စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ဆားလင်းကြီးမြိ့နယ်ထဲက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး မြေယာအသိမ်းခံခဲ့ရတဲ့ ရွာပေါင်း ၁၄ ရွာက ဒေသခံ ၃၀၀ လောက်ဟာ ဒီကနေ့ လက်ပန်းတောင်းတောင်မှာ အစိုးရ ဖွင့်ထားတဲ့ ဆက်ဆံရေးရုံးကို ညှိနှိုင်းဖို့သွားရောက်ခဲ့ပါတယ်။ ပြေလည်မှုမရတဲ့ အတွက် တရုတ်ကုမ္ပဏီဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီကို ချီတက်ဆန္ဒပြဖို့သွားရာမှာ ရွှေလှေဆိုတဲ့နေရာမှာ ရဲအင်အားအလုံးအရင်းနဲ့ ပိတ်ဆို့တာခံခဲ့ရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေပို့ထားပါတယ်။
စစ်ကိုင်းတိုင်းမုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်းအတွက် လယ်မြေဧကပေါင်း ၇,၈၀၀ ကျော် သိမ်းယူ ခဲ့ပြီးနောက် ကုမ္ပဏီတွေက နစ်နာကြေးပေးခဲ့ပေမဲ့ တန်ရာတန်ကြေးမပေးတဲ့အတွက် ဒေသခံတွေဟာ သူတို့လယ်မြေတွေကနေ ဖယ်ရှားမပေးဘဲ ဆက်လက် လုပ်ကိုင်စားသောက်ခဲ့ကြပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့မှာတော့ စီမံကိန်းကနေ သိမ်းထားတဲ့မြေယာတွေပေါ်မှာ ရဲအင်အားနဲ့ သံဆူးကြိုး လာ ခတ်ရာကနေ ဒေသခံတွေနဲ့တင်းမာမှု ဖြစ်ခဲ့ရတာပါ။ ဒီကိစ္စကိုညှိနှိုင်းဖို့ ဒေသခံ အင်အား ၃၀၀ ကျော်ဟာ လက်ပန်းတောင်းတောင် ဆက်ဆံရေးရုံးကို ချီတက်ခဲ့ရမှာ အောင်မြင်မှု မရခဲ့တဲ့ အကြောင်း ဒေသခံရွာသူတစ်ဦးက ပြောပြပါတယ်။
“သံဆူးကြိုးလာခတ်တာက- သူတို့က ဘယ်လိုလဲဆိုတော့ လျော်ကြေးမယူတဲ့ လယ်ယာမြေပိုင်ရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ မလုပ်ဘဲနဲ့ ရဲအင်အားနဲ့ ပိုင်ရှင်လာရင်လည်း ပိုင်ရှင်ကို ဖမ်းမယ်ဆိုတဲ့ သဘောမျိုးနဲ့ ရဲအင်အားကို ရှေ့မှာချထားပြီး နောက်က အလုပ်သမားအင်အားတွေနဲ့ သံဆူးကြိုး လာခတ်တာပါ။ အဲဒီအတွက် ကျမတို့က ဆက်ဆံရေးရုံးကို စောစောက တောင်းဆိုတဲ့အချက်တွေကို ဖြည့်ဆီးပေးဖို့ ဆန္ဒပြတောင်းဆိုဖို့ သွားတာပါ။ သွားတဲ့အချိန်မှာ ကျမတို့တောင်းဆိုတဲ့ ၄ ချက်ကို သူတို့က မလိုက်လျောဘူး။”
သူတို့ရဲ့တောင်းဆိုချက်တွေကတော့ လျော်ကြေးယူမထားတဲ့ မြေတွေပေါ်မှာ သံဆူးကြိုးတွေ မခတ်ဖို့၊ ရဲကင်းတွေ နေရာလာမယူဖို့၊ သူတို့စိုက်ပြီးသား သီးနှံတွေကို မဖျက်ဆီးဖို့၊ စုံစမ်းစစ်ဆေးရေးကော်မရှင်က ချမှတ်ထားတာတွေကို လိုက်နာဆောင်ရွက်ဖို့- စတာတွေကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဆက်ဆံရေးရုံးကအပြန် တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီကို ဆန္ဒပြဖို့သွားရာမှာ ရဲအင်အား အလုံးအရင်းနဲ့ ပိတ်ဆို့ထားတဲ့အတွက် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“လမ်းမှာ ကြွေးကြော်သံမတိုင်ဘဲနဲ့ ကျမတို့ ဒေသခံတွေက ငြိမ်းချမ်းစွာနဲ့ ဝမ်ပေါင်ရှေ့အထိ လမ်းလျှောက်ပြီး တက်မယ်ပေါ့။ အဲဒီလို ပြောတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သူတို့က ရွှေလှေရွာအဝင်မှာ ရဲအင်အား လုံထိန်း ၅၀၀ ကျော်နဲ့ ကျမတို့ကို ပိတ်ဆို့ထားတယ်ရှင့်။ အုပ်ချုပ်ရေးမှူးကပေါ့နော်။ ဒေသခံတွေကို ပြန်လွှတ်တယ်။ ကျမတို့က ရှေ့ဆက်လျှောက်လို့ရှိရင် ကျမတို့နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်မှာဆိုတာကို သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဏာက သူတို့မှာရှိတာလေ။ သူတို့က ရဲအင်အား ၅၀၀ နဲ့ ကျမတို့ ပြည်သူတွေက မမျှတဲ့အတွက် ကျမတို့ နောက်ပြန်ခေါက်လာခဲ့ရတယ်။”
