Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 September 2013

ကလောမြို့တွင် ဆိုင်ကယ်များ ရုတ်တရတ်ဖမ်းဆီးခြင်း (ပေးစာ)


-ဒီနေ့ (၇.၉.၂၀၁၃) ညနေ ၇ နာရီနဲ့ ၉ နာရီကြားမှာ ကလောမှာ
ဆိုင်ကယ်ဖမ်းပွဲကြီးတစ်ခုဆင်နွှဲခဲ့ပါတယ်။ ဥပဒေစိုးမိုးရေးအတွက်၊
ယာဉ်အန္တရယ်ကင်းရှင်းရေးအတွက် လုပ်တယ်ဆိုပေမယ့်
တရားမျှတမှုမရှိဘူးဆိုတာကို ကလောမြို့က လူတွေသိကြပါတယ်။
ဆိုင်ကယ်တွေဖမ်းနေတယ်ကြားတော့ ဘယ်လိုဖမ်းတာလဲဆိုတာကို အသေအချာသိချင်လို့
ဖမ်းနေတဲ့နေရာကိုလာပြီး စောင့်ကြည့်ကြသူတွေလည်း အများအပြားပါပဲ။
အားလုံးလည်းမြင်ကြမှာပါ ….။ ယာဉ်ထိန်းရဲအင်အားနဲ့ အရံမီးသတ် စုစုပေါင်း ၈
ယောက်လောက် ပိတ်ဖမ်းနေပေမဲ့ မမြင်ချင်ယောင်ဆောင်ပြီးလွှတ်ပေးလိုက်တဲ့ ၃
ယောက်စီးတဲ့ ဆိုင်ကယ်တွေ… နံပါတ်မပါတဲ့ဆိုင်ကယ်တွေ …. ဦးထုပ် မဆောင်းတဲ့
ဆိုင်ကယ်သမားတွေ ….အများကြီးပါပဲ။

-ဦးထုပ် မဆောင်းထားတဲ့ မီးသတ်သမား၊ ဆိုင်ကယ်ဦးထုပ်လည်းမဆောင်း
နံပါတ်လည်းမပါတဲ့ အရပ်ဝတ်ရဲတွေ၊ ဦးထုပ်လည်းဆောင်းမလာ
လမ်းပြောင်းပြန်လည်းတက်လာတဲ့ တပ်ထိန်းတစ်ယောက်၊ ၃ယောက်စီးပြီး
ယာဉ်ထိန်းရဲတွေ ကြားက အေးအေးဆေးဆေးဖြတ်သွားတဲ့ ဆိုင်ကယ်တွေ… ။ ဒီ ၂
နာရီကျော်ကျော်အတွင်းမှာဖြစ်သွားတဲ့ မမြင်ချင်ယောင်ဆောင်မှုတွေ

-ယာဉ်ထိန်းရဲတွေဆိုင်ကယ်ဖမ်းပုံကတော့ သမရိုးကျပါပဲ…။ ဆိုင်ကယ်ကို
အရှေ့တည့်တည့်က ပိတ်ပြီးတားမယ်။ နောက်ပြီးကျရင် ဆိုင်ကယ်သော့ကို
အရင်ဆွဲဖြုတ်မယ်။ ဆိုင်ကယ်တွေ တန်းစီထားတဲ့နေရာကို တွန်းလာခိုင်းမယ်။
ချလန်ဖြတ်မယ်။ ဖြတ်ထားတဲ့ချလန်တစ်ခုကို ကြည့်ကြည့်တော့ ရက်ချိန်းက ၁၃
ရက်နေ့တဲ့။ ယာဉ်ထိန်းရဲထဲက ၂ ပွင့်တစ်ယောက်ကို မေးကြည့်တော့ တရားရုံးမှာ
ဒါဏ်ငွေဆောင်ရမှာပါတဲ့။ ဥပဒေအတိုင်းလုပ်တာပါတဲ့။ ဒါဏ်ရိုက်တာက
သူတို့အလုပ်မဟုတ်ပါဘူး… တရားရုံးကလုပ်မှာပါတဲ့။ အဲ့ဒါဆိုရင် တနင်္လာနေ့
တရားရုံးဖွင့်ရင် ဆောင်လို့ရတာပဲ ဘာလို့ ၁
ပါတ်လောက်ခွာပြီးချိန်းတာတုန်းလို့မေးတော့…အဲ့ဒါက အပြစ်ပေးတာလေတဲ့။
ခုနပြောတော့ တရားရုံးက အပြစ်ပေးတာ ကိုလုပ်တာဆိုလို့ ပြန်မေးတော့
မျက်ထောင့်နီနဲ့ လှမ်းကြည့်ပါတယ်။

