လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းဧရိယာနှင့် မလွတ်ကင်သည်ဟု ဆိုကာ သိမ်းယူထားသော မြေယာများကို 30-9-2013 နေ့တွင်နောက်ဆုံး ထုတ်ယူရန် ကြေငြာချက်တစ်ရပ်ထုတ်ပြန်ပြီး 30-9-2013 နေ့ မြေယာ လျှော်ကြေးထုတ်ယူသူများအား ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေး ဦးကျော်သောင်း မှ CDMA-800 တယ်လီဖုန်းများအား မဲအနှိုက်လွတ် ချပေးခဲ့ကြောင်း ဆည်တဲရွာဟောင်းနေ ယာမြေပိုင်ရှင်များထံမှသိရသည်။"အခုလိုလုပ်တာက လုံးဝမကောင်းပါဘူး။ နိုင်ငံတော်က အများပြည်သူ တွေကို ခွဲတမ်းစနစ်နဲ့ပေးနေတဲ့အချိန်မှာ ကုမ္ပဏီတစ်ခုရဲ့ ရပ်တည်မှု အတွက် အလွဲသုံးစားလုပ်ရာရောက်ပါတယ်။ ဖုန်းလိုချင်တဲ့ ပြည်သူတွေ အများကြီးပါ။ အများပြည်သူနစ်နာချင်နစ်နာ ငါတို့နဲ့ နီးစပ်တဲ့ ကုမ္ပဏီ ကောင်းစားရင်ပြီးရော ဒါငါ့လုပ်ပိုင်ခွင့် ငါလုပ်ချင်သလိုလုပ်လို့ ရတယ်ဆိုပြီးလုပ်တာဟာ ဥပဒေနဲ့မညီညွတ်သလို ပြည်သူတွေကို စော်ကား ရာလည်းရောက်တယ်လို့ " ဆားလင်းကြီးမြို့မှ ပြည်သူများကပြောပါတယ်။
30-9-2013 နေ့တွင် မြေယာလျှော်ကြေးထုတ်ယူသူ ညနေ(၅)နာရီ အချိန်ထိ (၅)ဦးသာရှိခဲ့ပြီး ညပိုင်းဆက်လက်ထုတ်ပေးရာ (၃၈)ဧက နီးပါး ထုတ်ပေးခဲ့သည်။
မြေယာဧက(၆၄၉၀.၈၈)ကို လျှော်ကြေးငွေ (၇)ဘီလီယံ ပေးလျှော်ရမည် ဖြစ်ပြီး နောက်ဆုံးသတ်မှတ်ရက်အထိ မြေယာဧက(၃၂၀၀)ခန့်သာထုတ် ယူပြီး လျှော်ကြေးငွေမှာ (၃.၃)ဘီလီယံခန့်သာရှိပြီး မြေယာလျှော်ကြေး ထုတ်ယူမှုမှာ တစ်ဝက်မရှိသေးစော်လည်း မြေယာလျှော်ကြေးကော်မတီ အနေဖြင့် ၅၁% ထက်ဝက်ကျော် ထုတ်ယူပြီးကြောင်း စာရင်းလိမ်ပြီး မီဒီယာတစ်ချို့ကို ထုတ်ပြန်ပြောကြားခဲ့တယ်လို့ လက်ပန်းတောင်းဒေသခံ များက ပြောဆိုလိုက်ပါတယ်။
No comments:
Post a Comment