ရဲအင်အား အလုံးအရင်းနဲ့ ပိတ်ဆို့မှုအတွင်း တင်းမာမှုဖြစ်ခဲ့တာ အချိန် ၂ နာရီ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အခြေအနေမှန် သိရအောင် ဆားလင်းကြီးမြို့နယ် ရဲစခန်းကို ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒေသခံတွေကို အကူအညီပေးနေသူတစ်ဦးကတော့ ဒေသခံတွေဟာ ဆက်ဆံရေးရုံးကို သွားခဲ့ပေမဲ့ ဖြေရှင်းပေးနိုင်တဲ့သူတွေ မရှိတဲ့အကြောင်းကို ပြောပြပါတယ်။
“…… ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့မှာ တာဝန်ယူမှု၊ တာဝန်ခံမှုလည်းမရှိဘူး၊ နောက်ပြီးတော့ ဖြေရှင်းလည်း မပေးနိုင်ဘူး။ အမြဲတမ်းပဲ ဒေသခံတွေကို အထက်ကို တင်ပြပေးမယ်၊ စီမံနေပါတယ်လို့ပဲ အမြဲပဲပြောတယ်။”
မြေယာလျော်ကြေး ယူမထားတဲ့ ဒေသခံတွေဟာ စီမံကိန်းအတွက် တိုင်တွေထူတဲ့အခါ သူတို့ လက်ရှိ စိုက်ခင်းတွေကို ဖျက်ဆီးခံနေရတယ်လို့ ဆိုပါတယ်။ သံဆူးကြိုးတွေ ခတ်ထားပေမဲ့ သူတို့ စိုက်ခင်းတွေဆီက သီးနှံတွေကို သွားရောက် ယူဆောင်ကြရအုံးမှာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
“သံဆူးကြိုးခတ်ထားတဲ့ဟာတွေမှာတော့ သွားလုပ်စားလို့ မရဘူး။ ခတ်ထားတဲ့ ယာခင်းတွေက နှမ်းတွေ၊ ပြောင်းတွေစိုက်ထားတာ။ အခုက သံဆူးကြိုး ခတ်ထားတော့ သွားကြည့်လို့ မရဘူးပေါ့။ ဒါပေမဲ့ ကိုယ့်အခင်း၊ ကိုယ့်ယာကို လျော်ကြေးယူမထားတဲ့ တောင်သူလယ်သမားတွေကတော့ သွားကြမှာပဲ။”
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီ လိမိတက်နဲ့ တရုတ် ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့က ပူးပေါင်း ဆောင်ရွက်နေပြီး ဒေသခံတွေရဲ့ မြေယာတွေကို တန်ရာတန်ကြေးမပေးဘဲ သိမ်းယူခဲ့တာတွေ၊ သာသနာ့အဆောက်အုံတွေ ပျက်စီး ဆုံးရှုံးရမယ့် အခြေအနေတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမဲ့ အခြေအနေတွေ အပေါ် ကျေနပ်မှု မရှိတဲ့အတွက် ပြီးခဲ့တဲ့နှစ်က သပိတ်စခန်းတွေ ဖွင့်ပြီး ဆန္ဒထုတ်ဖော်မှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါကြောင့် အာဏာပိုင်တွေက မီးလောင်ဗုံးတွေသုံးပြီး ဖြိုခွဲခဲ့တဲ့အတွက် သံဃာအတော်များများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
ဒေသခံတွေကို စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး နစ်နာကြေး မယူရင် အဲဒီနစ်နာကြေးတွေကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲမယ်လို့ အစိုးရက သတိပေးချက် ထုတ်ပြန် ကြေညာထားပါတယ်။ ကျေးရွာပေါင်း ၁၄ ရွာက ဒေသခံပြည်သူတွေက နစ်နာကြေးကိုလည်းမယူ၊ သူတို့လယ်မြေတွေကိုလည်း သိမ်းယူမခံတဲ့အတွက် အခုလို တင်းမာမှုတွေ ဖြစ်နေတာလည်း ဖြစ်ပါတယ်ရှင်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
October
(252)
- ဟံသာဝတီ လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းများ ၂၀၁၄ နှ...
- ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ကော်မရှင် (ရုပ်/သံ)
- ၂ဝ၁ဝ ရွေးကောက်ပွဲလို ခါးသီးစရာမဖြစ်စေရဘူးလို့ ကော်...
- အကျဉ်းစခန်းမှ ဦးစီးအရာရှိ လုပ်အား အဓမ္မစေခိုင်း
- တောင်ငူမြို့ တည်းခိုခန်းတွင်ဗုံးပေါက်ကွဲနှစ်ဦးသေ
- ဝနယ်မြေ သန်းခေါင်စာရင်း ကောက်ယူရေး ဝခေါင်းဆောင်မျာ...
- ရွှေလင်ဗန်းစက်မှုဇုန်မှာ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြ
- အောက်တိုဘာလ(၁၂)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၁၃)ရက်နေ့ ထုတ် EURO SPORTS Journal (V...
- အောက်တိုဘာလ (၇)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂ...
- မောင်တော နယ်စပ် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ဆက်လက်ထုတ်...
- ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူက အိမ်ရှင်အမ...
- ဆယ်တန်းကျောင်းသူနှင့် အတူနေပြီး လက်ထပ်မယူဘဲ စစ်ဗို...
- လျှပ်စစ်ဓာတ်အားခ နှုန်းထား ပြောင်းလဲ ကောက်ခံခြင်းကိ...
- အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း ပွဲစား များအား အရေး...
- ဌာနတွင်းအစည်းအဝေးတွင် မတ်တတ်ရပ်ဒဏ်ပေးခံရသည့် မြို့...
- နိုဘယ်လ်ငြိမ်းချမ်းရေးဆု ဓာတုလက်နက်တားဆီးရေးအဖွဲ့ ...
- အုပ်စုဖွဲ့ တောင်းပွဲ တိုက်ပွဲများကြောင့် စိုက်ပျို...
- ပြည်မြို့ နဝဒေး တံတားအနီး လူသတ်မှု အမှုမှန်ပေါ်ရေး ပြ...
- မုံရွာမြို့လယ် ပေါ်ဦးရွှေရတနာဆိုင် ရွှေ ၇၀ ကျပ်သားကျေ...
- ကျောင်းကုန်းပဋိပက္ခနှင့် ပတ်သက်သူ ငါးဦးကို ပုသိမ်ထေ...
- ထိုင်းမှာ မြန်မာသံဃာတွေ ကျောင်းထိုင်နိုင်တော့မယ်
- သမ္မတဟောင်း မူရှာရက်ဖ် ကို ရဲက ဖမ်းလိုက်
- ၀န်ကြီးချုပ်များကို လွှတ်တော်များမှ တိုက်ရိုက်ခန့်ထ...
- ဦးကျော်ဆန်း ၀ဋ်လည်ပြီလား
- ရခိုင်ပြည်နယ်တ၀ှမ်း စစ်တပ်သိမ်းယူမြေဧက တစ်သောင်းခန...
- လက်ပံတောင်းမှာ ဒေသခံရာနဲ့ချီ ဆန္ဒပြ
- ဆရာဝန် တစ်ထောင်ကျော်ကို နာမည်ပျက်စာရင်း ကနေ အစိုးရ...
- အောက်တိုဘာလ (၁၁)ရက်နေ့ ထုတ် M Plaza Shopping Journ...
- အောက်တိုဘာလ (၁၁)ရက်နေ့ ထုတ် Auto World Vol 2 Issue 38
- အောက်တိုဘာလ (၁၀)ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ်...
