Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 September 2013

ရတနာပုံ ဆိုက်ဘာစီးတီး နှစ်ကျအဖြစ် သတ်မှတ်ခံရသူ (၁၇၈)ဦး စားမေးပွဲ ဖြေဆိုခွင့် ရရန်







 နည်းပညာတက္ကသိုလ်(ရတနာပုံ ဆိုက်ဘာစီးတီး) တွင် ကျောင်းခေါ်ချိန် ရာခိုင်နှုန်းကို  ၆.၉.၂၀၁၃တွင် ထုတ်ပြန် ကြေငြာခဲ့ ရာ ကျောင်းသားပေါင်း ၁၇၈ ယောက် စာမေးပွဲ ဖြေဆိုခွင့် ပိတ်ပင်ခံခဲ့ရသည်။

တစ်နှစ်ပတ်လုံး ကျောင်းခေါ်ချိန် မပြည့်သူများ စာရင်းကို ထုတ်ပြန်ကြေငြာခဲ့ရာတွင် ကျောင်းခေါ်ချိန် မပြည့်သူများမှာ စုစုပေါင်း ၁၇၈ ယောက်ရှိပြီး ထို ကျောင်းသားများအား ယခုနှစ်စာသင်နှစ်တွင် နှစ်ကျအဖြစ် သတ်မှတ်ပြီး စာမေးပွဲဖြေဆိုခွင့် မပြုကျောင်းကိုလည်း တပါးတည်း ထုတ်ပြန်ထားသည်။

အဆိုပါ ကြေငြာချက် ထုတ်ပြန်ပြီးသည့်နောက် ကျောင်းသားတစ်ယောက်မှ စာရင်းထုတ်ပြန်ကြေငြာရာတွင် အခွင့်ထူးခံ လူတန်းစားများ ရှိနေသည်-- ကျောင်းခေါ်ချိန် ထုတ်ပြန်မှုမှာ မှားယွင်းသော တွက်ချက်မှုများ ပါရှိနေသည်ဟုဆိုကာ တစ်ဦးတည်း ကျောင်းရုံးခန်းေ၇ှ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒထုတ်ဖော်ပြီး ခဏအကြာ ကျောင်းတာဝန်ရှိသူများမှ လာရောက်ခေါ်ဆောင်သွားသည်။ ဘေးတွင် ဓာတ်ပုံမှတ်တမ်းတင်နေသော ကျောင်းသားများအားလည်း ခေါ်ဆောင်သွားပါသည်။ ဓာတ်ပုံမှတ်တမ်းများအား ဖျက်ပစ်၍ ကျောင်းမှ ထုတ်ပယ်နိုင်ကြောင်း ကျောင်းတာဝန်ရှိသူများက ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ကျောင်းသားတဦးက Myanmar News Now ကို ပြောပြပါသည်။

\" ကျွန်တော်တို့ ကျောင်းတွေ စဖွင်ကတည်းက ကျောင်းခေါ်ချိန်ကို တစ်ဘာသာခြင်း ကောက်ယူဖို့ ဆိုပြီး သူတို့ တွေ ကြေငြာခဲ့ပါတယ်..... ပြီးတော့ သူတို့ က သူတို့ စည်းကမ်းတည်အောင် မလုပ်နိုင်ပါဘူး ကျောင်းခေါ်ချိန် မပြည့်တာကို လစဉ် မထုတ်ပြန်ပေးနိုင်ပါဘူး....... ၂လတစ်ခါ ၃လတစ်ခါမှ ထုတ်ပြန်ပြီး ချီပြီး တုတ်ပြီးကိုလုပ်တာပါ..... ကျောင်းသားတွေက ကြားကာလတွေမှာ ကျောင်းခေါ်ချိန်ပြည့်တာ မပြည့်တာတွေကို မသိရပါဘူး..... ထုတ်ပီဟေ့လည်း ဆိုရော ဘယ်လို အစားထိုးပြန်တက်လို့ တက်ရမှန်းကို မသိတော့တာ.... ပြီးတော့ ပြောပြောနေသလိုပေါ့ ကျောင်းက ကိစ္စတွေက ပွင့်လင်းမြင်သာမှု မရှိတာတွေ တော်တော် များတယ်...... ကျောင်းသားတွေက မသိမသာတမျိုး သိသိသာသာ တဖုံနဲ့  ကျောင်းကို ဆန့် ကျင်နေတာကြာပါပြီ.... အခုထိတော့ ကျောင်းမှာ ဖွဲ့ စည်းထားတဲ့ ကျောင်းသားသမဂ္ဂရဲ့ လှုပ်ရှားမှုတွေကိုတော့ မတွေ့ ရသေးဘူး \" ဟု ကျောင်းသားတစ်ဦးမှ ပြောဆိုပါသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ကန့် ကွက်သည့် အနေဖြင့်  ထိုနေ့ ညတွင်ပင် ကျောင်းဝင်ပေါက်မှ စ၍ ကျောင်းဝင်း အနှံ Street art  ဖြင့် NO roll call ဆိုသော စာသားအား ရေးဆွဲထားသည်ကို တွေ့ရသည်။။  နောက်နေ့ မနက်တွင် ကျောင်းလုံခြုံရေးများမှ တစ်ခု မကျန် လိုက်လံ ဖျက်ဆီးသွားသည်...။

နည်းပညာတက္ကသိုလ်(ရတနာပုံ ဆိုက်ဘာစီးတီး) ကျောင်းသားများသမဂ္ဂမှ ကျောင်းခေါ်ချိန် မပြည့်၍ စာမေးပွဲဖြေခွင့် မပြုခြင်းကို ကျောင်းသားများက ပြန်လည် ဖြေဆိုခွင့်ရရှိရန် ကြိုစားနေ့ကြောင်းလည်း သိရသည်။ ကျောင်းသားများ စာမေးပွဲ ပြန်လည် ဖြေဆိုခွင့်ရရှိရန် သမ္မတရုံး ၀န်ကြီးဌာနများသို့လည်း စာတင်ရန်ကို ကျောင်းသားများ စုပေါင်းလက်မှတ်ထိုး၍ ဆောင်ရွက်နေကြပြီဖြစ်သည်။

ကျောင်းတွင်ေ၇းဆွဲထားသော ပုံများကို ကျောင်းသားများ၏ Facebook စာမျက်နှာများတွင်  Profile picture များ cover photoများ အဖြစ် တင်ကာ ကျောင်း၏ မှားယွင်းမှုများကို ဆန့်ကျင့်နေကြသည်ကို လည်း တွေ့ ရပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့