Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 4 October 2013

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သမ္မတကိစ္စရှင်း

    ကျွန်တော်(ဦးစိုးသိမ်း)ရယ်၊ ဦးအောင်မင်းရယ်၊ ဦးခင်ရီရယ် ပြောရင်တဲ့ ပြောတဲ့လူတွေဟာ ဟတ်လိုင်နာ (အမာဂိုဏ်း / သဘောထားတင်းမာသော အုပ်စု) တွေပဲ ဆိုတော့ သူတို့က ဘာတွေလဲ မသိဘူး ဟတ်လိုင်နာဆိုတဲ့ လူတွေကို ထောက်ပြစမ်းပါ ဘယ်နားမှာလဲ . . .

 နေပြည်တော်၊ အောက်တိုဘာ ၃

နေပြည်တော်တွင် ကျင်းပသော  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပုသိမ် မဲဆန္ဒနယ်မှ ဦးဝင်းမြင့်က ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သမ္မတ ကိစ္စကို မေးမြန်း ဆွေးနွေးခဲ့ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က လွှတ်တော်သို့ လာရောက်၍ ရှင်းပြခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ သတင်းနှင့် ပတ်သက်၍ ကျိုက်လတ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဝင်းက ““ပုသိမ်ဦးဝင်းမြင့်က မေးတဲ့ဟာ နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု ၀န်ကြီး အချို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ တရားဝင် ဆောင်ရွက် ပြီးစီးခြင်း ရှိ၊ မရှိဆိုတာ မေးတာ။ ဒါကို သမ္မတ ရုံးကနေ ဖြေတယ်။ တရားဝင် ဆောင်ရွက် ပြီးစီးပြီပေါ့။ ဦးစိုးမောင် လာဖြေတယ်။ သူတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီပေါ့လေ ၀န်ကြီးတွေရော၊ သမ္မတရော ပါတီကနေ ထွက်လိုက်ပြီ ဆိုတဲ့ အကြောင်းလေ။ ထပ်မေးတာက သံတော်ဆင့်မှာ ပါခဲ့တယ်ပေါ့။ ဗဟိုအတိုင်ပင်ခံက နေပြောတယ်ပေါ့။ ဒါကလည်း ဂျာနယ်မှာ ပါပေမယ့် ဒါနဲ့ ပတ်သက်ပြီးတော့ ဥပဒေအတိုင်း ဆောင်ရွက်ပြီးတဲ့ အကြောင်းကိုလည်း ဥက္ကဋ္ဌအဖြစ် မရှိဘူး ဆိုတဲ့ အတိုင်းအတာကို ဖြေသွားတာပေါ့”” ဟု ပြောသည်။

တကယ့်ပါတီဥက္ကဋ္ဌကြီးမှာ သမ္မတ ဦးသိန်းစိန်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည့် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းက ““သူကတော့ ကိုရွှေမန်းကို လုပ်ငန်းတာဝန်တော့ လွှဲပေးတာပေါ့ဗျ။ ရာထူးကတော့ လောလောဆယ်တော့လည်း တာဝန်လွှဲပြောင်း ယူထားတာတော့ ဖြစ်မှာပေါ့။ တာဝန်ရော၊ လုပ်ငန်းရော တကယ့် လက်တွေ့ အကောင်အထည် ဖော်တာရော ဥက္ကဋ္ဌ တာဝန်တွေ တာဝန်ယူ လုပ်တာတော့ ဦးရွှေမန်းပေါ့။ ဟိုကတော့ အမည်ခံပဲရှိတာပေါ့။  အမည်ခံပဲပေါ့။ တကယ် လက်တွေ့ လုပ်နေတာ၊ အကောင်အထည် ဖော်နေတာ၊ စီမံနေတာ၊ ကွပ်ကဲနေတာကတော့ ဦးရွှေမန်းပေါ့။ သမ္မတကြီးက သမ္မတ ဖြစ်လိုက်တာနဲ့ ဒုဥက္ကဋ္ဌ၊ စီနီယာ အကျဆုံး ဒုဥက္ကဋ္ဌက သူရဦးရွှေမန်းဆိုတော့ ဦးရွှေမန်းကို လွှဲရတော့မှာ ပေါ့။ အခြေခံဥပဒေ အသင်းအဖွဲ့ စည်းမျဉ်းမှာလည်း လွှဲရမယ်ဆိုတော့ လွှဲပေးလိုက်တာပေါ့ သမ္မတကြီးက။ သူက ပါတီလုပ်ငန်း ဆောင်ရွက်လို့မှ မရဘဲကိုး။ အဲဒါကြောင့် သူက ပေးလိုက်တာ။ ဦးရွှေမန်းက လက်ရှိ မှာကတော့ တကယ်တမ်း အလုပ်လုပ်နေတာ ဦးရွှေမန်းပေါ့။ ဥက္ကဋ္ဌရဲ့ တာဝန်ဝတ္တရားတွေကို အပြည့်အ၀ ထမ်းဆောင် နေတာကတော့ ဦးရွှေမန်းပေါ့””ဟု အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်း မြန်မာသံတော်ဆင့် ဆက်သွယ် မေးမြန်းချက်ကို ဖြေကြားသည်။ ၂၀၁၅ တွင် သမ္မတ ဦးသိန်းစိန် ပါတီဥက္ကဋ္ဌ တာဝန်ကို ပြန်လည် ထမ်းဆောင်ခြင်း ပြုနိုင်၊ မပြုနိုင်နှင့် ပတ်သက်၍လည်း