- ဘန်ကီမွန်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့မည်
- လက်ထပ်ခြင်းနှင့် အမွေဆက်ခံမှုကို ကျောင်းသင်ခန်းစာတွ...
- ပညာရေးစီမံခန့်ခွဲမှု ညံ့ဖျင်းကြောင်း အမျိုးသားလွှတ်ေ...
- မဲပြားတွေမှာ ဖယောင်းသုတ်ကြောင်း တိုင်ကြားမှု ပြစ်ဒဏ...
- ဘုရားပေါ် မရှောင်တဲ့ မုဒိန်းကောင်
- အလောင်းနှစ်လောင်းတူးဖော်တွေ့ရှိပြီးနောက် သံတွဲမီးရ...
- ရန်ကုန်မြို့တော် ခန်းမရှေ့ ဆူးလေ မှတ်တိုင်တွင် ရပ်...
- မြန်မာ အလှည့်ကျအာဆီယံ ဥက္ကဌ တာဝန်ယူဖို့ မေးခွန်းထုတ်
- လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထာ...
- တရုတ်ဝယ်လက်ကြောင့် မြင်းခြံ စီမံကိန်းအနီး ယာမြေမျာ...
- မြန်မာမှ အာဆီယံ ဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူခဲ့၊ ၂၀၁၄ ဇ...
- မိုးစက်ဝိုင် အစား မည်သူကိုမှ ရွေးချယ်မှုထပ်လုပ်မည်မ...
- မယ်စကြာဝဠာ မြန်မာ ရွေးချယ်မှုမှုနှင့် ပတ်သက်ပြီး ဝေဖ...
- ကာမကိစ္စအလို့ငှာ သွေးဆောင်စည်းရုံး ပို့ဆောင် ပေးသူမ...
- အောင်မင်္ဂလာအဝေးပြေးတွင် ရဲတပ်ဖွဲ့ဝင်နှင့် အငှားယာဉ်...
- ဆေးနဲ့မှည့်တဲ့ငှက်ပျောသီး
- ပျောက်ဆုံးနေသူ လူငယ် (၂) ဦး အလောင်းကို သံတွဲတွင် ရ...
- တောင်ကြီး ကွန်ပျူတာတက္ကသိုလ် အတွင်းက တောင်သူတွေကို ...
- ပခုက္ကူ အမှတ်(၅)အထည်စက်ရုံ မီးလောင်မှုဖြစ်ပွား
- ငါးဖမ်းလှေပေါ် ရောင်းစားခံရသည့် မြန်မာအလုပ်သမား ၁၀ ...
- တရုတ်နိုင်ငံ တွင် ဘာသာရေး အစွန်းရောက် ၀ါဒများကိုြ...
- ယာဉ်မောင်း မရှိစဉ် မော်တော်ယာဉ် အား ယာဉ်နောက်လိုက်...
- စားသုံးရန်မသင့်သည့်ဆီများ မြန်မာနိုင်ငံအတွင်း လုံး...
- ငပလီကမ်းခြေနှင့် ဟိုတယ်ဇုန်အတွင်း ညမထွက်ရ အမိန့်ရု...
- မလေးရှားရဲများအား လူသတ်ခွင့်လိုင်စင်ပေး
- မင်းရာဇာက ရိုက်ကွင်းတွင်အမျိုးသမီးသရုပ်ဆောင်အသစ်ကိ...
- ဦးဥာဏ်ဝင်း(NLD)အား ငွေဒဏ်ကျပ်တစ်ထောင် ကျခံစေရန်အမိ...
- ဦးဇော်ဇော်ပိုင်သည့် မက်စ်မြန်မာကျောက်မျက်ကုမ္ပဏီ ဖျ...
- မိုးထိမိုးမိရွှေလုပ်ကွက် နောက်ဆုံးကျန်ဇုန်ကို အင်အာ...
- အစိုးရ ဖိအား ပေးမှုကြောင့် မွန်ပြည်သစ်ပါတီ တပ်စခန်...
- မန္တလေးမြို့ သုံးလောင်းပြိုင် လူသတ်မှု တရားခံနှစ်ဦး ...
- ဦးရွှေမန်းက သမ္မတဖြစ်လိုကြောင်း ထုတ်ဖော်
- စိတ်ကြွဆေးတွေ ရန်ကုန် လေဆိပ်မှာ ဖမ်းမိ
- » ထုံးဘိုကျောက်ထုတ်စခန်း သုံးရက်ဆက်တိုက် ကျောက်တုံ...
