Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 1 October 2013

တိုးမြှင့်ပင်စင် လစာ ခံစားခွင့် ရရှိရန် အငြိမ်းစားဝန်ထမ်း တချို့ အခက် အခဲရှိဟုဆို

 အင်းစိန် ၊ စက်တင်ဘာ ၂၉ ။ ။ တိုး မြှင့် ပင်စင်လစာခံစားခွင့် ရရှိရန် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတချို့ အနေဖြင့် အခက်အခဲဖြစ်ပေါ်နေ ကြောင်း သိရသည်။

တိုးမြှင့်ပင်စင်လစာသစ်ခံ စားခွင့် မရရှိသေးသော ပင်စင်စား ဝန်ထမ်းများ အနေဖြင့် သက်ဆိုင် ရာ ငွေစာရင်းရုံးခွဲ၊ နီးစပ်ရာပင် စင်ဦးစီးဌာနရုံးချုပ်၊ တိုင်းဒေသ ကြီးရုံးနှင့် ပြည်နယ်ရုံးများကို ထွေ/ ဖုန်းနံပါတ်များနှင့် ဆက်သွယ် ရန် ကြေညာထားချက်အရ ဆက်သွယ် ထားသော် လည်း ပြန် လည်အ ကြောင်းကြားခြင်း မရှိကြောင်း လစာသစ်မရရှိသေးသော အငြိမ်း စားဝန်ထမ်းများထံမှ သိရသည်။

''လစာတိုးပေးတာ လေးလ ပိုင်းကနေပါ။ အခုထိ မရသေးဘူး။ စောင့်နေတာ ငါးလလောက်ရှိပြီ။ ဖုန်းနဲ့ဆက်ပေမယ့် အခုချိန်ထိ အကြောင်းပြန်ခြင်း မရှိဘူး''ဟု အင်း စိန်မြို့နယ်တွင် နေထိုင်သူ နိုင်ငံ့ ဝန်ထမ်း အငြိမ်းစားတစ်ဦးကပြော သည်။

နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား တိုးမြှင့်ပင်စင်လစာသစ် ပေးအပ်ရာတွင် မရရှိသေးဘဲကြန့် ကြာစေသည့် လစာသစ်ခံစားခွင့် ပေးသည့်စနစ်အပေါ် နိုင်ငံ့ဝန် ထမ်း အငြိမ်းစားတချို့က ဝေဖန် ခဲ့ကြသည်။

''ပင်စင်လစာ က အမြဲတမ်း လာထုတ်နေတာ။ အခုပေးတဲ့ တိုး မြှင့်ပင် စင်လစာ ကို အရင်ပင်စင် လစာထဲ တစ်ခါတည်း ထည့်ပေါင်း ပေးရင် ရရဲ့သားနဲ့ အခုတော့ အ ကြောင်းလဲမကြား ဖုန်းဆက်တော့ လဲ ဘာမှန်းမသိနဲ့''ဟု တိုးမြှင့်ပင် စင်လစာ မရရှိသေးသူ ဝန်ထမ်း တစ်ဦးက ပြောသည်။

ပင်စင်လစာသစ် ခံစားခွင့် မရရှိသေးသော ကာကွယ်ရေးဝန် ထမ်းများသည် သက်ဆိုင်ရာကာ ကွယ်ရေး ငွေစာရင်းရုံးခွဲများသို့ ဆက်သွယ်ဆောင်ရွက် ရန်နှင့် မြို့ ပြ ပင်စင်စားများသည် မိမိတို့နှင့် နီးစပ်ရာ ပင်စင်ဦးစီးဌာနရုံးချုပ်၊ တိုင်းဒေသကြီးရုံးချုပ်နှင့် ပြည် နယ်ရုံးများသို့ ဆက်သွယ်ရန် ဖုန်း နံပါတ်များဖြင့် နိုင်ငံပိုင်သတင်း စာများတွင် အသိပေးကြေညာ ချက် ထုတ်ပြန်ထားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့