““အဲဒါတော့ မပြောနိုင်သေးဘူး။ အဲဒါကျတော့ ဘယ်လိုလုပ်ပြောမလဲ။ အသက်အရွယ် အရရယ်၊ သမ္မတ အငြိမ်းစားအနေနဲ့ ဖြစ်သွားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ သမ္မတ ပြန်ရွေးချင်လည်း ရွေးမှာပေါ့”” ဟု ဦးအောင်သောင်းက ပြန်လည် ဖြေကြားသည်။

ကြံ့ခိုင်ရေးပါတီနှင့်  အစိုးရ အဖွဲ့ဝင်များအပေါ် သြဇာကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဦးအောင်သောင်း အနေဖြင့် လတ်တလော သတင်းစာမျက်နှာများတွင် ကြံ့ခိုင်ရေးပါတီမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းပြော ကြားချက်များအား သဘောထားေ ပးပါရန် မြန်မာသံတော်ဆင့်က မေးမြန်းခဲ့ရာ ““ပြောလို့ရပါတယ်။ သုံးသပ်လို့ ရပါတယ်။ ကျွန်တော် ကြားဖူးတာကတော့ ဂေါတမမြတ်စွာဘုရားက ဟောကြားတဲ့ တရားဟာ မှားတယ် ဆိုတာ မရှိဘူးတဲ့။ အဲဒီဂေါတမ မြတ်စွာဘုရား တရားတော်ကို …မှားတယ်လို့ပြောရင် ဒါဟာ အယူဝါဒစွဲတွေ၊ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်တာပေါ့။ ကျွန်တော့်ဘ၀မှာတော့ အဲလိုပဲ ကြားဖူးတယ်။ ကျန်တဲ့လူတွေမှာ ကတော့ လူပုဂ္ဂိုလ်တွေ မှာကတော့ အဲလိုပြောလို့ ဒီလိုဖြစ်တယ်ဆို တာကတော့ ကျွန်တော်ကတော့ ခုမှပဲ ကြားဖူးတယ်။

ကျွန်တော် (ဦးစိုးသိမ်း) ရယ်၊ ဦးအောင်မင်းရယ်၊ ဦးခင်ရီရယ် ပြောရင်တဲ့ ပြောတဲ့ လူတွေဟာ ဟတ်လိုင်နာ တွေပဲဆိုတော့ သူတို့က ဘာတွေလဲ မသိဘူး။ ဟတ်လိုင်နာဆိုတဲ့ လူတွေကို ထောက်ပြစမ်းပါ ဘယ်နားမှာလဲ။ ဘာလို့ ဟတ်လိုင်နာလို့ ခေါ်လဲ။ ဘယ်သူတွေက ဟတ်လိုင်နာတွေလဲ နည်းနည်းလေး ဖော်ပြစမ်းပါလို့။ ဒါပေမဲ့ တစ်ယောက်က ပြန်ရေးထားတယ် မဟုတ်လား”” ဟု ၄င်း၏ သဘောထားကို ဦးအောင်သောင်းက ဟက် ဟက်ပက်ပက် ရယ်မောလျက် ပြောကြားခဲ့သည်။
ပါတီ၏ စည်းရုံးရေး မူဝါဒကိုင် ခေါင်းဆောင်တစ်ဦး အနေဖြင့် ဦးစိုးသိမ်း အပါအ၀င် ကြံ့ခိုင်ရေး ၀န်ကြီးများအား ပါတီ၏ စည်းရုံးရေး မူဝါဒကို သီးသန့်သင်ကြား ပို့ချပေးခဲ့ခြင်း မပြုခဲ့ကြောင်းလည်း ဦးအောင်သောင်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့