာရေးရှိတယ်၊ နတလရှိတယ်၊ လျှပ်စစ်ရှိတယ်၊ ဆောက်လုပ်ရေးရှိတယ်၊ အဲဒီမှာ အစိုးရဝန်ကြီးဌာနက လွှတ်တော်ကိုယ်စားလှယ်ကို ဖြေထားတဲ့ဟာက ဒါကပြီးပါပြီဆိုတဲ့ဟာတွေကို ဝင်ရောက်စစ်ဆေးမှာဖြစ်တယ်၊ နောက်ဆိုရင် ပြီးတာတွေပဲ မဟုတ်ဘဲနဲ့ မပြီးသေးတာတွေကိုလည်း စစ်ဆေးနိုင်တယ်ဆိုရင် ပိုပြီးအကျိုးရှိလာမှာပဲ”

စိစစ်ရေးကော်မတီ သွားရောက်လေ့လာမယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကတော့ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင်စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ဖြစ်ပါတယ်။ ဒီကွင်းဆင်းလေ့လာခဲ့တဲ့ တွေ့ရှိချက်တွေကို လာမယ့် လွှတ်တော်အစည်းအဝေးမှာ အစီရင်ခံစာတင်မယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ အစိုးရတာဝန်ရှိသူတွေဘက်က ကတိပေးထားပြီး မဆောင်ရွက်ရသေးတဲ့ စီမံကိန်းပေါင်း ၉ဝဝ နီးပါးရှိတယ်လို့ အဲ့ဒီကော်မတီက အစီရင်ခံစာတင်ခဲ့ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့