- အောက်တိုဘာလ (၁၂)ရက်နေ့ထုတ် Tech Space Vol 2 Issue 28
- အောက်တိုဘာလ (၁၂)ရက်နေ့ထုတ် Netguide Vol(3) , Issue...
- တရုတ်ပြည်မှ စားသောက်ကုန် ဘေးကင်းလုံခြုံမှုနှင့် အနာ...
- အမှုကြီးများဖြစ်ပွားမှု မြင့်တက်လာ၍ မန္တလေးမြို့ခံမျာ...
- လယ်မြေများအတွက် နစ်နာကြေးပေးရန် စကုဒေသခံများ တောင်...
- ဒေသခံတောင်ယာသွားလမ်း စစ်တပ်သံဆူးကြိုးများဖြင့် ပိတ...
- မှတ်ပုံတင်လုပ်ရန် ကျပ် ၁ သောင်းကနေ ၄ သောင်းအကြားေ...
- ရေးမြို့ ကလော့ရွာလယ်ရှိ စေတီ စိန်ဖူးတော်မြေခအောင် ...
- မလေးရှားရောက် တရားမဝင် မြန်မာနှစ်ရာနီးပါး အိမ်ပြန်
- အစဉ်အလာကို ကျော်နိုင်ဖွယ် မရှိသေးသည့် နွေလျှပ်စစ်မီး
- အမျိုးသမီးဘော်ဒါဆောင်ရှေ့ ဂစ်တာတီးနေစဉ် အမည်မသိ လူ...
- ဝက်မှေးရွာဟောင်းမှဆန္ဒထုတ်ဖော်ခွင့်ကိုအင်အား ၁၅ဝဝြ...
- နိုင်ငံရေးအကျဉ်းသား ၅၆ ယောက် လွတ်မြောက်
- တရုတ်မှာ လူ ၁၀၀ ကျော် ဖမ်းဆီး
- ဖွဲ့စည်းပုံ ပြင်သင့်ရင် ပြင်မယ့် သူရ ဦးရွှေမန်း
- » မြန်မာ ၃၄ ဦး ထိုင်းလူပွဲစားနဲ့ အတူ အဖမ်းခံရ
- အောက်တိုဘာလ (၁၀)ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄...
- အောက်တိုဘာလ (၇)ရက်နေ့ထုတ် Commerce Journal Vol 13 ...
- ရန်ကုန် - သံတွဲ ပြေးဆွဲနေသော ယာဉ်လိုင်းတချို့ ဘာသာ...
- သမ္မတဦးသိန်းစိန် ဘရူနိုင်းနိုင်ငံကို ထွက်ခွာ
- ကာရာအိုကေဆိုင်ပိတ်သည့် ရဲတပ်ဖွဲ့ဝင်များကို မိတ္ထီလာ...
- စစ်တွေတွင် တရားမ၀င်ဆန္ဒပြမှုဖြင့် ထောင်ဒဏ်စီရင်
- Cranfield တက္ကသိုလ်မှာ မြန်မာစစ်အရာရှိ သင်တန်းတက်
- မြေဈေးစံနှုန်း ထုတ်ပြန်ချက် ရန်ကုန် အိမ်၊ ခြံ၊ မြေ...
- နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ၀င်ငွေ ကျဆင်းလာ
- မူဆယ်တွင် အမှုများ မကြာခဏဖြစ်သော်လည်း တရားခံများ တရ...
- မူဆယ်တွင် တရားမ၀င်ငွေလဲလှယ်သူတစ်ဦး ကျပ်သိန်း ၇၀၀၀ ...
- ငါးထောင်တန် ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲနေသူ နှစ်...
- စစ်တကောင်း ဘာသာရေး ကျောင်းတစ်ခုတွင် ဗုံးကွဲ၍ ကျောင...
- ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများမှာ ၉၆၉ ကြောင့် ...
- နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်
- အကြမ်းဖက် ပဋိပက္ခကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နိုင်
- ထိုင်းရောက် မြန်မာလုပ်သားများကို ယာယီလက်မှတ်အစား န...
- ဇနီးမှ ယောက်ျားအား ကြက်သွန်လှီးဓါးဖြင့်ထိုးသတ်
- ရန်ကုန်လေဆိပ် ပြည်ပထွက်ခွါ ဆောင်တွင် စိတ်ကြွဆေးပြာ...
-
▼
October
(252)
No comments:
Post a Comment