Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 September 2013

» ဥပုသ်သည်များ ကြာဇံချက်အလှူကနေ လူ၁၅၀ကျော် အစာအဆိပ်သင့်





 ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယား ကျေးရွာ အုပ်စု လိန်ကုန်းကျေးရွာက သိဒ္ဓိမင်္ဂလာကျောင်းတိုက်မှာ ဥပုသ်သီလ ဆောက်တည်သူတွေကို စက်တင်ဘာ ၄ ရက်က ကြက်သားကြာဇံချက်နဲ့ လှူဒါန်းကျွေးမွေးရာ စားသုံးသူ ဒေသခံ (၁၅ဝ) ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပါတယ်။

ဒူးယားတိုက်နယ်ဆေးရုံကို စက်တင်ဘာ ၆ ရက် အထိ လူနာ ၁၉ ဦး ရောက်ရှိခဲ့ပြီး အတွင်းလူနာ (၁၂)ဦး၊ ပြင်ပလူနာ (၆)ဦး တက်ရောက်ကုသပေးနေပြီး အသက် (၉ဝ)အရွယ် ဒေါ်အေးသာကို ဟင်္သာတခရိုင်ဆေးရုံဆီ လွှဲပို့ခဲ့ရကြောင်းသိရပါတယ်။ ဒူးယားတိုက်နယ် ဆရာဝန် ဒေါက်တာ ဝေလင်းရှိန် က အစာအဆိပ်သင့်မှု ဖြစ်ကြောင်း အတည်ပြု ပြောကြားပါတယ်။

စတင် ဖြစ်ပွားခဲ့တဲ့ ကျေးရွာ ဘုန်းကြီးကျောင်းမှာလည်း ဒူးယားတိုက်နယ် ကျေးလက်ကျန်းမာရေးဌာနက ကုသပေးခဲ့ရာမှာ လူနာဦးရေ ( ၁၄၄)ဦး ရှိနေပါတယ်။

အစာအဆိပ်သင့်မှုမှာ သိဒ္ဓိမင်္ဂလာကျောင်းတိုက် ကျောင်းထိုင်ဆရာတော်နဲ့ သံဃာတစ်ပါး တို့မှာ ရောဂါလက္ခဏာ ပြသခြင်း မရှိဘဲ ကျန်းမာရေးကောင်းမွန်နေပြီး လာရောက်စားသုံးသူ ဒေသခံကျေးရွာက (၁၅၇)ဦးမှာ မူးဝေ မော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ ဗိုက်အောင့်ခြင်းများ ခံစားကြရပြီး အသက်အငယ်ဆုံး ၃ နှစ်သားကနေ အသက် ၉ဝ အရွယ် အထိ ပါဝင်နေပါတယ်။

အစာအဆိပ်သင့်မှုဖြစ်တဲ့ လူနာတွေကို ဒူးယားတိုက်နယ် ပြည်သူ့ဆေးရုံနဲ့ ကျေးလက် ကျန်းမာရေးဌာနတို့က အနီးကပ် ကုသဆောင်ရွက်ပေးပြီး ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံက အထူးကုဆရာဝန်ကြီးများ ကွင်းဆင်း ကြည့်ရှုကုသပေးသလို ဓါတ်ခွဲကျွမ်းကျင် အဖွဲ့ကလည်း စစ်ဆေးဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့