Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 5 September 2013

ကျောင်းသားအား ဦးနှောက်ထိခိုက်သည်အထိ ကျောင်းအုပ်ဆရာမ အကြိမ်ကြိမ် ရိုက်နှက်

 သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် မန့်ဟိုင်းကျေးရွာရှိ အမကကျောင်းမှ အသက် (၈) နှစ်ရှိ တတိယတန်း ကျောင်းသား တစ်ဦးအား ကျောင်းအုပ်ဆရာမက အကြိမ်ကြိမ်ရိုက်နှက်သဖြင့် ကျောင်းသားဦး နှောက်ထိ ခိုက်သွား ရပါသည်။

ယခုနှစ်ထဲမှာ ဒီကျောင်းသားလေးကိုဆရာမက ၃ ကြိမ် ၃ ခါ ရိုက်နှက်ခဲ့ပါသည်။ ပထမအကြိမ် ရိုက်နှက် စဉ်က လက်နှင့်ခေါင်းတွင် ထိမိသဖြင့်ဆေးရုံတင်လိုက်ရကြောင်း၊ ဒုတိယအကြိမ် ကျောင်းသား၏ နားရွက် အား လက်ဝါးဖြင့် ရိုက်သဖြင့် နားမှ သွေးများထွက်လာကြောင်း၊ ယခုနောက်ဆုံးအကြိမ်တွင်မူ ပြီးခဲ့တဲ့ လ ၂၇ ရက် နေ့က နားရွက်ကို ပေါက်ပြဲ သွေးထွက်သည်အထိ ဆွဲလိမ်ဆုံးမသဖြင့် ကျောင်းသားမှာ ကြောက်လန့်ပြီး စိတ်မနှံ့သကဲ့သို့ ဖြစ်သွားခဲ့ရ ကြောင်း ဆိုပါသည်။

တတိယတန်းကျောင်းသား စိုင်းအွန်မိဏ်း သည် ကျောင်းစာမရ၍ ရိုက်သည်ဟု ဆရာမက ဆိုပါသည်။ အိမ်ကမိဘများနှင့်တိုင်ပြောပါက ဒီထက်ပိုပြီး ရိုက်နှက်ဆုံးမမည် ဟုလည်း ဆရာမက ခြိမ်းခြောက်ကြောင်း အတန်းဖော်များက ပြောပြသည်ဟု အဒေါ်ဖြစ်သူကလည်းပြောပါသည်။

မန့်ဟိုင်းကျေးရွာရှိကျောင်းသားတစ်ဦးကလည်း “ ကျောင်းအုပ်ဆရာမကြီးက သားတို့ကို တစ်လ သောက် ရေသန့်ဖိုး တစ်ယောက် ၅၀၀ ကျပ်ကောက်ခံတယ်ဗျ၊ သားတို့တော့ အဲဒီသောက်ရေသန့်ကို တခါမှ မသောက် ရဘူး၊ အိမ်က ရေကိုပဲ ဗူးနဲ့ထည့်ယူလာတာပါ။ သားတို့ကျောင်းမှာ ကျောင်းသား ၈၄ ဦးရှိပါတယ် ခင်ဗျား ” ဟု ပြောပါသည်။

အဆိုပါကျောင်းသားငယ် စိုင်းအွန်မိဏ်းမှာ မန့်ဟိုင်းကျေးရွာနေ အဘစိုင်းအိုက်အုန်း အမိနန်းလှရင် တို့၏ သားဖြစ်ပြီး ကျောင်းအုပ်ဆရာမကြီးမှာ ဒေါ်နန်းခင်မေသန်းမြတ် ဖြစ်ကြောင်းသိရပါသည်။

ကာယကံရှင်ဆရာမအနေဖြင့် ထိုသို့ ကလေးများအပေါ် ဆက်လက် မကျူးလွန်ပါရန် မိဘဆွေမျိုးများနှင့်အတူ ရွာသူရွာသားများက တောင်းဆိုလိုက်ပါသည်။

ရွာသူရွာသားများ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့