Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 4 October 2013

မိခင်ကို မကျေနပ်၍ နေအိမ်ကို မီးရှို့သူ ရဲကစုံစမ်းနေ

သန်လျင်မြို့နယ်တွင် မိခင်အားမကျေနပ်၍ နေအိမ်ကို မီးလောင်စေရန် ကြံစည်လုပ်ဆောင်ခဲ့သူအား ရဲစခန်းက အောက်တိုဘာ ၂ရက်တွင် အမှုဖွင့်ပြီး လိုက်လံဖမ်းဆီးလျက်ရှိသည်။

အမှုမှာ အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီ ၄၅ မိနစ်အချိန်က သန်လျင်မြို့နယ်၊ မြို့ဟောင်းရပ်ကွက်၊ ဦးဖိုးသိန်း လမ်း၊ အမှတ် (၂၃)နေအိမ်တွင် မီးလောင်ကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ကသွားရောက် စစ်ဆေးခဲ့ကြသည်ဟု ဆိုထားသည်။

ထို့ကြောင့် အခင်းဖြစ်နေအိမ်တွင် နေထိုင်သော ကျော်ကြီး(ခ)ချမ်းမြေ့အေးထွန်းက မိခင်နှင့် စကားများပြီး နေအိမ်ကို မီးရှို့ရန်ကြံစည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ကို ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့သည်။

ကျော်ကြီး(ခ)ချမ်းမြေ့အေးထွန်းက မိခင်ဖြစ်သူဒေါ်နုနု(၅၆)နှစ်နှင့်အတူ နေအိမ်တွင်ငွေကျပ် တစ်သောင်း ခန့်ပျောက်ဆုံးသည့် ကိစ္စနှင့်ပတ်သက်ပြီးစကားများခဲ့သည်ဟု ဆိုထားသည်။ ထို့ကြောင့် မိခင်ဖြစ်သူ အပြင်သွားနေစဉ် တွင် နေအိမ်နောက်ဖေးခန်းရှိ လျှပ်စစ်ကွိုင်မီးဖိုပေါ်သို့ ထဘီတစ်ထည်အားတင်၍ မီးခလုတ်အားဖွင့်ကာ နေအိမ် မီးလောင်စေရန် အကြံအစည်ဖြင့် မီးရှို့ပြီးတိမ်းရှောင်ခဲ့ကြောင်းစစ်ဆေး သိရသည်ဟုလည်း ဆိုထားသည်။

အဆိုပါ လုပ်ဆောင်မှုကြောင့် ထဘီနှင့် မီးဖိုပျက်စီးမှုတန်ဘိုးကျပ်၈၀၀၀ခန့် ဆုံးရှုံးခဲ့သည်။ ထို့ကြောင့် မီးရှို့သူ ကျော်ကြီး(ခ)ချမ်းမြေ့အေးထွန်းအပေါ် အရေးယူပေးရန် ဒု-ရဲအုပ် သူရထွန်းကတရားလိုပြုလုပ် တိုင်တန်းခဲ့သည်။

ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ)၉၁၂ /၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၄၃၆ဖြင့် တရားစွဲတင်နိုင်ရန် မီးရှို့သူက လိုက်လံရှာဖွေဖမ်းဆီးနေသည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့