Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 18 September 2013

ပြီးခဲ့သည့် ၅ လအတွင်း အကောက်ခွန်မဲ့ တင်သွင်းမှုများ အရေးယူမှု

  အကောက်ခွန် ဦးစီးဌာနမှ ပြည်တွင်းကို ပြည်ပနိုင်ငံ များမှ အကောက်ခွန်မဲ့ တင်သွင်း လာတဲ့ ကုန်ပစ္စည်းများအား ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်
အပါအ၀င်၊ ဆိပ်ကမ်းများနဲ့ နယ်စပ် ၀င်ပေါက် များမှာ စစ်ဆေး ရှာဖွေ ဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်ရဲ့ ပြီးခဲ့တဲ့ ၅ လတာ ကာလ အတွင်း အကောက်ခွန်မဲ့ ကုန်ပစ္စည်း တန်ဖိုး ကျပ်သိန်း ၁ သောင်း ၆ ထောင် ကျော်ဖိုး စစ်ဆေး ရှာဖွေ ဖမ်းဆီး ရမိခဲ့တယ်လို့ အကောက်ခွန် ဦးစီးဌာနမှ ထုတ်ပြန်တဲ့ သတင်းများ အရ သိရပါတယ်။
 
ဒီလို ၅ လတာ ကာလ အတွင်း အကောက်ခွန်မဲ့ ကုန်ပစ္စည်းများအား စစ်ဆေးရှာဖွေ ဖမ်းဆီးရာမှာ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်နဲ့ ဆိပ်ကမ်းများမှ အမှုတွဲပေါင်း ၁၅၁ မှု ဖမ်းဆီးရမိခဲ့ပြီး ခန့်မှန်း တန်ဖိုး အနေနဲ့ ကျပ်သိန်း ၈ ထောင် နီးပါးဖိုး ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နယ်စပ် ၀င်ပေါက်များမှ ဖမ်းဆီးရမိမှု အနေနဲ့ အမှုတွဲ ၁၁၄ မှု ဖမ်းဆီး ရမိခဲ့ပြီး ခန့်မှန်း တန်ဖိုး အနေနဲ့ ကျပ်သိန်း ၈ ထောင် ၅ ရာ နီးပါးဖိုး ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။
 
အဆိုပါ ဖမ်းဆီးရမိမှု များကို အကောက်ခွန် ဦးစီးဌာန အနေနဲ့ အကောက်ခွန် ဥပဒေများ အရ ဆက်လက် အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်သလို စစ်ဆေး ရှာဖွေ အရေးယူမှုများ ကိုလည်း စဉ်ဆက် မပြတ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရ တာဟာ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင် များဟာ ပြည်တွင်းသို့ ကုန်ပစ္စည်းများ တင်သွင်းတဲ့ အခါ သက်ဆိုင်ရာ ဌာနသို့ အခွန်ပေးဆောင်ကာ နိုင်ငံတော် အတွက် အခွန်ရရှိမှု တိုးတက် လာစေဖို့ အတွက် တစ်ဖက် တစ်လမ်းမှ ဆောင်ရွက်မှု တစ်ခုသာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့