Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 September 2013

မကွေးမြို့မှာ ဘာသာခြားက ၆နှစ်အရွယ် ဗမာမိန်းကလေးကို အဓမ္မပြုကျင့်လို့ ဆိုတဲ့ သတင်းကြောင့် လုံခြုံရေးတွေ တိုးမြှင့်ချထားရ



မကွေးမြို့တောင်ဘက်၂မိုင်ခန့်အကွာရှိ မယ်လှတောင်ကျေးရွာအုပ်စု မြင်းကင်းကျေးရွာ၌ အ သက်(၆)နှစ်ခန့်ရှိမိန်းကလေးကို အသက်(၅၀)အရွယ်ရှိသူက အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ မကွေးမြို့ မြို့မရဲစခန်းတွင်(၃.၉.၂၀၁၃)ရက်နေ့ကကလေးမိခင်၏တိုင်တန်းသည့်သတင်းအပေါ် အမှုကျူးလွန် သည်ဟုယူဆရသူအား ယင်းနေ့ညနေ(၅)နာရီခန့်တွင်ဖမ်းဆီးကာမလိုလားအပ်သောကိစ္စ ရပ်များမဖြစ် ပွားစေရေးအတွက် ရဲတပ်ဖွဲ့မှမကွေးမြို့ပေါ်နေရာအနှံ့အပြား၌လုံခြုံရေးရယူဆောင်ရွက်ထားကြောင်း
သိရှိရသည်။

မြင်းကင်းကျေးရွာရှိနို့စားနွားမွေးမြူရေးခြံလုပ်ငန်းလုပ်ကိုင်သူ ရဲမြင့်(၅၀နှစ်)ဆိုသူက ၎င်း၏ခြံ
တွင်မှီခိုနေထိုင်လျှက်ရှိသော ဒေါ်-----၏သမီးဖြစ်သူ အသက်(၆နှစ်)ခန့်ရှိမ-----အား လွန်ခဲ့သော၁လ
ခန့်က သားမယားအဖြစ်ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ယင်းသို့သားမယားအဖြစ်ပြုကျင့်ခံရသဖြင့် လွန်ခဲ့သော(၃)ရက်ခန့်က သမီးဖြစ်သူအားမကွေး
မြို့ရှိ ကရုဏာရှင်များနာရေးကူညီမှုအသင်းမှဖွင်ံလှစ်ထားသည့် အခမဲ့ဆေးခန်း၌သွားရောက်ပြသရာမှ
မခံရပ်နိုင်သူများ၏တိုက်တွန်းချက်အရ (၃.၉.၂၀၁၃)ရက်နေ့တွင်မကွေးမြို့ မြို့မရဲစခန်းသို့သွားရောက်
ကာ မိခင်ဖြစ်သူဒေါ်----ကတရားလိုပြုလုပ်၍တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းသို့တိုင်းတန်းချက်ရရှိလျှင်ရရှိချင်း မကွေးမြို့ မြို့မရဲစခန်းမှ အထက်အဆင့်ဆင့်သို့တင်ပြ
၍လမ်းညွှန်ချက်တောင်းခံပြီး အမှုကျူးလွန်သူဟုယူဆရသော ရဲမြင့်(၅၀)နှစ်အားယင်းနေ့ညနေ(၅)နာ
ရီခန့်တွင် မြင်းကင်းကျေးရွာရှိနွားမွေးမြူရေးခြံမှ ဖမ်းဆီးကာ စစ်ဆေးဆောင်ရွက်မှုအစရှိသည့်ရဲလုပ်
ငန်းများကိုအချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မလိုလားအပ်သောကိစ္စရပ်များမဖြစ်ပွားစေရေးအတွက်ယင်းနေ့ည နေ(၅)နာရီအချိန်ခန့်မှစတင်၍ မကွေးမြို့ပေါ်နေရာအနှံ့တွင် ရဲတပ်ဖွဲ့မှမြို့ပေါ်ရပ်ကွက်အသီးသီးရှိရပ်
မိရပ်ဖများ၊အရန်မီးသတ်များနှင့်ပူးပေါင်းကာ လုံခြုံရေးရယူဆောင်ရွက်လျှက်ရှိသည်ကိုတွေ့ရှိရ၏။

“ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး မကွေးမြို့ပေါ်ဝန်းကျင်ကျေးရွာများနဲ့ မြို့နယ်အသီးသီးမှာ မကွေးမြို့ မှာ ဆူပူမှုများဖြစ်နေပြီ ဆိုပြီး သတင်းတွေပျံ့နှံ့နေလို့ နေရာအနှံ့ကဖုန်းတွေနဲ့လှမ်းမေး နေကြ ပါတယ်။ မကွေးမြို့မှာ ဒီနေ့(၄.၉.၂၀၁၃)ရက်နေ့အထိ ရဲတပ်ဖွဲ့ဝင်တွေလုံခြုံရေးရယူထား ကလွဲလို့အေးဆေးငြိမ် သက်လျှက်ရှိနေပါတယ်”ဟု မြို့ခံတစ်ဦးကပြောပါသည်။

မကွေးမြို့မရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးကလည်း“ကျွန်တော်တို့ဖြစ်စဉ်ကိုသေချာကိုင်တွယ်စစ်
ဆေးနေပါတယ်။အမှုကျူးလွန်သူလို့တိုင်တန်းခံရသူကိုလည်း ချက်ချင်းဖမ်းဆီးပြီးစစ်ဆေးနေပါတယ်။
လုံခြုံရေးဆောင်ရွက်ထားရတာကတော့ မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်ပွားစေရေးအတွက်ကြိုတင်
ကာကွယ်မှုလုပ်ဆောင်တာပါ။ဒေသခံတွေကလည်းအေးအေးဆေးဆေးနဲ့ အမှန်တရားပေါ်ပေါက်စေ
လိုပြီး တရားဥပဒေအတိုင်းထိထိရောက်ရောက်ဆောင်ရွက်ဖို့ကိုပဲလိုလားနေကြပါတယ်”ဟု ပြော
ပြီး ဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းပြောကြားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့