Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 1 October 2013

၉တန်းကျောင်းသူ (၂)ဦး ဧရာဝတီ မြစ်အတွင်းသို့ ခုန်ချသေကြောင်း ကြံစည်မှု

အထက(၃)မှ (၉)တန်းကျောင်းသူ မစုစုတင် (၀ဲပုံ)၊ မမိုမိုခိုင်(ယာပုံ) ၊ မစုမြတ်ဝေ ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ အထက(၃)မှ (၉)တန်းကျောင်းသူ နှစ်ဦး လပတ်စာမေးပွဲ ကျသဖြင့် ၁-၁၀-၂၀၁၃ ရက်နေ့ ယနေ့ နေ့လည်  (၁)နာရီ အချိန်ခန့်တွင် ဧရာဝတီမြစ်ထဲ ခုန်ချပြီး သေကြောင်း ကြံစည်ခဲ့ ကြောင်း သတင်း ရရှိပါတယ်။ 

မြစ်ကြီးနားမြို့ ၊ အထက(၃)မှ (၉)တန်းကျောင်းသူ မစုစုတင်နှင့် မမိုမိုခိုင် တို့ နှစ်ဦးဟာ လပတ် စာမေးပွဲ ကျတာကြောင့် မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းဒေါင့် ဧရာဝတီမြစ်ဆိပ်သို့ သွားရောက်ပြီး ဧရာဝတီမြစ်အတွင်းသို့  ခုန်ချခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကျောင်းသူ နှစ်ဦး ခုန်ချစဉ် အတူပါသွားတဲ့ သူငယ်ချင်းဖြစ်သူ မစုမြတ်ဝေမှ အော်ဟစ် အကူအညီ တောင်းခံသဖြင့် မြစ်ကမ်း အနီးရှိ ပြည်နယ်ဝန်ကြီးချုပ် နေအိမ် လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့  (လ 231598) ရဲတပ်သား ရဲဝင်းနိုင် နှင့် (လ 232784) ရဲတပ်သား ထက်နိုင်တို့ (၂)ဦး တို့ က မိမိတို့အသက်ကို ပဓာနမထားဘဲ ဧရာဝတီမြစ်အတွင်း ခုန်ဆင်းကာ ၄င်းကျောင်းသူလေး (၂)ဦးအား အချိန်မီ မြစ်ကမ်းပေါ်သို့ ကူညီကယ်ဆယ် ခဲ့ကြောင်း မျက်မြင်တွေ့ ရှိ သူတဦးက ပြောပါတယ်။

အဆိုပါ ရေနစ်နေတဲ့ ကျောင်းသူ နှစ်ဦးကို ကူညီကယ်ဆယ်ခဲ့တဲ့ ရဲသား(၂)ဦး၏ အရာရှိဖြစ်သော ဒုရဲအုပ် ထွန်းထွန်းဝင်းဆိုသူမှ ၀န်ကြီးချုပ်နေအိမ်ရှိ ရှေ့ပြေးရဲကားဖြင့် မြစ်ကြီးနား ဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင် ပေးနိုင်ခဲ့ သဖြင့် ဆေးဝါး ကုသမှု ခံယူနိုင်ခဲ့ကြောင်း သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့