-လိုင်စင်ပါတဲ့ဆိုင်ကယ်တွေ ၀ီးတက်ထားခဲ့လို့ မရဘူးလားလို့မေးတော့ ….
ညီလေး…၀ီးတက်ထားတဲ့ခေတ်က ကုန်သွားပြီ … မရတော့ဘူးလို့ပြန်ပြောပါတယ်။
အဲ့ဒါဆို ကားတွေကိုကျတော့ မီးပွိုင့်ဖြတ်မောင်းတာတို့လိုမျိုး
လမ်းစည်းကမ်းဖောက်ဖျက်တာမျိုးကျတော့ ဘာလို့ ၀ီးတက်တို့ လိုင်စင်တို့
ထားခဲ့လို့ရတာတုန်း လို့မေးတော့လည်း မကျေမနပ်နဲ့ကြည့်တာကိုပဲ
ခံရပြန်ပါတယ်။ စည်းကမ်းဖောက်တာကတော့ စည်းကမ်းဖောက်တာပါပဲ။ ဒါပေမဲ့
မြင်နေတွေ့နေတဲ့ ရဲဝန်ထမ်းတွေကိုက without တွေစီး
ဆိုင်ကယ်ဦးထုပ်မဆောင်းနဲ့ဆိုတော့ ဘယ်လိုနားလည်းပေးရမယ်ဆိုတာ
မသိတော့ပါဘူး။ နောက်ပြီး ချောင်းပြီးအရိုက်ခံရသလိုပါပဲ။ တစ္ကယ္ကို ေ
စတနာရှိရင်ပေါ်တင်လုပ်လို့ရပါတယ်။ တောင်ကြီးမှာဆိုရင် ဆိုင်ကယ်ဦးထုပ်က
ဘယ်အချိန်မှာမဆိုဆောင်းရမယ်ဆိုတဲ့ အသိက လူတိုင်းမှာရှိပါတယ်။
ကလောလိုမြို့ငယ်လေး တစ်ခုမှာကျတော့ ဒီလိုအသိမျိုးဝင်နေအောင်
လုပ်ဆောင်ထားခြင်းမရှိပါဘူး။ ယာဉ်ထိန်းရဲတွေကိုယ်တိုင်ကမှ
ဦးထုပ်မဆောင်းဘဲနဲ့ ငါတို့လည်း ဆောင်းမနေဘူးဆိုတဲ့ အသိမျိုးသာဝင်နေတာပါ။

-ည ၉ နာရီလောက်မှာ ဆိုင်ကယ်တွေကို ရဲစခန်းကိုပြန်သယ်ကြပါတယ်။
ဆက်ပြီးမဖမ်းတော့ပါဘူး။ သတ်မှတ်တဲ့ အစီးရေ (၃၅)စီး ပြည့်သွားပြီလို့
ဆိုပါတယ်။ အဲ့ဒီအချိန်မှာကျတော့ ယာဉ်ထိန်းရဲတွေရှေ့မှာ ဖြတ်သွားနေတဲ့
ဆိုင်ကယ်တွေက ယာဉ်ထိန်းတွေအတွက် လုံးဝသက်ဆိုင်မှုမရှိတော့တဲ့အတိုင်းပါပဲ။
လမ်းပြောင်းပြန်တက်လာလည်း သူတို့နဲ့ မဆိုင်ဘူး … ၃ ယောက်စီးလာလည်း
မဆိုင်ဘူး။ ဘာဖြစ်ဖြစ်မဆိုင်တော့ပါဘူး။ ဥပဒေက
အချိန်အကန့်အသတ်နဲ့ထုတ်ပြန်ထားတာလားလို့ တွေးမိပါတယ်။

