Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 1 October 2013

ချီတက်ဆန္ဒပြသူများနှင့်အစိုးရ အချက် ၃ ချက် သဘောတူညီမှု ရရှိ

စစ်ကိုင်တိုင်း မုံရွာခရိုင် လက်ပန်းတာင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း လယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို မဖြိုဖျက်ရေးအတွက် ချီတက်တောင်းဆို ဆန္ဒပြသူတွေနဲ့ အစိုးရ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးနောက် အချက် ၃ ချက် သဘောတူညီခဲ့ကြတယ်လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ ကိုလှိုင်က ပြောပါတယ်။

လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို လွှတ်တော်မှာ တင်သွင်းနေစဉ်ကာလအတွင်း လုံးဝမဖျက်ဆီးရန်၊ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်မှာ လူ ၅ ယောက်ထက်မပိုဘဲ ဖူးမြော်ခွင့် ပေးရမယ်၊ ချီတက်လမ်းလျှောက် ဆန္ဒပြသူတွေကို လုံးဝအရေးမယူရေး စတဲ့အချက် ၃ ချက်ကို သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
အရင်က လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ်တော်ကို ပုဒ်မ ၁၄၄ ချမှတ်ထားတဲ့အတွက် လုံး ၀ သွားရောက်ခွင့်မပြုဘဲ အခု လူ ၅ယောက်ထက်မပိုဘဲ သွားရောက်ဖူးမြော်ခွင့် ရရှိခဲ့တယ်လို့ ကိုလှိုင်က ပြောပါတယ်။ သွားရောက် ဖူးမြော်ရင်လည်း တာဝန်ရှိသူတွေကို အကြောင်းကြရမယ်လို့ ဆိုပါတယ်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့