Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 3 October 2013

သံတွဲပဋိပက္ခဂယက်ကြောင့်မလေးရှားရောက် မြန်မာများစိုးရိမ်ပူပန်

 ရန်ကုန်- ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ဖြစ်ပွားသောပဋိပက္ခဂယက် ကြောင့် အကြမ်းဖက်မှုများ ပြန်လည်ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် မလေးရှားနိုင်ငံ ရောက်မြန်မာနိုင်ငံသားများ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြကြောင်း သတင်းရရှိသည်။

“ဇွန်လက ဆာလာရမ်းမှာ ဖြစ်သလိုမျိုးပြန်လုပ်မယ်လို့ သတင်းတွေထွက်နေတယ်။ မက်ဆေ့ခ်ျတွေလည်းပို့လာတာရှိ တယ်”ဟု မလေးရှားနိုင်ငံတွင် အလုပ်သမားအရေး ကူညီနေသောအဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

အကြမ်းဖက်မှု အစီအစဉ်ကို လာမည့်ရက်အတွင်း စတင်အကောင်အထည်ဖော်ရန်စီစဉ်ထားသည့် သတင်းများလည်းရရှိထားသည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ထို့ကြောင့် ယခုရက်ပိုင်းအတွင်း သတင်းကြားသိထားသူများမှာ သတိဖြင့်သွားလာနေကြပြီး အချို့မှာလည်း အောက်လမ်း မှပြန်လာနေကြကြောင်းသတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခများဆက်တိုက်ဖြစ်ပွားပြီး မေလ ကုန်ပိုင်းတွင်ဖြစ်ပွားသော လားရှိုးမြို့ဖြစ်စဉ်ပြီးနောက် ဇွန်လဆန်းမှစ၍ မလေးရှားနိုင်ငံ၌နေထိုင်လုပ်ကိုင်နေသော မြန်မာလုပ်သားများအသတ်ခံခဲ့ရသည်။

ဇွန်လဆန်းပိုင်းက မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား အသတ်ခံရခြင်းသည် မြန်မာ နိုင်ငံတွင်ဖြစ်ပွားခဲ့သောပဋိပက္ခ များနှင့်ဆက်စပ်မှုရှိသည်ဟု ပြောဆိုသူများရှိခဲ့ကြောင်း မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အသတ်ခံရစဉ်က သွားရောက်ကူ ညီခဲ့သောဧရာဝတီဖောင်ဒေး ရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မလေးရှားနိုင်ငံတွင် အကြမ်းဖက်ခံရသူများအား အကြမ်းဖက်သူများက ဗုဒ္ဓဘာသာဝင်လားဟုမေးမြန်းပြီးနောက် ရိုက်ပုတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း အကြမ်းဖက်ခံခဲ့ရပြီး အသက်မသေခဲ့သူအချို့ကပြောသည်။ အဆိုပါအကြမ်းဖက်ဖြစ်စဉ်တွင် မြန်မာနိုင်ငံသား ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီးအချို့ဒဏ်ရာရခဲ့သည်။

အကြမ်းဖက်သူအများစုမှာ မြန်မာစကားပြောတတ်သူများဖြစ်ကြောင်းလည်း အကြမ်းဖက်ခံရသူများကဆိုသည်။

နိုင်ငံတော်သမ္မတဦးသိန်း စိန်ရခိုင်ပြည်နယ်သွားရောက် သည့် အောက်တိုဘာ ၁ ရက်မှစ၍ ရခိုင်ပြည်နယ်သံတွဲမြို့နှင့် အနီးတ၀ိုက်တွင် ဗုဒ္ဓဘာသာဝင် များနှင့် အစ္စလာမ်ဘာသာဝင်များ ကြားဖြစ်ပွားသော ပဋိပက္ခများ ကြောင့် ဓာတ်ဆီဆိုင်၊ ဗလီတစ် လုံးနှင့် နေအိမ် ၃၀ ခန့် မီးရှို့ခံရပြီး အနည်းဆုံးလူတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့