Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 2 October 2013

လောင်းကစားဒိုင်ချုပ်ဖမ်းဆီးရန် ပျက်ကွက်၍ တောင်ငူခရိုင် ရဲအရာရှိငါးဦးကို စုံခုံဖွဲ့စစ်ဆေး

ပြည်ထဲရေးဝန်ကြီးသို့ တိုက်ရိုက်တိုင်ကြားမှုဖြင့် တောင်ငူမြို့ရှိ လောင်းကစားဒိုင်ချုပ်ကို အထူးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးအပါအ၀င် သက်ဆိုင်ရာရဲအရာရှိငါးဦးကို အထူးစုံစမ်းစစ်ဆေးရေးခုံရုံး၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

““သက်ဆိုင်ရာ ဒေသတွင်းမှာ ဥပဒေချိုးဖောက်နေသူတွေကို ရဲတပ်ဖွဲ့ဌာနချုပ်ကနေ တိုက်ရိုက်အရေးယူခဲ့ရတဲ့အတွက် တာဝန်အရှိဆုံးရဲတပ်ဖွဲ့ဝင်ငါးဦးကို စုံ/ခုံဖွဲ့စစ်ဆေးနေတာပါ။ စစ်ဆေးဆဲအဆင့်ပဲရှိပါသေးတယ်””ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တောင်ငူမြို့၊ အမှတ် (၂)ရပ် ကွက်၊ မိုးသောက်ကြွယ်ဘုရားလမ်းရှိ သုံးလုံးထီလောင်းကစားဒိုင်ကို စက်တင်ဘာ ၁၆ ရက် (သုံးလုံးထီထွက်သောနေ့)တွင်  မှုခင်းအထူးရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ဖမ်းဆီးပြီးနောက် သက်ဆိုင်ရာဒေသတွင်း တာဝန်အရှိဆုံး ရဲတပ်ဖွဲ့ဝင်များကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ စစ်ဆေးနေခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၂)ရပ်ကွက် နယ်ထိန်းအပါအ၀င် နယ်ထိန်းခေါင်းဆောင်၊ မြို့နယ်ရဲစခန်းမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး အဆင့်အထိ စစ်ဆေးနေခြင်းဖြစ်ကြောင်း တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
““လက်ရှိတာဝန်တွေတော့ ထမ်းဆောင်နေဆဲပဲ။ စုံစမ်းစစ်ဆေးပြီးမှ လိုအပ်သလို အရေးယူရမှာပါ””ဟု နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိတစ်ဦးကပြောသည်။
တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက် မိုးသောက်ကြွယ်ဘုရားလမ်းရှိ လောင်းကစားပြုလုပ်သူ ဦးအေးမင်းထွန်းဆိုသူကို ဖမ်းဆီးပြီးနောက် ပြစ်မှုပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး ၎င်း၏ ခယ်မတော်စပ်သူတစ်ဦးကလည်း မှုခင်းရဲတပ်ဖွဲ့ဝင်များကို ကာယိနြေ္ဒဖျက်ဆီးမှု ပြစ်မှုပုဒ်မ ၃၅၄ ဖြင့် ပြန်လည်တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့