-ရဲစခန်းမှာ ဒါဏ်ကြေးဆောင်ပြီး ပြန်ထုတ်လို့ရနိုင်မလားဆိုပြီး
စခန်းကိုလိုက်သွားပါတယ်။ အခုယာဉ်ထိန်းရုံးက စာတိုက်မြောက်ဖက်၊
သိမ်တောင်မုဒ်ဦးက၊ အရင် NLD ရုံးအဟောင်းမှာဖွင့်ထားပါတယ်။
အဲ့ဒီကိုရောက်သွားတဲ့အခါမှာ ခြံဝင်းထဲကနေ ယာဉ်ထိန်းတစ်ယောက်ရဲတစ်ယောက်ရဲ့
ဆဲဆိုနေသံကိုကြားရပါတယ်။ “ငါတို့က ခြံနဲ့ဝင်းနဲ့နေတာကွ…
ဝင်လာတဲ့သူခိုးတွေကို ရိုက်ပြီး အပြင်ဆွဲထုတ်လိုက်၊
ေ+ာက်ဆင့်မရှိဘဲဝင်မလာနဲ့ ….” စသည်ဖြင့်ဆဲဆိုနေပါတယ်။ ရဲစခန်းထဲကိုဝင်တာ
ဘာများအပြစ်ရှိလို့ ဒီလောက်ဆဲဆိုနေရတာတုန်းဆိုတာကိုမေးတော့ … ဒါ
ရဲစခန်းလို့ ဘယ်သူပြောတုန်းလို့ပြန်ပြောပါတယ်။ အစ်ကိုတို့ပြောတော့ ဒါ ..
ယာဉ်ထိန်းရုံးမဟုတ်ဘူးလားလို့မေးတော့ …. ဟုတ်တယ်…….. ဒါပေမဲ့ မင်းတို့
ေ+ာက်လုပ်မရှိဘူး ၀င်လာစရာမလိုဘူးလို့ ပြန်ပြောပါတယ်။


-အခုအဖမ်းခံရသူတွေက စည်းကမ်းမဲ့ပါတယ်။ အပြစ်ရှိပါတယ်။ ခင်ဗျားတို့
ဖမ်းချင်ရင် ဖမ်းပါ။ ပွင့်ပွင့်လင်းလင်းဖမ်းပါ။ လူမသိသူမသိအချိန်
ချောင်းမရိုက်ပါနဲ့။ တရားဥပဒေစိုးမိုးစေချင်ရင်
စိုးမိုးအောင်လုပ်လို့ရပါတယ်။ စေတနာတော့ပါစေချင်တယ်။ အခုဟာက ၉
နာရီလည်းထိုးရော …. ခင်ဗျားတို့ရှေ့က စည်းမဲ့ကမ်းမဲ့ ဖြစ်ချင်သလို
ဖြစ်နေတာတွေကို လျစ်လျူရှုပလိုက်တယ်။ ဖမ်းချင်ရင် တောင်ကြီးလိုမျိုး
အမြဲတမ်းဖမ်းပါ။ နောက်ပြီး ဆိုင်ကယ်တွေကို တစ်ပါတ်သိမ်းထားမယ်ဆိုတာတော့
မလုပ်ပါနဲ့။ တနင်္လာနေ့တရားရုံးကိုတင်ပြီး အင်္ဂါနေ့လောက်ပြန်ထုတ်ပေးလို့ရရင်
ထုတ်ပေးစေချင်ပါတယ်။ ကျွန်တော်တစ်ယောက်အတွက်မဟုတ်ဘူး
အဖမ်းခံရသူတွေအားလုံးအတွက် ပြောတာပါ။ နောက်ပြီး ဒီလူတွေထဲမှာ
ကျန်းမာရေးအရဆိုင်ကယ်ကိုလိုအပ်သူတွေ… စီးပွားရေးအရလိုအပ်သူတွေ …
ဒီဆိုင်ကယ်တွေနဲ့ အလုပ်လုပ်နေတဲ့သူတွေ …. အလွှာပေါင်းစုံပါပါတယ်။
စည်းကမ်းရှိစေချင်ရင် ဒါဏ်ရိုက်ပြီးလွှတ်ပေးလိုက်ပါ။
ကိုယ့်အမှားနဲ့ကိုယ်မို့အားလုံးက ကျေနပ်မှာပါ။ ဒါပေမဲ့ ဆိုင်ကယ်ကို
သိမ်းထားလို့ နစ်နာရတာတွေမရှိအောင်တော့ စဉ်းစားပေးရင်
ခင်ဗျားတို့စေတနာရှိကြောင်း အသိအမှတ်ပြုနိုင်ကြမှာပါ။

-ယာဉ်ထိန်းရဲတွေကပြောပါတယ်…. သူတို့တွေ အချိန်ပြည့် မဖမ်းနိုင်တာက
လူကြီးလမ်းကြောင်းတွေနဲ့ ရှုပ်နေလို့ပါတဲ့။ သူတို့လည်း မအားပါဘူးတဲ့။
အခုလည်း အထက်က စီမံချက်နဲ့ အစီးရေနဲ့ဖမ်းခိုင်းလို့ ဖမ်းတာပါလို့
ဆိုပါတယ်။

-ဒီတစ်ခေါက်ဖမ်းတာမှာ ကျွန်တော် မရှင်းတာက
၁။ ရဲတွေကိုယ်တိုင် စည်းကမ်းမလိုက်နာဘဲနဲ့ ပြည်သူကိုကျတော့ ဘာလို့ဖမ်းတာလဲ။
၂။ ယာဉ်ထိန်းဥပဒေမှာ ဖမ်းချင်တဲ့သူကိုဖမ်းလို့ရပြီး၊ လွှတ်ပေးချင်တဲ့သူကို
မသိချင်ယောင်ဆောင်လွှတ်ပေးလို့ရပါသလား။
၃။ တရားရုံးက ဒါဏ်ရိုက်မှာလို့ပြောပေမဲ့ တရားရုံးကိုတင်တဲ့ရက်ကျတော့
ဘာလို့ (၉)ရက်နေ့၊ တနင်္လာနေ့မဖြစ်ဘဲနဲ့ ၊ (၁၃)ရက်နေ့ေ
သာကြာနေ့ဖြစ်နေရတာလဲ။ လူတွေကို သတ်သတ်မဲ့ နှိပ်စက်နေတာလား။
၎။ လိုင်စင်ရှိတဲ့ဆိုင်ကယ်တွေက ၀ီးတက်ထားခဲ့ပြီး
ချလံယူသွားလို့ရတယ်ဆိုတာ တစ်ကယ်ကို ခေတ်ကုန်သွားပြီလား။
၅။ ယာဉ်ထိန်းရုံးဝင်းထဲကို အပြင်လူဝင်ခွင့်မရှိဘူးလား။ ၀င်လာတဲ့သူကို
ရိုင်းရိုင်းဆိုင်းဆိုင်း ဆဲဆိုခွင့် ယာဉ်ထိန်းရဲတွေမှာ ရှိသလား။
၆။ အချိန်အကန့်အသတ်နဲ့ အကျိုးသက်ရောက်မှုရှိတဲ့ ယာဉ်ထိန်းဥပဒေတစ်မျိုးကို
ကလောမြို့မှာ အသစ်ပြဒါန်း ထားပြီလား။
၇။ ရဲဖြစ်လျှင် without ဆိုင်ကယ် ၊ နံပါတ်ပြားမပါ၊ ဦးထုပ်မဆောင်းဘဲ
မောင်းချင်သလိုမောင်းခွင့်ရှိပါသလား။ (ဓါတ်ပုံမှတ်တမ်းများရှိပါသည်)

ကလောသူ၊ ကလောသားများ ယာဉ်ထိန်းဘေးဒါဏ်မှ ကင်းဝေးကြပါစေ……..

ကလောသားတစ်ဦး ....

by Myanmar News Now




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့